ပြည်တွင်း၌ ငွေပေးချေသုံးစွဲမှုများအား ကျပ်ငွေဖြင့်သာ သုံးစွဲရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဗဟိုဘဏ်မှ ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊နေပြည်တော်၊ရန်ကုန်၊မန္တလေးစည်ပင်ကော်မတီများအားပြည်တွင်း၌ပေးချေမှုများပြုလုပ်ရာတွင်ကျပ်ငွေဖြင့်သာအသုံးပြုပေးချေရန်လိုက်နာရမည့်အချက်များအားထုတ်ပြန်ကြေညာခဲ့သည်။




ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ နိုင်ငံအတွင်းရောင်းချဝယ်ယူသည့်ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအ တွက် ကျသင့်ငွေအား နိုင်ငံခြားသုံးငွေဖြင့်ရယူပေးချေခြင်းကြောင့်ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကျယ်ပြန့်စွာအသုံးပြုမှုဖြစ်စေကာနိုင်ငံခြားငွေလိုအပ်ချက်မြင့်မားလာခြင်းအပြင်




နိုင်ငံခြား ငွေလဲလှယ်နှုန်း(Exchange Rate)မတည်ငြိမ်မှုဖြစ်ပေါ်စေသည်ဟု ရေးသားထားသည်။ထို့ကြောင့်ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်အ စိုးရအဖွဲ့အစည်းများသည်၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ဆက်စပ်ဆောင်ရွက်လျက်ရှိသည့်အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများ၊




အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများဝယ်ယူရောင်းချခြင်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပေးချေရာ၌ ကျပ်ငွေဖြင့်သာဆောင်ရွက်ရန်ထုတ်ပြန်ခဲ့သည်။ထိုသို့ ပြုလုပ်ရမည်အားထပ်ဆင့်ညွှန်ကြားရန် ဗဟိုဘဏ်မှအကြောင်းကြားပြီးဖြစ်ကြောင်းထုတ်ပြန်ချက်၌ရေးသားထားသည်။
ထို့ပြင် ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ နောက်ဆက်တွဲထုတ်ပြန်ခဲ့သည့် ကင်းလွတ်ခွင့်ပြုသည့်ကိစ္စရများမှအပ ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှနိုင်ငံခြားသုံးငွေဖြင့်ရရှိသည့်ဝင်ငွေများအားမြန်မာနိုင်ငံသို့ပြန်လည်ပေးပို့ပြီးနိုင်ငံခြားသုံးငွေများရောင်းဝယ်သည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များတွင်




နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ရောင်းချရမည်ဟု ဗဟိုဘဏ်မှထုတ်ပြန်ကြေညာခဲ့သည်။ထို့ကြောင့် ပြည်တွင်း၌သုံးစွဲပေးချေမှုများအား ကျပ်ငွေဖြင့်သာ မဖြစ်မနေသုံးစွဲရမည်ဖြစ်ကာလက်ရှိအခြေအနေ၌ ဟိုတယ်များ၊စားသောက်ဆိုင်အချို့၊ပြည်တွင်းတွင်လာရောက်ဖွင့်လှစ်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊
နိုင်ငံခြား သားများအား ပြည်တွင်း၌နေရာထိုင်ခင်းငှားရမ်းမှုများ၊အမှတ်တရပစ္စည်းဆိုင်များတွင်ကျပ်ငွေအစားနိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)ဖြင့်ပေးချေဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ချက်၌ရေးသားထားသည်။




အလားတူ ဝန်ကြီးဌာနအသီးသီးအောက်ရှိလုပ်ငန်းများအဖွဲ့အစည်းများမှလည်း ၎င်းတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများ(ဥပမာ- မြေငှားရမ်းခြင်း၊အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊ဖက်စပ်လုပ်ငန်းများမှရရှိငွေများ)အား နိုင်ငံခြားငွေဖြင့်လက်ခံဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည်ဟုထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် ဗဟိုဘဏ်၏ရည်ညွှန်းချက်ပါစာများဖြင့်ထုတ်ပြန်ခဲ့သည့် ပြည်တွင်း၌ကျပ်ငွေဖြင့်သာ ပေးချေဆောင်ရွက်ရန်နှင့်ဗဟိုဘဏ်မှ ဧပြီ ၃ ရက်တွင်ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ တို့အရ ပြည်တွင်း၌သုံးစွဲပေးချေမှုများအားကျပ်ငွေဖြင့်သာဆောင်ရွက်ရန် ထုတ်ပြန်ချက်၌ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်အား ဝန်ကြီးဌာနများတိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးမြို့တော်စည်ပင်ကော် မတီများအနေဖြင့် လက်အောက်ခံအဖွဲ့အစည်းများအား ထပ်ဆင့်ညွှန်ကြားကာညွှန်ကြားပြီးကြောင်းအားဗဟိုဘဏ်သို့ပြန်ကြားပေးရန်အသိပေးထုတ်ပြန်ခဲ့သည်။
