ဒေါ်လာစျေးတည်ငြိမ်မှုရှိတယ်ဆိုတဲ့ဗဟိုဘဏ်ထုတ်ပြန်ချက်နှင့်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြင်ပဒေါ်လာစျေးကွက်

ယခုမေလလယ်တွင်ဒေါ်လာစျေးတည်ငြိမ်မှုရှိခဲ့လို့ ဗဟိုဘဏ်ထုတ်ပြန်ချက် စာရွက်ပေါ်မှာပဲရှိပြီး ပြင်ပစျေးကွက်တွင် အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၁၀၀ နီးပါးထိမြင့်တက်ခဲ့ကြောင်းငွေကြေးဈေးကွက်အရောင်းအဝယ်လုပ်ငန်းရှင်တွေကပြောပါတယ်။




ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရက်အလိုက်ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်ချက်အရ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့်တည်ငြိမ်နေခဲ့သည်ဟုဆိုသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာကို ငွေကျပ် ၂၁၀၀ နီးပါးအထိ မြင့်တက်ခဲ့ကြောင်းသိရပါတယ်။




လက်ရှိ ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးလဲလှယ်သည့်စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၂၀၄၅ ကျပ် မှ ၂၁၀၀ နီးပါးအထိမြင့်တက်နေခြင်းဖြစ်ပြီးမေလ ၁၂ရက်၊ ၁၃ ရက်တို့တွင်အမေရိကန်တစ်ဒေါ်လာကို ၂၀၄၅ ကျပ်၊ မေလ ၁၆ရက်နှင့်၁၇ ရက်တို့တွင်ငွေကျပ် ၂၀၅၀၊ မေလ ၁၈ ရက်တွင် ၂၀၅၅ ကျပ်ရှိခဲ့ကြောင်းသိရပါတယ်။
ဗဟိုဘဏ်ဘက်ကလည်း ပြည်တွင်းငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်အတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပြီး ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့်




အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် ယခင်ရက်ရှည် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကိုနှိုင်းယှဉ်ခြင်း၊ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသောစည်းမျဉ်းအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင်နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ) ရောင်းချရန်စျေးပြိုင်လေလံကို ဖွင့်လှစ်ပြီး
မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်ရာခိုင်နှုန်းသည် သတ်မှတ်ချက်ထက်ကျော်လျှင်နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)၀ယ်ယူရန်စျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းဆိုပါတယ်။နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်အရန်ငွေကို ဖြည့်တင်းရန်အတွက်လည်း အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား




ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်းဖြစ်ပေါ်ခဲ့သော ပျမ်းမျှ မြန်မာကျပ်ငွေကိုအမေရိကန်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ပြီး မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်မှုသည်သတ်မှတ်ထားသည်ထက်ကျော်လွန်ပါကနိုင်ငံခြားငွေ(ဒေါ်လာ)၀ယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ကြောင်းသိရပါတယ်။
စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသော အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များကတင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ရောင်းချရန်တင်ပြချက်များကို Refinitive လေလံအရောင်းအဝယ်စနစ်ကိုအသုံးပြုပြီး ဗဟိုဘဏ်က၀ယ်ယူရောင်းချခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။




ယနေ့ မေလ ၂၅ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဝန်းကျင်မှာရှိနေပေမယ့် ပြင်ပဒေါ်လာငွေကြေးလဲလှယ်သည့်စျေးကွက်တွင် ငွေကျပ် ၂၀၀၀ ကျော်မှာရှိနေပါတယ်၊၊