ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ကျွတ်ခြင်းမှကာကွယ်ရန် မဖြစ်မနေလိုက်နာသင့်တဲ့အချက်(၇)ချက်

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ကျွတ်ခြင်းမှကာကွယ်ရန် မဖြစ်မနေလိုက်နာသင့်တဲ့အချက်(၇)ချက်

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတစ်ခုစီတိုင်းကို သက်ရောက်မှုရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနှင့်ဟော်မုန်းပြောင်းလဲမှုအမျိုးမျိုးကိုကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။

တစ်ချို့အမျိုးသမီးတွေကဝက်ခြံထွက်တာ၊ တင်းတိတ် ထွတ်တာတွေ ဖြစ်တတ်သလိုအချို့အမျိုးသမီးတွေကျဆံပင်ကျွတ်တာတွေဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဆံပင်ကျွတ်တာကအဖြစ်များပါတယ်။

ဒါကြောင့် အခုပြောပြမယ့်နည်းလမ်းတွေကဆံပင်ကျွတ်တာကိုကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁) ခေါင်းလျှော်ပြီးတိုင်း ခေါင်းလိမ်းဆီလိမ်းပါ။

ဆံပင်တွေကိုခေါင်းလျှော်ပြီးတာနဲ့ဆံပင်မြန်မြန်ခြောက်ဖို့လိုအပ်သလိုသင့်တော်တဲ့ခေါင်းလိမ်းဆီလိမ်းပေးဖို့လဲလိုအပ်ပါတယ်။ဒါမှ မွဲခြောက်ပြီး ဆံပင်ခွနေတာမျိုးမဖြစ်မှာ ဖြစ်ပါတယ်။သံလွင်ဆီ၊ အုန်းဆီ၊ jojoba၊ almond နဲ့ mustard oils တို့ကိုလိမ်းပေးပါ။

ရှားစောင်းလက်ပတ်ကလည်း ဆံသားကျန်းမာရေးကိုအထောက်အကူပြုပါတယ်။သဘာဝအသီးအနှံတွေနဲ့ oil တွေကို အသုံးပြုပြီး ဆံသားပေါင်းတင်တာ မျိုးပြုလုပ်ပေးပါ။ ဆံပင်ကျွတ်တာ သက်သာစေပါတယ်။

(၂) ခေါင်းမလျှော်ခင်ဦးရေပြားကိုနှိပ်နယ်ပေးပါ။

ခေါင်းမလျှော်ခင်းမှာ ဦးရေပြားကို အမြဲ နှိပ်နယ်ပေးပါက သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဦးရေပြား ကျန်းမရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရန် ရေအေးနဲ့ ရေနွေးအစား ရေကို ခပ်နွေးနွေးလေးအသုံးပြု သင့်ပါတယ်။

(၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပါ။

အသီးအနှံများ၊ သစ်သီးများ၊ အခွံမာသီးများမှာအာဟာရဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာဆံပင်ကျွတ်တာကြောင့်မဟုတ်ဘဲကျန်းမာရေးအရကို စားပေးသင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ biotin, zinc ဓာတ်ချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်တာ ပိုဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆရာဝန်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ ထိန်းထားခြင်း၊ ဖြည့်စွတ်စာတွေစားသုံးခြင်းပြုလုပ်ရန် ဆရာဝန်တွေကလည်း အကြံပေးထားကြပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ

စိတ်ဖိစီးမှု များလာရင် ကိုယ်ဝန်ဆောင်မဟုတ်ဘဲရိုးရိုးသာမန်သူတောင်ဆံပင်ကျွတ်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာကိစ္စသေးသေးလေးတွေက အစစိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေလျော့ရန်အတွက်

သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ အလှပြင်ဆိုင်တွင် နှိပ်နယ်ခြင်း၊လမ်းလျှောက်ခြင်းတွေ ပြုလုပ်ပေးပါ။ ဒါဆိုရင် စိတ်ဖိစီးမှုတွေ အတော်လေးကိုလျော့နည်းသွားစေနိုင်ပါတယ်။

(၅) ဆံပင်အရောင်ဆိုးခြင်းကို ရှောင်ပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆံပင်အရောင်းဆိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့သူ မဟုတ်တောင်ဆံပင်ကို မကြာခဏအရောင်ဆိုးခြင်းကဆံပင်တွေကို ကြမ်းတမ်းစေပြီးဆံပင်ကျွတ် စေပါတယ်။ ဆံပင်အရောင်ဆိုးတဲ့အချိန်မှာ ချွတ်ဆေးတွေ အချိန်ကြာကြာထားဖို့လိုအပ်ပါတယ်။ မကြာခဏ အရောင်ဆိုးခြင်၊ ကလည်း ဆံပင်ကို ပျက်စီးစေပါတယ်။

(၆) ဆံပင်ကိုမကြာခဏဖြီးပေးတာမျိုးမလုပ်ပါနဲ့

ဆံပင်ကိုခဏခဏဖြီးပေးရင်ဆံကေသာတောက်ပြောင်လာတယ်လို့ဆိုသူတွေရှိကြပါတယ်။ သို့သော်လည်း ဒါကိုယုံစားပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခေါင်းခဏခဏဖြီးပေးတာမျိုးမလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာအချို့ အာဟာရဓာတ်တွေအားနည်းခြင်း၊

ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းတွေ ဖြစ်နေတဲ့အချိန်မှာ ဆံပင်ကို မကြာခဏ ဖြီးပေးမယ်ဆိုရင် ဆံပင်ကျွတ်တာပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ ဖြီးပေးတာမျိုးမလုပ်ပါနဲ့လို့ အကြံပေးလိုက်ပါတယ်နော်။

(၇) သဘာဝအသီးအနှံများကို အသုံးပြုပြီး ဆံသားကိုပေါင်းတင်ပေးပါ

ကြက်ဥအကာ၊ ပျားရည်၊ သံလွင်ဆီ၊ အုန်းဆီ၊ ထောလပတ်ရွက်နဲ့ အိုမီဂါ(၃)ပါဝင်တဲ့ အသီးအနှံတွေကို အသုံးပြုပြီး ဆံသားကို ပေါင်းတင်ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းလေးတွေ လိုက်နာမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ဆံပင်ကျွတ်ခြင်းတွေ သက်သာစေမှာပါနော်။

Ref: Prevent Hair Fall During Pregnancy

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *