ပင်လယ်ပြင်ထွက်ပြီးလုပ်ရတဲ့ ရေလုပ်သားများအတွက် ပင်လယ်ပြင်ခရီး မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ထွက်ပြီးလုပ်ရတဲ့ ရေလုပ်သားများအတွက် ပင်လယ်ပြင်ခရီး မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ မေလ (၂၅)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာ၏ထုတ်ပြန်ချက်အရကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်လို့ခန့်မှန်းထားပါတယ်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက်ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်အရ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ− (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ− အနောက်(သို့) အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ− လှိုင်းကြီးမည်။

လှိုင်းအမြင့်− (၉)ပေမှ (၁၃)ပေခန့်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်အရ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ − (၃)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ− တောင်(သို့) အနောက်တောင်၊တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ− လှိုင်းကြီးမည်။

လှိုင်းအမြင့်− (၉)ပေမှ (၁၃)ပေခန့်။

Source မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *