အဆိုတော်အဲလက်စ်ရဲ့သီချင်းများအား ခွင့်ပြုချက်မရှိဘဲ cover song အဖြစ်ပြန်လည်သီဆိုခြင်းများအားခွင့်မပြု

အဆိုတော်အဲလက်စ်ရဲ့သီချင်းများအား ခွင့်ပြုချက်မရှိဘဲ cover song အဖြစ်ပြန်လည်သီဆိုခြင်းများအားခွင့်မပြု

အဆိုတော်အဲလက်စ်ပရိသတ်များမှအဲလက်စ်ရဲ့သီချင်းများကိုခွင့်ပြုချက်မရှိcoverသီချင်းများအဖြစ်ပြန်လည်သီဆိုခြင်းမပြုလုပ်ရန်တောင်းဆိုခဲ့သည်။”ကျွန်တော်တို့ အားပေးနှစ်သက်သော အဆိုတော် ကိုအဲလက်စ်၏ သီချင်းများအား Facebook, Instagram, Tiktok နှင့်

You tube များပေါ်တွင် Commercial ဆန်ဆန် Cover သီချင်းများအဖြစ်ပြန်လည်သီဆိုခြင်း၊သီချင်းများအားခွင့်ပြုချက်မရှိပဲ Lyrics Video ပြုလုပ်ခြင်း၊ Video Clips များတွင်ထည့်သွင်းအသုံးပြုခြင်း၊ယခင်ကရိုက်ကူးထုတ်လွှင့်ပြီးသော Music Video များအားပြန်လည်ကူးယူတင်ပြခြင်းများအားတွေ့ရှိနေရပါသည်။

အထူးအားဖြင့် You tube Channel ပေါ်တွင်ရက်၉၀အတွင်း Copyright Strikes Warning ၃ကြိမ်ရရှိပါကလူကြီးမင်းတို့၏ Account နှင့်အတူသက်ဆိုင်သော You tube Channel ကိုTerminate အလုပ်ခံနိုင်ရပါသောကြောင့်

ကိုအဲလက်စ်၏ သီချင်းနှင့်သီချင်းဗီဒီယိုများအား ခွင့်ပြုချက်မရှိပဲအသုံးမပြုကြပါရန် ပန်ကြားအပ်ပါသည်။ကိုအဲလက်စ်ကို ချစ်ခင်အားပေးလို့ ဝါသနာအရ ကိုယ်တိုင်တီးခတ်သီဆိုကြသောသီချင်းချစ်သူပရိသတ်များအတွက်ယခုပိုစ့်သည်မသက်ဆိုင်ပါ။

အားပေးတဲ့အတွက် ရင်ထဲမှာ အမြဲရှိနေမှာပါ”ဟုရေးသားခဲ့သည်။cover song နဲ့ပတ်သတ်ပြီး အဆိုတော် စိုင်းထီဆိုင်ရေးသားထားသောသီးချင်းများနှင့် အဆိုတော်အဲလတ်စ် သီးချင်းနှင့် ဗီဒီယိုများအား ခွင့်ပြုချက်ပေးမှသီဆိုခွင့်ရမှာပဲဖြစ်ပါတယ်။

source-Min Thura Aung sings Alex Cover Songs

unicode








Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *