မန္တလေးမြို့သို့ဆိုက်ရောက်မည့် တရုတ်−မြန်မာ အပြည်ပြည်ဆိုင်ရာမီးရထားလမ်းကြောင်းသစ် စတင်ပြေးဆွဲ

တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာမီးရထားသည် ချုံချင့်-လင်ဆောင်း-မြန်မာ ရထားလမ်းကြောင်းသစ်ကို တရားဝင်ပြေးဆွဲနေပြီဖြစ်တယ်လို့ တရုတ်သံရုံးကထုတ်ပြန်လိုက်ပါတယ်။တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာမီးရထားသည်တရုတ်ပြည်ချုံချင့်မြို့ကိုယွမ်ကိတ်ယွီဇွေဘူတာရုံမှထွက်ခွာခဲ့ပြီး




ရထားလမ်းကြောင်းသစ်ဖြစ်တဲ့ တရုတ်− မြန်မာ(ချုံချင့်-လင်ဆောင်း-မြန်မာ)ကိုမေလ ၂၃ရက်နေ့ကဖွင့်လှစ်လိုက်တာဖြစ်ပြီးလက်ရှိတွင်အပြည်ပြည်ဆိုင်ရာမီးရထားသည်ယူနန်ပြည်နယ်လင်ဆောင်းနယ်စပ်စခန်းကနေ မြန်မာနိုင်ငံသို့ထွက်ခွာသွားမှာဖြစ်ပြီး
၁၅ရက်ကြာပြီးနောက်မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ ရောက်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါရထားသည်စက်ယန္တရားများ၊အီလက်ထရွန်နစ်စက်ကိရိယာများ၊မော်တော်ဆိုင်ကယ်စက်ကိရိယာများနဲ့




အခြားကုန်ပစ္စည်းများအပါအဝင် TEU(Transmission Extension Unit)60 ခုသယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။
unicode
