သဲမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း တစ်ချို့အား သတိပေးချက်ထုတ်ပြန်

သဲမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း တစ်ချို့အား သတိပေးချက်ထုတ်ပြန်

ကြိုတင်ခန့်မှန်းထားခြင်းမရှိတဲ့သဲမုန်တိုင်းလှိုင်းဟာအရှေ့အလယ်ပိုင်းဒေသအချို့ကိုမနေ့ကတိုက်ခတ်လာခဲ့တာကြောင့် အဲဒီဒေသတွေမှာ သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။သဲမုန်တိုင်းဟာအီရတ်၊ ဆီးရီးယားနဲ့အီရန်နိုင်ငံတွေအပါအဝင် အရှေ့အလယ်ပိုင်းဒေသတွေမှာတိုက်ခတ်တာဖြစ်ပြီး၊

လူပေါင်းရာနဲ့ချီ ဆေးရုံတင်ထားရသလို၊လေကြောင်းခရီးစဉ်တွေလဲ ရာနဲ့ချီပြီးရွှေ့ဆိုင်းထားရပါတယ်။ရာသီဥတုပြောင်းလဲနေမှုအပေါ်အုပ်ချုပ်သူအစိုးရတွေရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ ကျွမ်းကျင်သူပညာရှင်တွေက ပြစ်တင်ဝေဖန်ကြပါတယ်။

အဲဒီသဲမုန်တိုင်းဟာတနင်္လာနေ့မှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပြီး၊ မုန်တိုင်းလမ်းကြောင်းက ဒေသတွေမှာ သဲမှုန်တွေဖုံးလွှမ်းခဲ့ပါတယ်။ပုံမှန်သဘာဝအတိုင်းဆိုရင် နွေဦးပေါက်နဲ့နွေရာသီတွေမှာပဲသဲမုန်တိုင်းတိုက်ခတ်လေ့ရှိတာဖြစ်ပေမယ့်

ဒီနှစ်မှာတော့ အီရတ်နိုင်ငံမှာ မတ်လကစပြီး ရက်သတ္တပတ်တိုင်းနီးပါး သဲမုန်တိုင်းတိုက်ခတ်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂ လအတွင်းသဲမုန်တိုင်း၁ဝကြိမ်လောက်တိုက်ခတ်တာကိုအီရတ်မှာကြုံခဲ့ရပြီး၊

အဲဒီမုန်တိုင်းတိုက်ခတ်တဲ့ နေ့တွေကိုအစိုးရကအများပြည်သူ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးကာ ပြည်သူတွေ အိမ်ထဲမှာပဲနေကြဖို့ကိုလဲတိုက်တွန်းခဲ့ပါတယ်။

crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *