မင်းသမီး Song Hye Kyo နဲ့ ကွာရှင်းပြတ်စဲပြီးမှ ပိုပျော်ရွှင်လာ တယ်ဆိုတဲ့ Song Joong Ki

မင်းသမီး Song Hye Kyo နဲ့ ကွာရှင်းပြတ်စဲပြီးမှ ပိုပျော်ရွှင်လာ တယ်ဆိုတဲ့ Song Joong Ki

တောင်ကိုးရီးယား နာမည်ကြီးမင်းသမီး Song Hye Kyo နဲ့ ကွာရှင်းပြတ်စဲပြီး ၃ နှစ်အကြာမှာတော့ ချိန်းတွေ့တဲ့ သတင်းတွေများစွာထွက်ခဲ့ဖူးတဲ့မင်းသား Song Joong Ki က သူရဲ့တွဲဖက်သရုပ်ဆောင်တွေအပေါ်ချစ်ခင်မှုတွေအကြောင်းကိုလွတ်လပ်စွာဖွင့်ဟပြောပြလာခဲ့ပါတယ်။

Kbizoom သတင်းရဲ့ ရေးသားဖော်ပြချက်အရမင်းသားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကအိမ်ထောင်ရေးကွာရှင်းပြတ်စဲရာမှအတော်လေးကောင်းမွန်လာပုံရတယ်လို့သိရပါတယ်။ နာမည်ကြီး ကြယ်ပွင့်နှစ်ဦးရဲ့ အချစ်ရေးနဲ့ လက်ထပ်ထိမ်းမြားပြီးတဲ့နောက်

မကြာခင်မှာပဲအိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြတယ်ဆိုတဲ့သတင်းကအာရှတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ရာစုရဲ့ မင်္ဂလာပွဲလို့တောင်ခေါ်ကြတဲ့ Song Joon Ki နဲ့ Song Hey Kyo တို့ရဲ့ပေါင်းစည်းမှုဟာအမည်တွင်ခဲ့ဖူးတဲ့ အိမ်ထောင်ရေးဟာလည်း အဆုံးသတ်သွားခဲ့တာပါပဲ။

မင်းသမီး Song Hey Kyo ဘက်ကတော့ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း သူမရဲ့ ဘဝအများစုကို လျို့ဝှက်ထားပေမယ့် မင်းသား Song Joon Ki ကတော့ ပျော်စရာကောင်းတဲ့တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းနေတယ်လို့ အင်တာနက်အသုံးပြုသူတွေကမှတ်ချက် ပေးခဲ့ကြပါတယ်။

အသက်မွေးဝမ်းကြောင်း အလုပ်နဲ့ ချမ်းသာကြွယ်ဝမှုကလည်းပိုပြီးတိုးတက်လာခဲ့ပါတယ်။ပရောဂျက်အသစ်တွေကိုလည်းလုပ်ဆောင်ခြင်းအပြင်ပွဲအခမ်းအနားများစွာရဲ့ ဖိတ်ကြားခြင်းတွေကိုလည်းလက်ခံရရှိခဲ့ပါတယ်။

အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေလည်း အရှိန်အဟုန်မြင့်လာကာ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုကလည်းမြင့်တက်လာနေပါတယ်။ ၂၀၂၁ ခုနှစ်မှာဆိုရင်ဇနီးဟောင်းကိုကျော်လွန်ပြီးဖျော်ဖြေရေးနယ်ပယ်မှာတစ်နှစ်တာအတွင်း ၄ ယောက်မြောက်ဝင်ငွေအများဆုံးရရှိသူဖြစ်လာတယ်လို့သိရပါတယ်။

မင်းသမီး Song Hye Kyo နဲ့ ကွာခြင်းပြတ်စဲပြီးမှ ပိုပျော်ရွှင်လာ တဲ့ဆိုတဲ့ Song Joong Ki







crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *