နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်ရေးသားခဲ့တဲ့ သီချင်းများကိုခွင့်မတောင်းဘဲ အသုံးပြု သီဆိုခွင့်မပြု ကြောင်းသမီးဖြစ်သူမှသတိပေး

ဖခင်ဖြစ်သူ စိုင်းထီးဆိုင်ရေးသားခဲ့တဲ့သီချင်းများကိုခွင့်မတောင်းဘဲအသုံးပြုသီဆိုပါက တရားဥပဒေအရ အရေးယူမည်လို့သမီးဖြစ်သူဆိုင်စံက လူမူကွန်ယက်မှာရေးသားထားပါတယ်။
“ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘောဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)




Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင်ခွင့်မတောင်းပဲအသုံးပြုသီဆိုခွင့်တင်ခွင့်မရှိပါဘူး။တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်။
ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ်။




မှတ်ချက်။ ။ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်။ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ”လို့ စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ ဆိုင်စံက သူမရဲ့ လူမှုကွန်ရက်တွင်ရေးသားထားပါတယ်။




တေးသံရှင်စိုင်းထီးဆိုင်မိသားစု
ႏိုင္ငံေက်ာ္အဆိုေတာ္ စိုင္းထီးဆိုင္ေရးသားခဲ့တဲ့ သီခ်င္းမ်ားကိုခြင့္မေတာင္းဘဲ အသုံးျပဳ သီဆိုခြင့္မျပဳ ေၾကာင္းသမီးျဖစ္သူမွသတိေပး

ဖခင္ျဖစ္သူ စိုင္းထီးဆိုင္ေရးသားခဲ့တဲ့သီခ်င္းမ်ားကိုခြင့္မေတာင္းဘဲအသုံးျပဳသီဆိုပါက တရားဥပေဒအရ အေရးယူမည္လို႔သမီးျဖစ္သူဆိုင္စံက လူမူကြန္ယက္မွာေရးသားထားပါတယ္။
“က်မရဲ႕အေဖ ေတးသံရွင္ စိုင္းထီးဆိုင္ ေရးသားခဲ့ေသာေတးသီခ်င္းမ်ားကို cover song အေနျဖင့္ သီဆိုခြင့္ျပဳမွာမဟုတ္ပါေၾကာင္း (ပရိတ္သတ္မ်ားမွ အေပ်ာ္သေဘာဂစ္တာျဖင့္ျဖစ္ေစ piano ျဖင့္ျဖစ္ေစ ကိုယ္တိုင္တီးဆိုၿပီး facebookတင္ျခင္းမွလြဲ၍ ခြင့္မျပဳပါ)
Studioတြင္ တီးခတ္အသံသြင္း MV, Lyric Video မ်ားျပဳလုပ္ၿပီး Facebook , You Tube,ႏွင့္ အျခား social mediaမ်ားတြင္ခြင့္မေတာင္းပဲအသုံးျပဳသီဆိုခြင့္တင္ခြင့္မရွိပါဘူး။တင္ထားၿပီးသားရွိေနခဲ့ရင္လဲ ျပန္လည္ျဖဳတ္ခ်ေပးပါရွင္။
ဆက္လက္ေတြ႕ရွိေနရမယ္ဆိုရင္ တရားဥပေဒအရအေရးယူမွာျဖစ္ပါတယ္။
မွတ္ခ်က္။ ။ အေဖေရးထားေသာ သီခ်င္းမ်ားကိုသာ သီးသန႔္ရည္႐ြယ္ျခင္းျဖစ္ပါသည္။ဆရာစိုင္းခမ္းလိတ္ႏွင့္ အျခားေတးေရးဆရာမ်ားေရးသားေသာသီခ်င္းမ်ားကို ရည္႐ြယ္ျခင္းမဟုတ္ပါ”လို႔ စိုင္းထီးဆိုင္ရဲ႕ သမီးျဖစ္သူ ဆိုင္စံက သူမရဲ႕ လူမႈကြန္ရက္တြင္ေရးသားထားပါတယ္။
ေတးသံရွင္စိုင္းထီးဆိုင္မိသားစု