စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရရှိသည့် စက်သုံးဆီများအားတစ်လအတွင်းထုတ်ယူခြင်းမရှိပါကခွဲတမ်းတောင်းခံခွင့်ပိတ်မည်ဟုထုတ်ပြန်

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရရှိသည့် စက်သုံးဆီများအားတစ်လအတွင်းထုတ်ယူခြင်းမရှိပါကခွဲတမ်းတောင်းခံခွင့်ပိတ်မည်ဟုထုတ်ပြန်

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ SME စက်သုံးဆီအရောင်းဆိုင်များအား ရောင်းချပေးလျက်ရှိကာဝယ်ယူခွင့်ရရှိသူများအား တစ်လအတွင်းလာရောက်ထုတ်ယူရမည်ဟု MPTA မှအသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ရောင်းချပေးရာတွင် ရန်ကုန်တိုင်း၊မန္တလေး တိုင်းနှင့်နေပြည်တော်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဦးစားပေးအဆင့်အဖြစ် 92 လီတာ ၆၀၀၀ နှင့်ကျန်ရှိသည့်တိုင်းနှင့်ပြည်နယ်များအား ဒုတိယဦးစားပေးအဖြစ် 92 လီတာ ၄၀၀၀ အား အချိုးကျစနစ်ဖြင့် ခွဲဝေပေးရန်

မေ ၂၀ ရက်ကပြုလုပ်သည့် အသေးစားနှင့်အလတ်စားစက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ အစည်းအဝေး၌ဆုံးဖြတ်ခဲ့သည်။ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ်အသီးသီး၌ခွဲတမ်းဖြင့်ဝယ်ယူခွင့်ရရှိသည့်စက်သုံးဆီဆိုင် ၃၂၄ ဆိုင်ရှိကြောင်း MPTA ၏ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ဝယ်ယူရာတွင်စက်သုံးဆီဈေးသတ်မှတ်ချက်သည်မေ ၂၁ ရက်က PPRD မှထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးအတိုင်းဝယ်ယူရမည်ဖြစ်ကာဝယ်ယူခွင့်ရရှိသောစက်သုံးဆီအရောင်းဆိုင်များသည်သက်ဆိုင်ရာစက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်ဆက်သွယ်၍မေ ၂၆ ရက်နောက်ဆုံးထားကာ စက်သုံးဆီဝယ်ယူရန်ငွေသွင်းခြင်း၊

စက်သုံးဆီထုတ်ယူခြင်းများအား သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဟုသိရသည်။အလားတူစက်သုံးဆီများထုတ်ယူရာတွင်လည်း ရောင်းချပေးသည့်ကုမ္ပဏီများအားPPRD မှထုတ်ပေးထားသည့် လိုင်စင်မိတ္တူအားတင်ပြရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်၌ရေးသားထားသည်။

photo crd

ထို့ပြင်ဝယ်ယူခွင့်ရရှိသည့်စက်သုံးဆီအရောင်းဆိုင်များသည်ခွဲတမ်းရရှိသော စက်သုံးဆီများအားထုတ်ယူခြင်းမရှိပါက ခွဲတမ်းတောင်းခံခွင့် ၁ လ ပိတ်ခံရမည်ဟု MPTA မှအသိပေးထုတ်ပြန်ခဲ့သည်။

Unicode

စက္သုံးဆီအေရာင္းဆိုင္မ်ားအေနျဖင့္ ခြဲတမ္းရရွိသည့္ စက္သုံးဆီမ်ားအားတစ္လအတြင္းထုတ္ယူျခင္းမရွိပါကခြဲတမ္းေတာင္းခံခြင့္ပိတ္မည္ဟုထုတ္ျပန္

ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန္႔ျဖဴးေရးအသင္းမွ SME စက္သုံးဆီအေရာင္းဆိုင္မ်ားအား ေရာင္းခ်ေပးလ်က္ရွိကာဝယ္ယူခြင့္ရရွိသူမ်ားအား တစ္လအတြင္းလာေရာက္ထုတ္ယူရမည္ဟု MPTA မွအသိေပးထုတ္ျပန္ခဲ့သည္။

ထိုသို႔ ေရာင္းခ်ေပးရာတြင္ ရန္ကုန္တိုင္း၊မႏၲေလး တိုင္းႏွင့္ေနျပည္ေတာ္တို႔ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားအား ဦးစားေပးအဆင့္အျဖစ္ 92 လီတာ ၆၀၀၀ ႏွင့္က်န္ရွိသည့္တိုင္းႏွင့္ျပည္နယ္မ်ားအား ဒုတိယဦးစားေပးအျဖစ္ 92 လီတာ ၄၀၀၀ အား အခ်ိဳးက်စနစ္ျဖင့္ ခြဲေဝေပးရန္

photo crd

ေမ ၂၀ ရက္ကျပဳလုပ္သည့္ အေသးစားႏွင့္အလတ္စားစက္သုံးဆီဆိုင္လုပ္ငန္းမ်ားေကာ္မတီ အစည္းအေဝး၌ဆုံးျဖတ္ခဲ့သည္။ရန္ကုန္တိုင္းအပါအဝင္တိုင္းႏွင့္ျပည္နယ္အသီးသီး၌ခြဲတမ္းျဖင့္ဝယ္ယူခြင့္ရရွိသည့္စက္သုံးဆီဆိုင္ ၃၂၄ ဆိုင္ရွိေၾကာင္း MPTA ၏ထုတ္ျပန္ခ်က္အရသိရသည္။

ထိုသို႔ဝယ္ယူရာတြင္စက္သုံးဆီေဈးသတ္မွတ္ခ်က္သည္ေမ ၂၁ ရက္က PPRD မွထုတ္ျပန္သည့္ လက္ကားရည္ၫႊန္းေဈးအတိုင္းဝယ္ယူရမည္ျဖစ္ကာဝယ္ယူခြင့္ရရွိေသာစက္သုံးဆီအေရာင္းဆိုင္မ်ားသည္သက္ဆိုင္ရာစက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားႏွင့္ဆက္သြယ္၍ေမ ၂၆ ရက္ေနာက္ဆုံးထားကာ စက္သုံးဆီဝယ္ယူရန္ေငြသြင္းျခင္း၊

စက္သုံးဆီထုတ္ယူျခင္းမ်ားအား သတ္မွတ္ခ်က္အတိုင္း ေဆာင္႐ြက္ရမည္ဟုသိရသည္။အလားတူစက္သုံးဆီမ်ားထုတ္ယူရာတြင္လည္း ေရာင္းခ်ေပးသည့္ကုမၸဏီမ်ားအားPPRD မွထုတ္ေပးထားသည့္ လိုင္စင္မိတၱဴအားတင္ျပရမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္၌ေရးသားထားသည္။

ထို႔ျပင္ဝယ္ယူခြင့္ရရွိသည့္စက္သုံးဆီအေရာင္းဆိုင္မ်ားသည္ခြဲတမ္းရရွိေသာ စက္သုံးဆီမ်ားအားထုတ္ယူျခင္းမရွိပါက ခြဲတမ္းေတာင္းခံခြင့္ ၁ လ ပိတ္ခံရမည္ဟု MPTA မွအသိေပးထုတ္ျပန္ခဲ့သည္။

Facebook Comments Box