မေလ ၂၄ ရက်နေ့နှင့် မေလ ၃၁ ရက်နေ့တို့တွင် ရန်ကုန်မြို့နယ် ၁၁ မြို့နယ်တို့တွင်လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဟုထုတ်ပြန်
မနက်ဖြန် မေလ ၂၄ ရက်နေ့နှင့်မေလ ၃၁ရက်နေ့တို့တွင်နံနက် ၉ နာရီမှနံနက် ၁၁ နာရီအချိန်ထိလျှပ်စစ်ဓာတ်အားပြတ်တောက်မည့် မြို့နယ်များအတွက် YESC မှ အသိပေးထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာ
”လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ JICA ချေးငွေဖြင့် ဆောင်ရွက်သောရန်ကုန်ဓာတ်အားခွဲရုံ(၄)ရုံ၊ (အလုံ၊လှော်ကား၊ ရွာမ၊သာကေတ)အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျှက်ရှိရာသာကေတဓာတ်အားခွဲရုံတွင်တပ်ဆင်ပြီးဖြစ်သော
230/66/11kV,Bank(6), (200)MVA,Transformer ဓာတ်အားလွှတ်နိုင်ရန် လုပ်ငန်းများကို(၂၄.၅.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိနှင့် (၁၆:၀၀)နာရီမှ(၁၈:၀၀)နာရီအထိလည်းကောင်း၊(၃၁.၅.၂၀၂၂ )ရက်နေ့ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိလည်းကောင်း၊သာကေတ (230)kV, Bus အား ယာယီဓာတ်အားပိတ်၍လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သာကေတဓာတ်အားခွဲရုံ၏ (230)kV, Bus Shut Down လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းသာကေတ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ဒဂုံမြောက်၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊တာမွေ၊တောင်ဥက္ကလာ၊ မရမ်းကုန်း၊လှိုင်မြို့နယ်များ၏ရပ်ကွက်နေရာအချို့တို့တွင်ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်းနှင့်
အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် အရန်ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများမှတစ်ဆင့်ဓာတ်အားလှည့်ပေးထားမည်ဖြစ်ကြောင်း” ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။
Source: YESC
unicode
Source: YESC