ပြည်တွင်းရွှေစျေး ယနေ့အဖွင့်စျေးတင်ပြီး တစ်နာရီအတွင်း စံချိန်တင်အောင်မြင့်တက်သွား
ပြည်တွင်းရွှေစျေး ယနေ့အဖွင့်စျေးတင်ပြီး တစ်နာရီအတွင်း စံချိန်တင်အောင်မြင့်တက်သွား
ယနေ့ မေလ ၂၃ ရက်နေ့တွင်ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးပါ အတက်ဘက်သို့ဦးတည်နေပြီးကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၈၅၄ ဒေါ်လာရှိချိန်တွင် ပြည်တွင်းရွှေစျေးမှာအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် သိန်းနှစ်ဆယ် ငါးသောင်းကျော်ဝန်းကျင်တွင်ရှိနေကြောင်း
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ထံမှသိရပါတယ်။ယနေ့တွင် ကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၈၅၄ ဒေါ်လာ ပေါက်စျေးရှိနေပြီး ပြည်တွင်းရွှေစျေးမှာ စျေးကွက်စဖွင့်ချိန်ယနေ့နံနက်၁၀နာရီတွင် အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၀၄၈၀၀၀ သာရှိခဲ့ရာမှတစ်နာရီကျော်အကြာတွင်
ငွေကျပ် တစ်သောင်းနီးပါးစျေးမြင့်တက်သွားပြီးအခေါက်ရွှေတစ်ကျပ်သားကိုငွေကျပ် ၂၀၅၅၀၀၀ ရှိလာကြောင်း YGEA ကထုတ်ပြန်ပါတယ်။ကမ္ဘာ့ရွှေစျေးသည်လည်းပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ အတက်ဘက်သို့ရောက်ရှိလာပြီး
ပြီးခဲ့သည့်တစ်ပတ်တာအတွင်းတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ၁၈၁ဝဖြင့်စျေးတန်းဖွင့်ခဲ့ပြီး ၁၈၄၉ ဒေါ်လာအထိအမြင့်ဆုံးတက်ခဲ့ကာတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၈၃၆အထိ အနိမ့်ဆုံးပြန်ကျခဲ့ပြီး ၁၈၄၅ ဒေါ်လာဖြင့်စျေးတန်းပိတ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရပါတယ်။
ပြည်တွင်းရွှေစျေးကွက်အတွင်း ကျပ်သိန်းနှစ်ဆယ်အောက် စျေးနှုန်းကျဆင်းမှုသည် ရက်ပိုင်းသာကျမြင့်ခဲ့ပြီး နေ့စဉ်စျေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။လက်ရှိအမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထားများအနေဖြင့်
တစ်ဒေါ်လာကိုသတ်မှတ်ငွေလဲလှယ်နှုန်း ၁၈၅၉ ဒေါ်လာ ခန့်သာ သတ်မှတ်ထားသော်လည်း ပြင်ပငွေကြေးလဲလှယ်သည့်စျေးကွက်အတွင်းတစ်ဒေါ်လာကိုငွေကျပ် ၂၁၀၀ နီးပါးစျေးမြင့်တက်နေခြင်းဖြစ်ပါတယ်။
UNICODE
ပြည်တွင်းရွှေဈေး ယနေ့အဖွင့်ဈေးတင်ပြီး တစ်နာရီအတွင်း စံချိန်တင်အောင်မြင့်တက်သွား
ယနေ့ မေလ ၂၃ ရက်နေ့တွင်ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးပါ အတက်ဘက်သို့ဦးတည်နေပြီးကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၅၄ ဒေါ်လာရှိချိန်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် သိန်းနှစ်ဆယ် ငါးသောင်းကျော်ဝန်းကျင်တွင်ရှိနေကြောင်း
ငွေကျပ် တစ်သောင်းနီးပါးဈေးမြင့်တက်သွားပြီးအခေါက်ရွှေတစ်ကျပ်သားကိုငွေကျပ် ၂၀၅၅၀၀၀ ရှိလာကြောင်း YGEA ကထုတ်ပြန်ပါတယ်။ကမ္ဘာ့ရွှေဈေးသည်လည်းပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ အတက်ဘက်သို့ရောက်ရှိလာပြီး
ပြီးခဲ့သည့်တစ်ပတ်တာအတွင်းတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ၁၈၁ဝဖြင့်ဈေးတန်းဖွင့်ခဲ့ပြီး ၁၈၄၉ ဒေါ်လာအထိအမြင့်ဆုံးတက်ခဲ့ကာတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၈၃၆အထိ အနိမ့်ဆုံးပြန်ကျခဲ့ပြီး ၁၈၄၅ ဒေါ်လာဖြင့်ဈေးတန်းပိတ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရပါတယ်။
တစ်ဒေါ်လာကိုသတ်မှတ်ငွေလဲလှယ်နှုန်း ၁၈၅၉ ဒေါ်လာ ခန့်သာ သတ်မှတ်ထားသော်လည်း ပြင်ပငွေကြေးလဲလှယ်သည့်ဈေးကွက်အတွင်းတစ်ဒေါ်လာကိုငွေကျပ် ၂၁၀၀ နီးပါးဈေးမြင့်တက်နေခြင်းဖြစ်ပါတယ်။
Zawgyi
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *