လာမည့်မေလ ၃၀ ညမှာ များပြားတဲ့ ကြယ်မိုးရွာခြင်းမှ ကြယ်မိုးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်

လာမည့် ၂၀၂၂ ခုနှစ် မေလ ၃၀ ည(၃၁ နံနက်)မှာရာစုနှစ်အတွက် များပြားတဲ့ကြယ်ကြွေခြင်း(ကြယ်မိုးရွာခြင်း)ဖြစ်ပေါ်လာနိုင်ချေတစ်ခုရှိနေပါတယ်။ဟာကျူလီကြယ်တာရာမှကြွေဆင်းမည့် Tau Herculidကြယ်မိုးဟာအခန့်မသင့်လျှင်




၁၉ ရာစုက မြန်မာဘုရင်သီပေါမင်းပါတော်မူစဥ်ကကျဆင်းခဲ့သောကြယ်ကြွေခြင်းပုံစံအတိုင်းတစ်နာရီလျှင်အလုံး ရာ-ထောင်ချီပြီး ကျဆင်းလာနိုင်သလို၊လုံးဝမကျဆင်းခြင်းလည်းဖြစ်လာနိုင်ပါတယ်။ကြယ်ကြွေတယ်ဆိုတာစကြဝဠာအတွင်းကကြယ်တွေကြွေကျပျက်စီးခြင်းမဟုတ်ပါ။




ကျနော်တို့ နေအဖွဲ့အစည်းအတွင်းကနေကိုဗဟိုပြုလှည့်ပတ်နေသောဥက္ကာပျံ၊ကြယ်တံခွန်တို့ရဲ့ပတ်လမ်းမှာကျကျန်ခဲ့သောအမှုန်များရှိရာသို့ကမ္ဘာ ရောက်ရှိလာတဲ့အခါမှာကမ္ဘာ့လေထုနဲ့အဆိုပါကျောက်ခဲမှုန်တို့ပွတ်တိုက်ရာမှပေါ်ထွက်လာတဲ့အလင်းတန်းများဖြစ်ပါတယ်။




ဟာကျူလီကြယ်စုနေရာမှာမြင်ရမည့်ကြယ်ကြွေဆင်းခြင်းများဟာ SW3 လို့ခေါ်တဲ့ 73P/ Schwassmann-Wachmannကြယ်တံခွန်လမ်းကြောင်းမှာကျကျန်ခဲ့တဲ့အမှုန်များဖြစ်ပါတယ်။အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်ကအာကာသပညာရှင်Schwassmann နဲ့ Wachmann တို့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး

နေကို ၅.၄ နှစ်လျှင်တစ်ပါတ်နှုန်းနဲ့လှည့်ပတ်နေပါတယ်။နေနဲ့နီးကပ်စဥ်မှာနေမုန်တိုင်းအပူဒဏ်ကြောင့်အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး၁၉၉၅ ခုနှစ်မှာ ဒီကြယ်တံခွန်ဟာနှစ်ခြမ်းစတင်ကွဲထွက်လာတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။
ထို့နောက်အစိတ်အပိုင်းများဆက်လက်ကွဲထွက်လာခဲ့ပြီးပုံတွင်ပြထားသလို B, G, R, Nအစိတ်အပိုင်း(အကြီး)၄ ခုအထိရှိနေပါပြီ။၂၀၀၆ ခုနှစ်မှာအစိတ်အပိုင်းတစ်ခုကနေအစိတ်ပေါင်း ၆၈ ခုအထိကွဲထွက်သွားခဲ့ပါတယ်။




လာမည့်မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန်အစိတ်အပိုင်းများရဲ့အရှိန်ဟာတစ်နာရီကို မိုင် ၂၂၀ ခန့်ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာကွဲထွက်သွားနိုင်ပြီးကြယ်အလင်းတန်းများစွာကိုမြင်တွေ့ရနိုင်ပါတယ်။တကယ်လို့ထိုအရှိန်ထက်နှေးသွားပါကကြယ်ကြွေခြင်းဖြစ်စဥ်မဖြစ်နိုင်ပါ။

All or none law ဖြစ်တဲ့အတွက်စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါတယ်။၁၈၈၅ ခုနိုဝင်ဘာလ ၂၇ ရက်နေ့သီပေါမင်းပါတော်မူစဥ်မှာအန်ဒရိုမီဒါ ကြယ်တာရာမှကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။
သန့်ဦး အာကာသနှင့်စကြဝဠာသင်ထောက်ကူ)