လျှပ်စစ်ဓါတ်အားသုံးစွဲခများအား Application ဖြင့်အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ပြီ

မန္တလေးမြို့တွင် မေလမှစတင်၍လျှပ်စစ်ဓာတ်အားသုံးစွဲခ မီတာခများအားအွန်လိုင်း application ဖြင့်ပေးဆောင်နိုင်ပြီဖြစ်ကြောင်းသုံးစွဲနေသူများထံမှသိရသည်။အဆိုပါ application အားမန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းနှင့်




Myanmar mobile money service companyတို့ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကာမီတာခဆောင်ရန်အခက်အခဲရှိသူများအလွယ်တကူပေးဆောင်နိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။MMM easy pay application ဖြင့်မီတာခများပေးဆောင်ရာတွင်
ဝန်ဆောင်ခအဖြစ်ငွေကျပ် ၁၀၀သာပေးချေရကြောင်း application အသုံးပြု၍မီတာခပေးဆောင်နေသူများထံမှသိရသည်။”အရင်ကဆိုရင် မီတာခဆောင်ဖို့ တစ်ယောက်ကသွားတန်းစီပြီးသွင်းရတယ်။




အခုကြတော့ ဖုန်းထဲကနေကျသင့်တဲ့မီတာခကိုမပင်မပန်းပဲပေးလို့ရသွားပြီဝန်ဆောင်ခကလည်း ၁၀၀ ပဲပေးရတော့ အချိန်ကုန် လူပင်ပန်းတာထက်ပိုပြီးသက်သာသွားတာပေါ့”မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းကပြောသည်။
အဆိုပါ MMM easy pay application အသုံးပြု ၍ မီတာခများပေးဆောင်နိုင်ရန် လျှပ်စစ်ရုံးဝန်ထမ်းများမှလက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ရှင်းလင်းပြသခြင်းတို့အားပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။




မန္တလေးအပါအဝင် ရန်ကုန်နှင့် နေပြည်တော်တို့တွင်လည်း application အသုံးပြု၍ မီးတာခများပေးနိုင်ပါပြီဟုသိရပါသည်။
Unicode

Zawgyi