ကော်မတီ၏ရည်ညွှန်းစျေးမှာတင် မြင့်တက်သွားတဲ့စက်သုံးဆီနှင့် ယနေ့ပေါက်စျေးနှုန်း

မေလ ၁၄ ရက်နေ့ကပြည်တွင်းစက်သုံးဆီစျေးနှုန်းအနေဖြင့်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထုတ်ပြန်သည့်စျေးမှာတင်ကျပ် ၁၀၀ကျော်မြင့်တက်လာပါတယ်။ရန်ကုန်စျေးကွက်အတွက် 92 Ron တစ်လီတာကို၁၉၉၁ ကျပ်၊ 95 Ron တစ်လီတာကို ၂၀၄၅ ကျပ်နှင့်




HSD(500 ppm) တစ်လီတာကို ၂၁၅၃ ကျပ် ရည်ညွှန်းစျေးများကိုကော်မတီက ထုတ်ပြန်ခဲ့ပီးမေလ ၁၃ ရက်နေ့ထက်ကျပ် ၁၀၀ ကျော်စျေးမြင့်တက်လာတာဖြစ်ပါတယ်။မေလ ၁၃ ရက်နေ့က 92 Ron တစ်လီတာကို ၁၈၉၅ ကျပ်၊ 95 Ron တစ်လီတာကို ၁၉၄၅ ကျပ်နှင့် HSD(500 ppm) တစ်လီတာကို ၂၁၀၁ ကျပ်နှင့်




မေလ ၁၂ ရက်နေ့က 92 Ron တစ်လီတာကို ၁၈၇၈ ကျပ်၊ 95 Ron တစ်လီတာကို ၁၉၂၉ ကျပ်နှင့် HSD(500 ppm) တစ်လီတာကို ၂၁၆၂ ကျပ် သတ်မှတ်ရည်ညွှန်းစျေးများကို ကော်မတီကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါစျေးနှုန်းများသည် MOPS စျေးနှုန်းပေါ်မူတည်ကာ တွက်ချက်ထားတာဖြစ်ပြီး ရည်ညွှန်းစျေးနှုန်းအပေါ်မူတည်ကာ ဆိုင်တွေကရောင်းချရမှာဖြစ်ပြီး စက်သုံးဆီဝယ်ယူရာတွင် စျေးအဆမတန်ပေးပြီး ၀ယ်ရပါကတိုင်ကြားနိုင်ကြောင်းကြေညာထားပါတယ်။




စျေးကွက်အတွင်း မေလ ၁၃ ရက်နေ့ကရန်ကုန်မှာ အောက်တိန်း ၉၂ တစ်လီတာကို ၁၉၉၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၀၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၃၅ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာကို ငွေကျပ် ၂၂၀၅ ကျပ်ရှိရာမှ
မေလ ၁၄ ရက်နေ့မှာအောက်တိန်း ၉၂ တစ်လီတာကို ၂၀၉၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၁၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၈၅ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာကို ငွေကျပ် ၂၂၆၀ ကျပ်စျေးနှုန်းမြင့်တက်လာနေပါတယ်။




ယနေ့မေလ ၁၅ရက်နေ့ အပြင်စက်သုံးဆီစျေးနှုန်းများကတော့ ရန်ကုန်စက်သုံးဆီစျေးနှုန်းမှာ −92 တစ်လီတာကို 2090 ကျပ်၊ 95 တစ်လီတာကို2150 ကျပ်၊ဒီဇယ် တစ်လီတာကို 2260 ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို 2285 ကျပ်ဖြစ်ပါတယ်။
မန္တလေး မြို့၏စက်သုံးဆီစျေးနှုန်းများမှာ − 92 တစ်လီတာကို 2140 ကျပ်၊ 95 တစ်လီတာကို2195 ကျပ်၊ဒီဇယ် တစ်လီတာကို 2305 ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို2335 ကျပ်ဖြစ်ပါတယ်။




နေပြည်တော်ရှိ စက်သုံးဆီစျေးနှုန်းများမှာ −92 တစ်လီတာကို 2130 ကျပ်၊ 95 တစ်လီတာကို2195 ကျပ်၊ဒီဇယ် တစ်လီတာကို 2300 ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို 2330ကျပ်ဖြစ်ပါတယ်။