မကြာမီဖွင့်လှစ်တော့မည့်အခြေခံပညာကျောင်းများ လာမည့်အပတ်တွင်စတင်ကျောင်းအပ်လက်ခံမည်

မကြာမီဖွင့်လှစ်တော့မည့်အခြေခံပညာကျောင်းများ လာမည့်အပတ်တွင်စတင်ကျောင်းအပ်လက်ခံမည်

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနအောက်ရှိအခြေခံပညာကျောင်းများ၌ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက်တက်ရောက်သင် ကြားမည့် ကျောင်းသား၊ကျောင်းသူများအား မေ ၂၆ ရက်မှစတင်၍ ဇွန်၁ ရက်အထိကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ ဇွန် ၁ ရက်မှစတင်ကာ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်ဆရာ၊ဆရာမများအားလုံးနှင့်အရာထမ်း၊အမှုထမ်းများအားလုံးသိရှိလိုက်နာရမည့်အချက်၁၅ ချက်ကိုလည်း

ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။လိုက်နာရမည့်အချက်များတွင် မည်သည့်အခ ကြေးငွေမျှ ကောက်ခံခြင်း၊လက်ခံခြင်းမပြု၊ငွေကြေး၊လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာလက်ခံခြင်းမပြု၊အတန်းတံဆိပ်၊ကျောင်းတံဆိပ်နှင့်အ ခြားမည်သည့်ပစ္စည်းကိုမျှရောင်းချခြင်းမပြုနှင့်အခြား အချက်အလက်များပါဝင်ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် စတင်ပြောင်းလဲသင်ကြားမည့် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်အတန်းများအတွက် ဆရာ၊ဆရာမများအားသင်ရိုးသစ်နှင့်ပတ်သက်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

“ကျောင်းကတော့ မဖြစ်မနေအပ်မယ် တက်လည်းတက်ခိုင်းမယ် ကျွန်မတို့ကလေးတွေကိုပေးနိုင်တဲ့ ပညာအမွေကိုဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ကျောင်းတွေဖွင့်တယ်ဆိုရင်တော့ဖြစ်အောင်ပေးသွားမှာပါ”ဟုကျောင်းသားမိဘတစ်ဦးကပြောသည်။

Unicode

မၾကာမီဖြင့္လွစ္ေတာ့မည့္အေျခခံပညာေက်ာင္းမ်ား လာအပတ္တြင္စတင္ေက်ာင္းအပ္လက္ခံမည္

ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာနေအာက္ရွိအေျခခံပညာေက်ာင္းမ်ား၌ ၂၀၂၂ – ၂၀၂၃ ပညာသင္ႏွစ္အတြက္တက္ေရာက္သင္ ၾကားမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ေမ ၂၆ ရက္မွစတင္၍ ဇြန္၁ ရက္အထိေက်ာင္းအပ္လက္ခံသြားမည္ျဖစ္ေၾကာင္းသိရသည္။

အလားတူ ဇြန္ ၁ ရက္မွစတင္ကာ အေျခခံပညာေက်ာင္းမ်ားအား စတင္ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။ေက်ာင္းအပ္လက္ခံရာတြင္ ေက်ာင္းအုပ္ဆရာ၊ဆရာမမ်ားအားလုံးႏွင့္အရာထမ္း၊အမႈထမ္းမ်ားအားလုံးသိရွိလိုက္နာရမည့္အခ်က္၁၅ ခ်က္ကိုလည္း

ပညာေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ခဲ့သည္။လိုက္နာရမည့္အခ်က္မ်ားတြင္ မည္သည့္အခ ေၾကးေငြမွ် ေကာက္ခံျခင္း၊လက္ခံျခင္းမျပဳ၊ေငြေၾကး၊လက္ေဆာင္ပစၥည္းတစ္စုံတစ္ရာလက္ခံျခင္းမျပဳ၊အတန္းတံဆိပ္၊ေက်ာင္းတံဆိပ္ႏွင့္အ ျခားမည္သည့္ပစၥည္းကိုမွ်ေရာင္းခ်ျခင္းမျပဳႏွင့္အျခား အခ်က္အလက္မ်ားပါဝင္ေၾကာင္းသိရသည္။

ပညာေရးဝန္ႀကီးဌာနမွ ၂၀၂၂-၂၀၂၃ ပညာသင္ ႏွစ္တြင္ စတင္ေျပာင္းလဲသင္ၾကားမည့္ Grade-5 ၊ Grade-8 ႏွင့္ Grade-11 သင္႐ိုးသစ္အတန္းမ်ားအတြက္ ဆရာ၊ဆရာမမ်ားအားသင္႐ိုးသစ္ႏွင့္ပတ္သက္၍ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည္။

“ေက်ာင္းကေတာ့ မျဖစ္မေနအပ္မယ္ တက္လည္းတက္ခိုင္းမယ္ ကြၽန္မတို႔ကေလးေတြကိုေပးႏိုင္တဲ့ ပညာအေမြကိုဘယ္လိုအေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ေက်ာင္းေတြဖြင့္တယ္ဆိုရင္ေတာ့ျဖစ္ေအာင္ေပးသြားမွာပါ”ဟုေက်ာင္းသားမိဘတစ္ဦးကေျပာသည္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *