ရောင်းသူမရှိ ဝယ်လို့မရနိုင်တဲ့ YGEA ၏ယနေ့ရွှေစျေး
မေလ ၁၂ရက် ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ရွှေအဖွင့်စျေးနှုန်းမှာအခေါက်ရွှေတစ်ကျပ်သားကို ကျပ်19765,00(ကျပ် တစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင့်
ငါးရာ)ဖြင့်အဖွင့်စျေးသတ်မှတ်ထားပြီး
ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce- 1854 USD ဖြစ်ပါတယ်။ပြင်ပစျေးကွက်အတွင်းမှာတော့ ကျပ်သိန်း ၂၀ အထက်စျေးများဖြင့်သာအရောင်းအဝယ်ပြုလုပ်နေကြောင်းစျေးကွက်အတွင်းရွှေရောင်းဝယ်လုပ်နေသူများကပြောဆိုပါတယ်။
ရွှေဝယ်ယူသူတစ်ဦးက“အခုရွှေဆိုင်တွေကိုစျေးသိချင်လို့ ဖုန်းဆက်မေးရင်အရင်လိုမပြောတော့ဘူးဆိုင်ကိုပဲလာခိုင်းတယ်၊ ဆိုင်သွားရင်အရောင်းကပိတ်ထားတယ်။အဲ့စျေးနဲ့ရောင်းတဲ့ပစ္စည်းထည်ကကုန်ပြီ တခြားသူတို့ဆိုင်စျေးနဲ့အထည်တွေရှိတယ်၊ကြိုက်ရင်ဝယ်အဲ့လိုမျိုးတွေဖြစ်နေတာ၊
ရွှေစျေးက ၁၉ သိန်းကျော်သိန်း ၂၀ အောက်သတ်မှတ်လည်း ဒီစျေးနဲ့ဘယ်ဆိုင်မှာမှဝယ်မရဘူးလေဝယ်စျေး၊လေရောင်းစျေးပဲအပြင်စျေးကွက်မှာတော့သိန်းနှစ်ဆယ်အထက် လေးငါးသောင်းနဲ့အရောင်းအဝယ်လုပ်နေကြတာပဲ၊ mobile banking တွေနဲ့ပါမရတော့ဘဲ
ငွေသားသီးသန့်ပဲတချို့ဆိုင်တွေဆိုလက်ခံတော့တာ”လို့ ပြောပါတယ်။ပြည်တွင်းရွှေစျေးကွက်ထိန်းနိုင်ရန်လုပ်ဆောင်နေမှုများရှိသည်ဟုဆိုထားသော်လည်း ရွှေစျေးနှုန်းမှာ သိသာစွာကျဆင်းလာခြင်းမရှိသေးဘဲလာမည့် သုံးလစျေးကွက်အတွင်း ရွှေလုံလောက်စွာရှိရန်
နိုင်ငံခြားကရွှေတင်သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြောဆိုထားပါတယ်။မေ ၁၂ရက်နေ့ နံနက် ၁၀ နာရီအချိန် YGEA ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေစျေးတစ်အောင်စကို ၁၈၅၄ ဒေါ်လာဖြစ်နေချိန်တွင်ပြည်တွင်းရွှေစျေးကိုကျပ် ၁၉၇၆၅၀၀ ကျပ်ဖြင့်စျေးဖွင့်လှစ်ထားပါတယ်။
YGEA ရဲ့ သတ်မှတ်ဖွင့်စျေးထက် ၅၀၀၀ကျပ်ထည့်ပေါင်းပြီးရွှေကုန်သည်များအနေဖြင့်အရောင်းအဝယ်ပြုလုပ်ရမယ်လို့ ထုတ်ပြန်ထားတဲ့အတွက်ရွှေဆိုင်များအနေဖြင့်လက်ရှိပေါက်စျေးမှာ အလျော့တွက်ပါသော ၁၅ ပဲရည် ရွှေထည်များကိုရောင်းချပေးသောစျေးနှုန်းဖြစ်တယ်လို့ ထည့်သွင်းကြော်ညာထားတာတွေ့ရပါတယ်။
Unicode
ရောင်းသူမရှိ ဝယ်လို့မရနိုင်တဲ့ YGEA ၏ယနေ့ရွှေဈေး
မေလ ၁၂ရက် ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ရွှေအဖွင့်ဈေးနှုန်းမှာအခေါက်ရွှေတစ်ကျပ်သားကို ကျပ်19765,00(ကျပ် တစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းခြောက်ထောင့်
ငါးရာ)ဖြင့်အဖွင့်ဈေးသတ်မှတ်ထားပြီး
ရွှေဝယ်ယူသူတစ်ဦးက“အခုရွှေဆိုင်တွေကိုဈေးသိချင်လို့ ဖုန်းဆက်မေးရင်အရင်လိုမပြောတော့ဘူးဆိုင်ကိုပဲလာခိုင်းတယ်၊ ဆိုင်သွားရင်အရောင်းကပိတ်ထားတယ်။အဲ့ဈေးနဲ့ရောင်းတဲ့ပစ္စည်းထည်ကကုန်ပြီ တခြားသူတို့ဆိုင်ဈေးနဲ့အထည်တွေရှိတယ်၊ကြိုက်ရင်ဝယ်အဲ့လိုမျိုးတွေဖြစ်နေတာ၊
ရွှေဈေးက ၁၉ သိန်းကျော်သိန်း ၂၀ အောက်သတ်မှတ်လည်း ဒီဈေးနဲ့ဘယ်ဆိုင်မှာမှဝယ်မရဘူးလေဝယ်ဈေး၊လေရောင်းဈေးပဲအပြင်ဈေးကွက်မှာတော့သိန်းနှစ်ဆယ်အထက် လေးငါးသောင်းနဲ့အရောင်းအဝယ်လုပ်နေကြတာပဲ၊ mobile banking တွေနဲ့ပါမရတော့ဘဲ
YGEA ရဲ့ သတ်မှတ်ဖွင့်ဈေးထက် ၅၀၀၀ကျပ်ထည့်ပေါင်းပြီးရွှေကုန်သည်များအနေဖြင့်အရောင်းအဝယ်ပြုလုပ်ရမယ်လို့ ထုတ်ပြန်ထားတဲ့အတွက်ရွှေဆိုင်များအနေဖြင့်လက်ရှိပေါက်ဈေးမှာ အလျော့တွက်ပါသော ၁၅ ပဲရည် ရွှေထည်များကိုရောင်းချပေးသောဈေးနှုန်းဖြစ်တယ်လို့ ထည့်သွင်းကြော်ညာထားတာတွေ့ရပါတယ်။
Zawgyi