မနက်ဖြန် မေလ၁၂ ရက်နေ့ ရန်ကုန်တိုင်းရှိမြို့နယ်အချို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်
မနက်ဖြန် မေလ ၁၂ ရက်နေ့တွင်ဓာတ်အားလိုင်းနှင့်ထိစပ်နေသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့်နံနက် ၁၀ နာရီမှစတင်ကာနေ့လည် ၂ နာရီအချိန်ထိဒဂုံမြို့သစ်(အရှေ့ပိုင်း)၊
လှိုင်သာယာအပါအဝင်ရန်ကုန်မြို့နယ်အချို့လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်အရ ”ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန၊
ရေနှင့်သန့်ရှင်းမှု လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသို့ ဓာတ်အားပေးထားသော33kVဓာတ်အားလိုင်းနှင့်ထိစပ်နေသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊33kV လှိုင်သာယာအနောက်စုပေါင်းရုံးအရန်ဓာတ်အားပေးရန်ဆောင်ရွက်ခြင်း၊
33kV လှိုင်သာယာ-ကွမ်းခြံကုန်းဓာတ်အားလိုင်းတွင်AutoRecloserတပ်ဆင်ခြင်းလုပ်ငန်းများကို(၁၂.၅.၂၀၂၂)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၄:၀၀)နာရီအချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်
၁။ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊
၂။လှည်းကူး၊
၃။လှိုင်သာယာ(အရှေ့)၊
၄။လှိုင်သာယာ(အနောက်)၊
၅။ကွမ်းခြံကုန်းမြို့နယ်
အစရှိသော မြို့နယ်များ၏နေရာအချို့တို့တွင်ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန်အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။
Unicode
၂။လှည်းကူး၊
၃။လှိုင်သာယာ(အရှေ့)၊
၎။လှိုင်သာယာ(အနောက်)၊
Zawgyi