ပရိတ်သတ်တွေစိတ်ဝင်စားနေတဲ့ တောင်ကိုရီးယားကဗိုလ်ကြီးတို့စုံတွဲဆေးရုံသွားခဲ့တဲ့နောက်ကွယ်ကအကြောင်းအရင်း

တောင်ကိုးရီးယားနာမည်ကြီးစုံတွဲ ကြင်စဦးလင်မယားတွေဖြစ်ကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ အိမ်ထောင်ရေးဘဝအကြောင်းကလူစိတ်ဝင်စားမှုတွေအဖြစ် ပြန်လည်ရောက်လာပြန်ပါတယ်။ကြီးကျယ်ခမ်းနားပြီးကုန်ကျစရိတ်တွေများပြားတဲ့မင်္ဂလာပွဲအပြီးအမေရိကန်ကိုဟန်းနီးမွန်းခရီးထွက်ပြီးနောက်




တောင်ကိုးရီးယားသို့ ပြန်လည်ရောက်ရှိလာတဲ့ စုံတွဲရဲ့အကြောင်းကခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာခဲ့တယ်လို့ kbizoom သတင်းဌာနကရေးသားဖော်ပြထားပါတယ်။မင်းသားနဲ့ မင်းသမီးတို့နှစ်ဦးသား ဆေးရုံအတူသွားခဲ့ကြတာကိုတွေ့ခဲ့ရပြီးနောက်
ဒီသတင်းက မေလ ၈ ရက်နေ့မှာ အင်တာနက်အသုံးပြုသူတွေကိုအာရုံစိုက်လာစေခဲ့ပါတယ်။ မင်းသမီး Son Ye Jin မှာကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ်ဆိုတဲ့သက်သေဓာတ်ပုံတွေမရှိသော်လည်းပဲနှစ်ဦးသားက ဒီအကြောင်းအရင်းကြောင့်ဆေးစစ်ဖို့ဆေးရုံကိုသွားခဲ့ကြတာဖြစ်နိုင်တယ်လို့ကောလာဟလတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။




သို့ပေမယ့်လည်း ဆေးရုံသွားခဲ့ကြတဲ့သတင်းကဒီအကြောင်းအရင်းကြောင့်မဟုတ်ပါဘူး။ Son Ye Jin ရဲ့ ခွေးကလေး Kitty ကိုစစ်ဆေးဖို့အတွက်တိရစ္ဆာန်ဆေးကုဆေးရုံကိုခေါ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။
ဟန်းနီးမွန်းခရီးထွက်ပြီးနောက်မှာကြင်စဦးစုံတွဲတို့ကကိုယ်ဝန်ရနိုင်ချေကိုအင်တာနက်အသုံးပြုသူတွေကဆက်တိုက်ဆိုသလိုထင်ကြေးပေးနေကြပါတယ်။လေဆိပ်မှာ မင်းသမီး Son Ye Jin က အရွယ်အစားကြီးတဲ့ရှပ်ပွပွနဲ့ ဆွဲသားဘောင်းဘီ၊ ဒေါက်ဖိနပ်အစား Sneakers ဝတ်ဆင်ထားတာကို တွေ့ရပြီး




ခင်ပွန်းသည် မင်းသားက ပရိသတ်တွေနဲ့လူတွေတိုးဝှေ့နေတဲ့ကြားဇနီးသည်ကိုကာကွယ်ပေးနေတာကို တွေ့ရပါတယ်။ကိုယ်ဝန်ရနေပြီလားဆိုတဲ့သတင်းကထင်ကြေးပေးခန့်မှန်းချက်တွေသာဖြစ်ပြီး အနုပညာရှင်စုံတွဲကတော့ ဒီကောလာဟလတွေကို မဖြေရှင်းခဲ့ကြဘူးလို့သိရပါတယ်။




Unicode
ပရိတ္သတ္ေတြစိတ္ဝင္စားေနတဲ့ ေတာင္ကိုရီးယားကဗိုလ္ႀကီးတို႔စုံတြဲေဆး႐ုံသြားခဲ့တဲ့ေနာက္ကြယ္ကအေၾကာင္းအရင္း
ေတာင္ကိုးရီးယားနာမည္ႀကီးစုံတြဲ ၾကင္စဦးလင္မယားေတြျဖစ္ၾကတဲ့ Hyun Bin နဲ႔ Son Ye Jin တို႔ရဲ႕ အိမ္ေထာင္ေရးဘဝအေၾကာင္းကလူစိတ္ဝင္စားမႈေတြအျဖစ္ ျပန္လည္ေရာက္လာျပန္ပါတယ္။ႀကီးက်ယ္ခမ္းနားၿပီးကုန္က်စရိတ္ေတြမ်ားျပားတဲ့မဂၤလာပြဲအၿပီးအေမရိကန္ကိုဟန္းနီးမြန္းခရီးထြက္ၿပီးေနာက္

ေတာင္ကိုးရီးယားသို႔ ျပန္လည္ေရာက္ရွိလာတဲ့ စုံတြဲရဲ႕အေၾကာင္းကေခါင္းႀကီးပိုင္းသတင္းေတြ ျဖစ္လာခဲ့တယ္လို႔ kbizoom သတင္းဌာနကေရးသားေဖာ္ျပထားပါတယ္။မင္းသားနဲ႔ မင္းသမီးတို႔ႏွစ္ဦးသား ေဆး႐ုံအတူသြားခဲ့ၾကတာကိုေတြ႕ခဲ့ရၿပီးေနာက္
ဒီသတင္းက ေမလ ၈ ရက္ေန႔မွာ အင္တာနက္အသုံးျပဳသူေတြကိုအာ႐ုံစိုက္လာေစခဲ့ပါတယ္။ မင္းသမီး Son Ye Jin မွာကိုယ္ဝန္လြယ္ထားရၿပီျဖစ္တယ္ဆိုတဲ့သက္ေသဓာတ္ပုံေတြမရွိေသာ္လည္းပဲႏွစ္ဦးသားက ဒီအေၾကာင္းအရင္းေၾကာင့္ေဆးစစ္ဖို႔ေဆး႐ုံကိုသြားခဲ့ၾကတာျဖစ္ႏိုင္တယ္လို႔ေကာလာဟလေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ေဆး႐ုံသြားခဲ့ၾကတဲ့သတင္းကဒီအေၾကာင္းအရင္းေၾကာင့္မဟုတ္ပါဘူး။ Son Ye Jin ရဲ႕ ေခြးကေလး Kitty ကိုစစ္ေဆးဖို႔အတြက္တိရစာၦန္ေဆးကုေဆး႐ုံကိုေခၚေဆာင္လာခဲ့တာပဲျဖစ္ပါတယ္။
ဟန္းနီးမြန္းခရီးထြက္ၿပီးေနာက္မွာၾကင္စဦးစုံတြဲတို႔ကကိုယ္ဝန္ရႏိုင္ေခ်ကိုအင္တာနက္အသုံးျပဳသူေတြကဆက္တိုက္ဆိုသလိုထင္ေၾကးေပးေနၾကပါတယ္။ေလဆိပ္မွာ မင္းသမီး Son Ye Jin က အ႐ြယ္အစားႀကီးတဲ့ရွပ္ပြပြနဲ႔ ဆြဲသားေဘာင္းဘီ၊ ေဒါက္ဖိနပ္အစား Sneakers ဝတ္ဆင္ထားတာကို ေတြ႕ရၿပီး

ခင္ပြန္းသည္ မင္းသားက ပရိသတ္ေတြနဲ႔လူေတြတိုးေဝွ႔ေနတဲ့ၾကားဇနီးသည္ကိုကာကြယ္ေပးေနတာကို ေတြ႕ရပါတယ္။ကိုယ္ဝန္ရေနၿပီလားဆိုတဲ့သတင္းကထင္ေၾကးေပးခန႔္မွန္းခ်က္ေတြသာျဖစ္ၿပီး အႏုပညာရွင္စုံတြဲကေတာ့ ဒီေကာလာဟလေတြကို မေျဖရွင္းခဲ့ၾကဘူးလို႔သိရပါတယ္။
Zawgyi