စားအုံးဆီကုန်သည်များထံ ဆီလက်ကျန်များခွင့်ပြုချက်မရှိဘဲထုတ်မပေးရဟုအကြောင်းကြာစာထုတ်

ဆီကန်တွေက ဆီလက်ကျန်တွေကိုမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရဲ့ ခွင့်ပြုချက်မရဘဲဆီထုတ်မပေးဖို့ အသင်းကနေကုန်သည်တွေဆီအကြောင်းကြားစာထုတ်ပြန်လိုက်ပါတယ်။
မေလ ၉ ရက်နေ့နောက်ပိုင်းကစပြီး လက်ရှိဆီကန်တွေမှာ ဆီလက်ကျန် ပမဏ ၁၈၀၉၇.၁၆ တန် အတိုင်းထားရှိရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာစားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက




မေလ ၉ရက်နေ့မှမေလ ၁၅ရက်နေ့အထိရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာကို ၆၀၂၅ကျပ်သတ်မှတ်ထားပေမယ့် ဈေးကွက်အတွင်းမှာစာအုန်းဆီရှားပါးလာပြီးဈေးနှုန်းတွေတက်နေတဲ့အတွက်သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ဆီရောင်းချသူတွေမရောင်းချနိုင်ပဲ ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းချနေကြပါတယ်။




ပြည်တွင်း ဈေးကွက်အတွင်းမှာအများပြည်သူအဓိကအားထားစားသုံးနေရတဲ့ စားအုန်ဆီဈေးကတော့ယခင်က တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်ကနေလက်ရှိမှာတော့ ကျပ် ၆၀၀၀ ကျော်အထိ ၂ ဆကျော်မြင့်တက်သွားတာဖြစ်ပါတယ်။
စားအုံးဆီကုန္သည္မ်ားထံ ဆီလက္က်န္မ်ားခြင့္ျပဳခ်က္မရွိဘဲထုတ္မေပးရဟုအေၾကာင္းၾကာစာထုတ္(Zawgyi)

ဆီကန္ေတြက ဆီလက္က်န္ေတြကိုျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ခြင့္ျပဳခ်က္မရဘဲဆီထုတ္မေပးဖို႔ အသင္းကေနကုန္သည္ေတြဆီအေၾကာင္းၾကားစာထုတ္ျပန္လိုက္ပါတယ္။
ေမလ ၉ ရက္ေန႔ေနာက္ပိုင္းကစၿပီး လက္ရွိဆီကန္ေတြမွာ ဆီလက္က်န္ ပမဏ ၁၈၀၉၇.၁၆ တန္ အတိုင္းထားရွိရမယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။လက္ရွိမွာစားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက
ေမလ ၉ရက္ေန႔မွေမလ ၁၅ရက္ေန႔အထိရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းမွာစားအုန္းဆီ တစ္ပိႆာကို ၆၀၂၅က်ပ္သတ္မွတ္ထားေပမယ့္ ေဈးကြက္အတြင္းမွာစာအုန္းဆီရွားပါးလာၿပီးေဈးႏႈန္းေတြတက္ေနတဲ့အတြက္သတ္မွတ္ထားတဲ့ ေဈးႏႈန္းအတိုင္း ဆီေရာင္းခ်သူေတြမေရာင္းခ်ႏိုင္ပဲ ေဈးကြက္ေပါက္ေဈးအတိုင္းေရာင္းခ်ေနၾကပါတယ္။
ျပည္တြင္း ေဈးကြက္အတြင္းမွာအမ်ားျပည္သူအဓိကအားထားစားသုံးေနရတဲ့ စားအုန္ဆီေဈးကေတာ့ယခင္က တစ္ပိႆာ က်ပ္ ၃၀၀၀ ေက်ာ္ကေနလက္ရွိမွာေတာ့ က်ပ္ ၆၀၀၀ ေက်ာ္အထိ ၂ ဆေက်ာ္ျမင့္တက္သြားတာျဖစ္ပါတယ္။