မှိုပေါတဲ့ ရာသီအခါရောက်လို့ မှိုကြိုက်တဲ့သူများအတွက် မဖြစ်မနေသိထားသင့်သော မှိုများအကြောင်း

မိုးရာသီ မှိုပေါတဲ့အချိန်မှာ စားလို့ရတဲ့ မှိုဟုတ်မဟုတ် အလွယ်တကူခွဲခြားနိုင်စေတဲ့နည်းနဲ့ မှိုနဲ့ တွဲဖက်မစားသင့်သော အစားအစာများအကြောင်း သတိပြုဆင်ခြင်နိုင်စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။
စားလို့ရတဲ့ မှို ဟုတ်မဟုတ် ခွဲခြားနိုင်စေတဲ့အချက်များ




၁။မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့်ဖျစ်ကြည့်တဲ့အခါ ကြေမွသားလျှင်မစားကောင်းပါ။စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။
၂။မှိုပေါ်သို့ ဆားအနည်းငယ်ဖြူးကြည့်လိုက်ပါ။မည်းသွားလျှင်မစားရပါ။စားကောင်းသောမှိုသည် ဆားထိရုံနှင့်မည်းသွားလေ့မရှိပါ။




၃။မှိုကိုလက်ဖြင့်ဖျစ်ကြည့်လို့သွေးရောင်ပြောင်းသွားလျှင်မစားကောင်းပါ။စားကောင်းသော မှိုမှာ အရောင်မပြောင်းပါ။
၄။မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင်မစားရပါ။စားကောင်းသောမှိုမှာမပြာနှမ်းပါ။
၅။မှိုကို ဆားရည်တွင်စိမ်ကြည့်သောအခါ နက်လာလျှင်မစားကောင်းပါ။စားကောင်းသောမှိုမှာ မနက်ပါ။
၆။အထူးသဖြင့် ခြေခြင်းပါသောမှိုများသည်မစားကောင်းပါ။စားကောင်းသောမှိုမှာခြေခြင်းပါလေ့မရှိပါ။




မှိုနှင့်ရောစပ်မစားကောင်းသော အစာများ
၁။ကြက်ဟင်းခါးသီး
၂။ကြက်ဥ
၃။ခံသီး
၄။ငှက်ပျောသီး
၅။နို့အမျိုးမျိုး




၆။ဖောင်စီးကဏန်း
၇။ယုန်သား စသည်တို့ကိုရောစပ်ရွေ့မစားရပါ။
မှိုဟင်း မစားသင့်သောသူများ
မီးဖွားပြီးစအမျိုးသမီးများအနေဖြင့်“မှိုတစ်နှစ်၊မျှစ်သုံးလ” မစားသင့်ကြောင်းရှေးလူကြီးများကပြောလေ့ရှိသည်။ခြေအေးရွေ့အထက်သို့အခိုးတက်ပြီးဖြစ်တတ်သောနှာပိတ်၊နှာမွှန်ရောဂါ၊နား၊မျက်စိ၊ခေါင်းကိုက်ရောဂါ၊ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည်မစားသင့်ပါ။




မှိုဆိပ်ဖြေနည်း
မှိုဆိပ်တက်၍တောက်ခဲ့လျှင်ထန်းလျှက်စားပေးပါ။သံပုရာရည်ကိုလျှက်ပေးပါ။ မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့်သွေးရွေ့တိုက်ပါ။ကျီးအာမြစ်ကိုဆားနှင့်သွေး၍လျှာကိုပွတ်ပေးပါ။
အစာများပြန်အန်ကျလာမည်ဖြစ်သည်။ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှကာကွယ်နိုင်သည်။




စားကောင်းသော မှိုများ
ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို (ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊မှိုသားပိုက်၊မှိုဆန်ကွဲ၊မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊
မှိုအုန်းနက်၊ (မှို၏ထိပ်တွင်နက်သောအကွက်လေးရှိသည်။)၊မြက်ကြားမှို၊သပြေမှို၊မြေပဲမှို၊ဝါးမှို၊ကိုင်းမှို၊အင်မှို၊ ဆင်ခြေသည်းမှိုနှင့်သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည်စားကောင်းသောမှိုများဖြစ်သည်။




မစားကောင်းသောမှိုများ
ကြက်ခူမှို၊မှိုကွန်ခြာ၊ခွေးလေးမှိုနှင့် နွားခြေးမှိုတို့သည်မစားကောင်းသောမှိုများဖြစ်ကြသည်။ထို့အပြင်အချို့မှိုများမှာစားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှချက်စားသင့်ပါသည်။
ခရစ်ဒစ်မူရင်း