နေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ် (၉) ခုရှိဘဏ်ခွဲများအားလုံးတွင် တိုကင်ယူရန်မလိုဘဲငွေထုတ်ယူနိုင်ပြီဟု CB Bank ထုတ်ပြန်
နေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ် (၉) ခုရှိဘဏ်ခွဲများအားလုံးတွင် တိုကင်ယူရန်မလိုဘဲငွေထုတ်ယူနိုင်ပြီဟု CB Bank ထုတ်ပြန်
CB ဘဏ်ကနေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ် (၉) ခုရှိ ဘဏ်ခွဲများအားလုံးတွင် တိုကင်မလိုဘဲ ငွေသားထုတ်ယူနိုင်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
တိုကင်မလိုပဲ ငွေသားထုတ်ယူနိုင်တဲ့ ဘဏ်ခွဲတွေမှာ
၁။နေပြည်တော် (ဘဏ်ခွဲအားလုံး)
၂။ကချင်ပြည်နယ် (ဘဏ်ခွဲအားလုံး)
၃။ကရင်ပြည်နယ် (ဘဏ်ခွဲအားလုံး)
၄။ရခိုင်ပြည်နယ် (ဘဏ်ခွဲအားလုံး)
၅။မွန်ပြည်နယ် (ဘဏ်ခွဲအားလုံး)
၆။မကွေးတိုင်း (ဘဏ်ခွဲအားလုံး)
၇။ပဲခူးတိုင်း (ဘဏ်ခွဲအားလုံး)
၈။ဧရာဝတီတိုင်း (ဘဏ်ခွဲအားလုံး)
၉။တနင်္သာရီတိုင်း (ဘဏ်ခွဲအားလုံး)
အစရှိတဲ့ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ဘဏ်ခွဲတွေအားလုံးမှာ တိုကင်ယူရန်မလိုတော့ပဲ ငွေသားထုတ်ယူနိုင်ပြီလို့ ထုတ်ပြန်ချက်အရသိရပါတယ်။အခြားဒေသရှိဘဏ်ခွဲများကိုလည်းတိုကင်ယူရန်မလိုအပ်ပဲ ငွေထုတ်ယူနိုင်ရန်ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
ထုတ်ပြန်ချက်မှာ ”CB Bank Customer များအနေဖြင့် မိမိတို့၏ Individual Old Account များမှ ငွေသားထုတ်ယူရန်အတွက် တိုကင်ကြိုတင်ရယူရန် မလိုအပ်ဘဲငွေသားထုတ်ယူနိုင်မည့်ဘဏ်ခွဲများကို CB Bank ကအပတ်စဉ်ဆက်လက်တိုးချဲ့လျက်ရှိပါသည်။
ယခုအခါတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဘဏ်ခွဲများအားလုံးအပြင်
အခြားဒေသများရှိတိုကင်ရယူရန်မလိုသည့် ဘဏ်ခွဲများစာရင်းကိုအသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသည်” ဆိုပြီး ထုတ်ပြန်ထားပါတယ်။
နေပြည်တော်အပါအဝင်တိုင်းနှင့်ပြည်နယ် (၉) ခုရှိဘဏ်ခွဲများအားလုံးတွင် တိုကင်ယူရန်မလိုဘဲငွေထုတ်ယူနိုင်ပြီဟု CB Bank ထုတ်ပြန်(Zawgyi)
Source: CBBank
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *