ဆိုင်ကလုန်းမုန်တိုင်းအားစန်နီအရှိန်ကြောင့်ယနေ့မှစပြီး၅ရက်အတွင်းရန်ကုန်အပါအဝင်မိုးကြီးမည့်တိုင်းဒေသကြီးများ

ဆိုင်ကလုန်းမုန်တိုင်းအာစန်နီ မြန်မာဘက် မလာပေမယ့်ယနေ့ကစပြီး ၅ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အနှံ့ မိုးကြီးမယ်လို့ မိုး/ဇလက ထုတ်ပြန် လိုက်ပါတယ်။
မိုး/ဇလရဲ့ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)သည်မြန်မာနိုင်ငံကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်နှင့်




ဟိုင်းကြီးကျွန်း မြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၄၅)မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီးလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါတယ်လို့ဆိုပါတယ်။




အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)” ၏ အရှိန်ကြောင့်ယနေ့နံနက်မှ မေလ ၁၃ ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်း ၊မန္တလေး၊မကွေး၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ တနင်္သာရီ၊ကချင်၊ရှမ်း၊ ချင်း၊
ရခိုင်၊ကယား၊ကရင်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ၊ အချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါတယ်လို့ဆိုပါတယ်။




ဆိုင်ကလုန်းမုန်တိုင်းအားစန်နီအရှိန်ကြောင့်ယနေ့မှစပြီး၅ရက်အတွင်းရန်ကုန်အပါအဝင်မိုးကြီးမည့်တိုင်းဒေသကြီးများ(Zawgyi)

