ဗို့အားပြည့်ဝစွာဖြင့်လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန်ဆောင်ရွက်သွားမယ်ဟုပြော

လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ နေပြည်တော်အတွင်းလျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများအားလှည့်လည်ကြည့်ရှု့စဥ်မှာကြားခဲ့ခြင်းဖြစ်သည်။




နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊နေပြည်တော်အမှတ်(၁)ပင် မဓာတ်အားခွဲရုံနှင့် Solar Power Plant တည် ဆောက်ရန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသည့်နေရာများအားကြည့်ရှုခဲ့ခြင်းဖြစ်သည်။
“အန္တရာယ်ကင်းကင်းနဲ့ ဓာတ်အားအဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ဖို့ ဗို့အားပြည့်ပြည့်ဝဝနဲ့ ပြည်သူတွေလျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ဖို့ကို ဆောင်ရွက်သွားရပါမယ်”ဟုပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။




အလားတူဓာတ်အားပျောက်ဆုံးမှုလျှော့နည်းကျဆင်းရန်၊ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရန်၊ဓာတ်အားခွဲရုံနှင့်ရုံးအဆောက်အဦးသန့်ရှင်းသာယာလှပရန်၊လုံခြုံရေး သတိအမြဲရှိစေရန်၊သတ်မှတ်လုပ်သက်ပြည့်ဝန်ထမ်းများအားရာထူးတိုးမြှင့်ပေးနိုင်ရန်၊




ဝန်ထမ်းများသက်သာချောင်ချိရေးနှင့်ဓာတ်အားခွဲရုံအတွင်း မြေနေရာလွတ်များ၌ စိုက်ပျိူးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီးကမှာကြားသည်။ထို့ပြင်နေပြည်တော်အမှတ်(၁)ပင်မဓာတ်အားခွဲရုံရှိဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုနှင့်




Switch Yard အတွင်း ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်းတို့အားကြည့်ရှု့ခဲ့သည်။ထို့နောက် Solar Power Plant စီမံကိန်းဖြစ် မြောက်နိုင်စွမ်းရှိသည့်နေရာများအားသွားရောက်ကြည့်ရှု၍ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်မှာကြားခဲ့သည်ဟုသိပါတယ်။