လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့အားကောင်းလာသောမုန်တိုင်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့အားကောင်းလာသောမုန်တိုင်းအခြေအနေ

မိုး/ဇလရဲ့ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်မှာလက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည်ယနေ့ညနေပိုင်းတွင်မုန်တိုင်းငယ်အဖြစ်မှမေလ၈ ရက်နေ့ ညနေပိုင်းတွင်ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာကာယင်းရဲ့အချိန်ကြောင့်

မေလ၇ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ကယား၊ကရင်နှင့် မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီးအချို့ဒေသများတွင်နေရာကွက်၍ မိုးကြီးနိုင်ပါတယ်လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည်ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ (၈.၅.၂၀၂၂)ရက်နေ့ ညနေပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း

ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ (၁၀.၅.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်ပြီး

မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းလွန်)သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အနည်းငယ်မှတိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်ထူထပ်နေပါသည်။

အဆိုပါမုန်တိုင်းအရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊

မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *