နိုင်ငံတကာကျောင်းများနှင့် ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ ကျောင်းသားကျောင်းသူများ အစိုးရကျောင်းများသို့ပြောင်းမည်ဆိုပါက ဝင်ခွင့်ဖြေဆိုရမည်ဟုထုတ်ပြန်

နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားနေသောနိုင်ငံတကာကျောင်းများနှင့်ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ အစိုးရအခြေခံပညာကျောင်းများကိုပြောင်းလိုသည့်ကျောင်းသားအားလုံးဝင်ခွင့်ဖြေဆိုရမှာဖြစ်ပြီး




ဝန်ကြီးဌာန၏အတန်းအလိုက်သတ်မှတ်ထားသည့်သင်ရိုးညွှန်းတမ်းအတိုင်းဘာသာရပ်များကိုဖြေဆိုရန် လျှောက်လွှာများခေါ်ယူထားကြောင်းအခြေခံပညာဦးစီးဌာနမှထုတ်ပြန်ပါတယ်။အခြေခံ ပညာကျောင်းများနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထားသည့်ကိုယ်ပိုင်ကျောင်းများသို့ပြောင်းရွှေ့သင်ကြားလိုသူများအနေဖြင့်
တက်ရောက်သင်ကြားလိုသည့်အတန်း၏ တဆင့်နိမ့်အတန်း (Placement Test)ကိုဖြေဆိုရမည်ဖြစ်ကြောင်းသိရပါတယ်။ဖြေဆိုခွင့်လျှောက်လွှာများကိုတိုင်းဒေသကြီးပြည်နယ်ပညာရေးမှူးရုံးများတွင် ဧပြီလ ၂၄ ရက်နေ့မှစတင်ကာအခမဲ့ထုတ်ယူနိုင်ပြီး




မေလ ၉ရက်နေ့ (ရုံးချိန်အတွင်း)နောက်ဆုံးထားကာ ပြန်လည်တင်သွင်းလျှောက်ထားနိုင်ကြောင်း ကြေညာထားပါတယ်။လျှောက်ထားသူသည် မိမိတို့ တက်ရောက်ခဲ့သည့်ကျောင်းမှဖြေဆိုအောင်မြင်ပြီးခဲ့သောLevel အတွက်ကျောင်းထောက်ခံချက်မူရင်း(သို့) အောင်လက်မှတ်မူရင်းပူးတွဲတင်ပြရမည်ဖြစ်ပြီး




မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အသီးသီးကခရိုင်ရုံးစိုက်ရာ မြို့များတွင်ဖြေဆိုရမှာဖြစ်ကာအသေးစိတ်အချက်အလက်များကိုလျှောက်လွှာထုတ်ယူခဲ့သည့် ပညာရေးမှူးရုံးများတွင်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။
ႏိုင္ငံတကာေက်ာင္းမ်ားႏွင့္ ျပည္တြင္းပုဂၢလိကေက်ာင္းမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ား အစိုးရေက်ာင္းမ်ားသို႔ေျပာင္းမည္ဆိုပါက ဝင္ခြင့္ေျဖဆိုရမည္ဟုထုတ္ျပန္(Zawgyi)

ႏိုင္ငံတကာသင္႐ိုးျဖင့္သင္ၾကားေနေသာႏိုင္ငံတကာေက်ာင္းမ်ားႏွင့္ျပည္တြင္းပုဂၢလိကေက်ာင္းမ်ားမွ အစိုးရအေျခခံပညာေက်ာင္းမ်ားကိုေျပာင္းလိုသည့္ေက်ာင္းသားအားလုံးဝင္ခြင့္ေျဖဆိုရမွာျဖစ္ၿပီး
ဝန္ႀကီးဌာန၏အတန္းအလိုက္သတ္မွတ္ထားသည့္သင္႐ိုးၫႊန္းတမ္းအတိုင္းဘာသာရပ္မ်ားကိုေျဖဆိုရန္ ေလွ်ာက္လႊာမ်ားေခၚယူထားေၾကာင္းအေျခခံပညာဦးစီးဌာနမွထုတ္ျပန္ပါတယ္။အေျခခံ ပညာေက်ာင္းမ်ားႏွင့္ဝန္ႀကီးဌာနမွ ခြင့္ျပဳထားသည့္ကိုယ္ပိုင္ေက်ာင္းမ်ားသို႔ေျပာင္းေ႐ႊ႕သင္ၾကားလိုသူမ်ားအေနျဖင့္
တက္ေရာက္သင္ၾကားလိုသည့္အတန္း၏ တဆင့္နိမ့္အတန္း (Placement Test)ကိုေျဖဆိုရမည္ျဖစ္ေၾကာင္းသိရပါတယ္။ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကိုတိုင္းေဒသႀကီးျပည္နယ္ပညာေရးမႉး႐ုံးမ်ားတြင္ ဧၿပီလ ၂၄ ရက္ေန႔မွစတင္ကာအခမဲ့ထုတ္ယူႏိုင္ၿပီး
ေမလ ၉ရက္ေန႔ (႐ုံးခ်ိန္အတြင္း)ေနာက္ဆုံးထားကာ ျပန္လည္တင္သြင္းေလွ်ာက္ထားႏိုင္ေၾကာင္း ေၾကညာထားပါတယ္။ေလွ်ာက္ထားသူသည္ မိမိတို႔ တက္ေရာက္ခဲ့သည့္ေက်ာင္းမွေျဖဆိုေအာင္ျမင္ၿပီးခဲ့ေသာLevel အတြက္ေက်ာင္းေထာက္ခံခ်က္မူရင္း(သို႔) ေအာင္လက္မွတ္မူရင္းပူးတြဲတင္ျပရမည္ျဖစ္ၿပီး
ေမလ ၂၅ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ သက္ဆိုင္ရာတိုင္းေဒသႀကီး ျပည္နယ္အသီးသီးကခ႐ိုင္႐ုံးစိုက္ရာ ၿမိဳ႕မ်ားတြင္ေျဖဆိုရမွာျဖစ္ကာအေသးစိတ္အခ်က္အလက္မ်ားကိုေလွ်ာက္လႊာထုတ္ယူခဲ့သည့္ ပညာေရးမႉး႐ုံးမ်ားတြင္စုံစမ္းေမးျမန္းႏိုင္ေၾကာင္းသိရပါတယ္။