မြန်မာနိုင်ငံသူအိမ်ဖော်မိန်းကလေးကိုသတ်ဖြတ်မှုနဲ့ထောင်ကျခံရတဲ့စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီးရဲ့အယူခံဝင်မှုကိုတရားရုံးပယ်ချ

မြန်မာနိုင်ငံသူအိမ်ဖော်မိန်းကလေးကိုသတ်ဖြတ်မှုနဲ့ထောင်ကျခံရတဲ့စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီးရဲ့အယူခံဝင်မှုကိုတရားရုံးပယ်ချ

မြန်မာနိုင်ငံသူအိမ်ဖော်မိန်းကလေးကိုသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့ နှစ် ကထောင်နှစ် ၃၀ ချမှတ်ခံရတဲ့စင်ကာပူ နိုင်ငံသူအိမ်ရှင်အမျိုးသမီးရဲ့အယူခံအတွက်အထောက်အထားအသစ်များတင်ပြရန်ကြိုးပမ်းမှုကိုစင်ကာပူတရား ရုံးကပယ်ချလိုက်ပါတယ်။

ဂိုင်ယာသီရိ မူရူဂါယံကသူ့ရဲ့အယူခံကိုအထောက်အကူပြုပေးမယ့်အထောက်အထားအသစ်တွေကို တင်ပြရန်ကြိုးပမ်းမှုဟာအယူခံနဲ့ဆက်စပ်မှုမရှိဘူးလို့စင်ကာပူအယူခံတရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ဂိုယာသီရိကသူ့ရဲ့ရာဇဝတ်မှုများအတွက်ချမှတ်ခံရတဲ့ပြစ်ဒဏ်ကိုအယူခံဝင်မှုအား

တရားရုံးကစစ်ဆေးကြားနာခြင်းလည်းမပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ဂိုင်ယာသီရိ က သူနဲ့ သေဆုံးသွားတဲ့ မြန်မာမိန်းကလေးရဲ့ဆွေမျိုးများကြား WhatsApp နဲ့ဆက်သွယ်ပြီးသူ့ကို၎င်းတို့ကခွင့်လွှတ်ပါကြောင်းပြောဆိုထားပုံရတဲ့ ဗီဒီယိုဖိုင်အပါအဝင်အထောက်အထားအသစ်များကိုတင်ပြရန်ကြိုးပမ်းခဲ့ သလို

စိတ်ရောဂါပညာရှင်တစ်ဦးရဲ့အစီရင်ခံချက်ကိုလည်းတင်ပြရန်ကြိုးပမ်းခဲ့ပါတယ်။မြန်မာနိုင်ငံသူ အိမ်ဖော်မိန်းကလေး ဟာ ၁၄ လကြာကာလအတွင်းအကြိမ်ကြိမ်စော်ကားနှိပ်စက်ခံခဲ့ရပြီး၂၀၁၆ ဇူလိုင်၂၆ ရက်ကသေဆုံးသွားခဲ့ပါတယ်။

ဒီအမှုဟာအဆိုးရွားဆုံးလူသတ်မှုတွေထဲကတစ်ခု ဖြစ်ကြောင်းစင်ကာပူတရားရုံ ကပြောကြား ခဲ့ပါတယ်။လည်ပင်းမှာပြင်းထန်တဲ့ဒဏ်ရာများ ဦးနှောက်ထိခိုက်ဒဏ်ရာများနဲ့သေဆုံးချိန်ကမြန်မာတိုင်းရင်းသူအိမ်ဖော်မိန်းကလေး ဟာကိုယ်အလေးချိန် ၂၄ ကီလိုပဲရှိကြောင်းသိရပါတယ်။

သူမ မသေဆုံးခင်ရက်တွေကမြန်မာအိမ်ဖော်မိန်းကလေးဟာအစာရေစာငတ်မွတ်နေခဲ့ပြီး ညပိုင်း မှာ ပြတင်းပေါက်တန်းနဲ့ကြိုးချည်ခံထားရပြီးအမှိုက်ပုံးကအစားအစာတွေကိုယူစားရန်ကြိုးပမ်းချိန် အကြမ်းဖက်ရိုက်နှက်ခံခဲ့ရကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း ဂိုင်ယာသီရိဟာလူသတ်မှုအပါအဝင်စွဲချက်၂၈ခုအတွက်အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ထပ်စွဲချက် ၈၇ ခုအတွက်ပြစ်ဒဏ်ချမှတ်ရန်လည်းတရားရုံးကစဉ်းစားခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်ဇွန်လကထောင်နှစ်၃၀ချမှတ်ခံခဲ့ရပြီးသူ့ရဲ့မိခင်နဲ့ သူ့အမျိုးသားတို့လည်းအိမ်ဖော် မိန်းကလေးကို စော်ကားမှုနဲ့စွဲချက်တင်ခံထားရပါတယ်။ဂိုင်ယာသီရိ ကအထောက်အထားအသစ်များ တင်ပြရန်ကြိုးပမ်းခဲ့သလို

ထောင်ထဲမှာခြိမ်းခြောက်ခံနေရကြောင်းလည်းတရားသူကြီးများကိုပြောကြားခဲ့ပေမယ့်ဒီအမှုနဲ့ဆက်စပ်ခြင်းမရှိဘူးလို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။အကျည်းထောင်ထဲမှာခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ဂိုင်ယာသီရိရဲ့ပြောဆိုမှုကိုစုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်းတရားသူကြီးများကပြောကြားပါတယ်။

Crdit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *