အိမ်ထောင်ရေး စီးပွားရေး၊လူမှုရေးနှင့်အတိုက်အခိုက်ကင်းရှင်းသောရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်သောအစွမ်းထက်သောကျောက်ခဲကျင့်စဉ်

အိမ်ထောင်ရေး စီးပွားရေး၊လူမှုရေးနှင့်အတိုက်အခိုက်ကင်းရှင်းသောရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်သောအစွမ်းထက်သောကျောက်ခဲကျင့်စဉ်

ဤ အစွမ်းထက်သောကျောက်ခဲကျင့်စဉ်သည်သီးသန့်ချီးမြှင့်ခဲ့သောကျင့်စဉ်ထူးဖြစ်သည်။လူသိနည်း ၍ ရှားပါးသောကျင့်စဉ်ဖြစ်သည်။အထူးသဖြင့်ဤကျင့်စဉ်မှာလွယ်ကူပြီးထိရောက်မှု့ရှိသည်။ထူးခြားပြီး လွယ်ကူသည့်ကျင့်စဉ်ဖြစ်သဖြင့်

အခြားအခြားသောကျင့်စဉ်များကဲ့သို့ဂါထာမန္တန်များရွတ်ဖတ်ရခြင်းပုတီးစိပ်ရခြင်းမွေးနံအညွန့်အခက်အရွက်ပန်းများဘုရားအားဆက်ကပ်လှုဒါန်းရခြင်း၊အုန်းငှက်ပျောလက်ဖတ်ကွမ်းယာအလင်းတိုင်အချိူရည်ပန်း စသည်တို့ဆက်ကပ်ရခြင်းတို့မပါရှိပါ။

ရိုးရိုးရှင်းရှင်း ဖြစ်ပြီးလွယ်ကူသည့်အကျိူးပေးမြန်ဆန်သောစရဏကျင့်စဉ် ဖြစ်သည်။ဤအစွမ်းထက်သောကျောက်ခဲကျင့်စဉ်ကိုကျင့်မည့်(၈)ရက်သားသမီးများသည်ရေတသွင်သွင်စီးနေသည့်မြစ်ချောင်းအနီးရှိကျောက်ခဲကိုကောက်ယူရန်ဖြစ်ပါသည်။

ထိုကျောက်ခဲ များကောက်ယူသည့်အခါမိမိမွေးနံအရကောက်ယူရပါမည်။ရေတသွင်သွင် စီးနေသည့် မြစ်ချောင်းများ မှကျောက်ခဲကိုမိမိတို့၏မွေးနံအရကောက်ယူပြီးပါကကြေးဖလားတွင်ဖြစ်စေငွေဖလားတွင်ဖြစ်စေ၊မတ်ခွက်တွင်ဖြစ်စေ၊ရေသန့်သန့်ထည့်၍အဆိုပါကျောက်ခဲကိုထည့်ထားရပါမည်။

ရေ နှင့် ကျောက်ခဲထည့်ထားသည့်ဖလားကိုမိမိမွေးနေ့နံနက် (၉) နာရီ မှ (၁၀:၃၀)အတွင်းတိတိကျကျကိုယ်တိုင်ဆောင်ရွက်ပြီးအောက်ပါအတိုင်းရွတ်ဆိုဆု့တောင်းရပါမည်။အချိန်တိကျစွာဆောင်ရွက်ရပါမည်။

“ဘုရားတပည့်တော်သည်ဘုရားတရားသံဃာဆရာ မိဘဟုဆိုအပ်သောအနန္တောအနန္တ ၅ ပါးတို့၏ ဂုဏ်ကျေး ဇူးတော်များ ကိုအာရုံ ပြု့ပြီးကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်း ဆရာတော်ကြီး၏ ကျောက်ခဲ ကျင့်စဉ်ကို ယနေ့အချိန်မှစ၍ ကျင့်ဆောင်ပါမည်အရှင်ဘုရား“

ဤ ကျောက်ခဲ ကျင့်စဉ် ကျင့်ဆောင်သည့်နေ့မှ စ ၍ မိမိတို့တွင်တွေ့ကြုံခံစားနေရသော ရန်ဓာတ်၊မာန်ဓာတ်၊အတိုက်အခိုက်ဓာတ်၊ဟူ၍ အမြန်ဆုံး ချူပ်ငြိမ်းပပျောက်ပါစေသတည်း ” ဟု့စိတ်ဆန္ဒထက်သန်စွာဖြင့်ဆုတောင်းရွတ်ဆိုပြီးထိုရေကိုမကြာခဏသောက်ရန်ဖြစ်ပါသည်။

ဤကျောက်ခဲကျင့်စဉ်ကိုကျင့်ဆောင်နေသည့် ပုဂ္ဂိုလ်သည်အလုပ်ကိစ္စအတွက် ဖြစ်စေ စီးပွားရေးအတွက်ဖြစ်စေ စကားပြောဆိုရန်အကြောင်းကိစ္စများအတွက်ဖြစ်စေ၊အနှောက်အယှက်အတိုက်အခိုက်များအတွက်ဖြစ်စေမည်သည့်အကြောင်းကိစ္စအတွက်ဖြစ်စေ ပြု့လုပ်ဆောင်ရွက်မည်ဆိုပါက

ဖော်ပြပါခွက်ထဲမှထည့်ထားသော” ရေ”ကိုသောက်သွားရန်ဖြစ်သည်။ထို့နောက်ရေကိုအသစ်ထည့် ၍ အမြဲ ဖြည့်ထားရန်ဖြစ်ပြီးဖြစ်နိုင်ပါကမိမိသောက်နေသည့်ရေအစားအဆိုပါရေကိုအမြဲမကြာခနသောက်ရန်ဖြစ်သည်။

ရရှိစေနိုင်သောအကျိူးတရားမှာမိမိအပေါ် တစ်ဘက်ရန်သူကစီးပွားရေးအရဖြစ်စေအိမ်ထောင်ရေးအရဖြစ်စေလုပ်ငန်းကိစ္စအရဖြစ်စေလူမှု့ရေးအရဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်စေတိုက်ခိုက်လာပါကတိုက်ခိုက်၍မရရှိကြောင်းထူးခြားစွာသိရှိရသည်။

ဥုံ … သြောင်း ( ဝေ – ဒါ – သာ – ကု )အစရှိသောဒဏ်ပြန်ဂါထာတော်များ ရွတ်ဆိုစရာမလိုသည့် အစွမ်းထက်ကျင့်စဉ်ဖြစ်ပါသည်။ထူးခြားအစွမ်းထက်သည့်ကျောက်ခဲကျင့်စဉ်အားဆရာတော်ကြီး ကိုယ်တိုင်ကျင့်ကြံအားထုပ်ပြီးသိရှိလာသောကိုယ်တွေ့ကျင့်စဉ်တစ်ခုလည်းဖြစ်ပါသည်။

တနင်္ဂနွေ .. ကျောက်ခဲ (၁) လုံး

တနင်္လာ (၂) လုံး

အင်္ဂါ (၃) လုံး

ဗုဒ္ဓဟူး (၄) လုံး

ကြာသပတေး (၅) လုံး

သောကြာ (၆) လုံး

စ နေ (၇) လုံး

ရာဟု( ၄ ) လုံး

မိမိ မွေးနံအတိုင်းကောက်ယူရမည်ဖြစ်သည်။

ခရက်ဒစ်မြတ်မိုတင့် (ရေးသားပူဇော်ပါသည်)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *