မေလအတွင်းမိုးကြီးမည့်တိုင်းဒေသကြီးများနှင့် ရေကြီးရေလျှံခြင်းသတိပြုရမည့်ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စုစုစံမှကြိုတင်သတိပေး

မေလအတွင်းမိုးကြီးမည့်တိုင်းဒေသကြီးများနှင့် ရေကြီးရေလျှံခြင်းသတိပြုရမည့်ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စုစုစံမှကြိုတင်သတိပေး

၂၀၂၂ မေလအတွင်း နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်း မကွေးတိုင်းတွေမှာ ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်တို့တွင်ရွာသွန်းမြဲထက်၃ဆပိုမိုရွာသွန်းနိုင်ပါတယ်။

အထူးသတိပြုရမှာကတော့ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ပိုင်းနှင့်ရခိုင်ရိုးမပေါ်တွင်မိုးများစွာရွာသွန်းနိုင်သဖြင့်မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်နေထိုင်ကြတဲ့မြို့ရွာများ ချောင်းကမ်းဘေးနေကြသူများ ရေကြီးရေလျှံနိုင်မှု့သတိပြုရပါမယ်။

နွေရာသီရေကျကျွန်းပေါ်ကျွန်းစိုက်တောင်သူများသတိထားသင့်ပါတယ်။ဘင်္ဂလားပင်လယ်အော် မေမုန်တိုင်းက မြန်မာနိုင်ငံအနှံအပြားမှာမိုးရွာနိုင်ပြီး ဧရာဝတီမြစ်ဖျားပိုင်းတွေမှာရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့်

မေလအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မြစ်ရေများစွာတိုးလာကာမြေနုကျွန်းပေါ်စိုက်ခင်းများရေလွှမ်းမိုးသွားနိုင်ပါတယ် အချိန်မှိရိတ်သိမ်းထားကြပါလို့အကြံပြုလိုက်ရပါတယ်။

၂၀၂၂ မေလ၊ဇွန်လနှင့်ဇူလိုင်လတွေမှာ စစ်ကိုင်းတိုင်းတစ်ခုလုံးမိုးရွာပြီးသဖန်းဆိပ်ဆည်ရေဝင်ဧရိယာကြီးဖြစ်တဲ့ ဝန်းသိုကောလင်း ဗန်းမောက် ပင်လည်ဘူး ဒေသတွေမှာမိုးကြီးနိုင်သဖြင့် ဒေါင်းမြူးချောင်းရေကြီးရေလျှံဖြစ်နိုင်မှုအလားအလားများနေပါသဖြင့်အထူးသတိထားရမည့်ကာလဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်ရေပြည်မှတ်ကိုကျော်လွန်ရောက်ရှိနိုင်ပါတယ်။2022 August လမှာ တာပိန်မြစ် ရွှေလီမြစ် ရေကြီးနိုင်ပါတယ် လိုင်ဇာမိုးကြီးရေလျှံနိုင်ပါတယ်ဆိုပြီး မိုးလေဝသပညာရှင်လေးစုစုစံမှ သတိပေးနှိုးဆော်ထားပါတယ်။

ေမလအတြင္းမိုးႀကီးမည့္တိုင္းေဒသႀကီးမ်ားႏွင့္ ေရႀကီးေရလွ်ံျခင္းသတိျပဳရမည့္ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားကို စုစုစံမွႀကိဳတင္သတိေပး(Zawgyi)

၂၀၂၂ ေမလအတြင္း ေနျပည္ေတာ္ရွမ္းျပည္နယ္ေတာင္ပိုင္း မႏၲေလးတိုင္း မေကြးတိုင္းေတြမွာ ႐ြာသြန္းၿမဲထက္၂ဆပိုမို႐ြာသြန္းႏိုင္ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ခ်င္းျပည္နယ္တို႔တြင္႐ြာသြန္းၿမဲထက္၃ဆပိုမို႐ြာသြန္းႏိုင္ပါတယ္။

အထူးသတိျပဳရမွာကေတာ့ မေကြးတိုင္း ဧရာဝတီျမစ္အေနာက္ဖက္ပိုင္းႏွင့္ရခိုင္႐ိုးမေပၚတြင္မိုးမ်ားစြာ႐ြာသြန္းႏိုင္သျဖင့္မေကြးတိုင္းဧရာဝတီျမစ္အေနာက္ဖက္ေနထိုင္ၾကတဲ့ၿမိဳ႕႐ြာမ်ား ေခ်ာင္းကမ္းေဘးေနၾကသူမ်ား ေရႀကီးေရလွ်ံႏိုင္မႈ႕သတိျပဳရပါမယ္။

ေႏြရာသီေရက်ကြၽန္းေပၚကြၽန္းစိုက္ေတာင္သူမ်ားသတိထားသင့္ပါတယ္။ဘဂၤလားပင္လယ္ေအာ္ ေမမုန္တိုင္းက ျမန္မာႏိုင္ငံအႏွံအျပားမွာမိုး႐ြာႏိုင္ၿပီး ဧရာဝတီျမစ္ဖ်ားပိုင္းေတြမွာ႐ြာသြန္းၿမဲထက္ ၃ဆပိုမို႐ြာသြန္းႏိုင္သျဖင့္

ေမလအတြင္း ဧရာဝတီျမစ္ေၾကာင္းတေလွ်ာက္ျမစ္ေရမ်ားစြာတိုးလာကာေျမႏုကြၽန္းေပၚစိုက္ခင္းမ်ားေရလႊမ္းမိုးသြားႏိုင္ပါတယ္ အခ်ိန္မွိရိတ္သိမ္းထားၾကပါလို႔အႀကံျပဳလိုက္ရပါတယ္။

၂၀၂၂ ေမလ၊ဇြန္လႏွင့္ဇူလိုင္လေတြမွာ စစ္ကိုင္းတိုင္းတစ္ခုလုံးမိုး႐ြာၿပီးသဖန္းဆိပ္ဆည္ေရဝင္ဧရိယာႀကီးျဖစ္တဲ့ ဝန္းသိုေကာလင္း ဗန္းေမာက္ ပင္လည္ဘူး ေဒသေတြမွာမိုးႀကီးႏိုင္သျဖင့္ ေဒါင္းျမဴးေခ်ာင္းေရႀကီးေရလွ်ံျဖစ္ႏိုင္မႈအလားအလားမ်ားေနပါသျဖင့္အထူးသတိထားရမည့္ကာလျဖစ္ပါတယ္။

သဖန္းဆိပ္ဆည္ေရျပည္မွတ္ကိုေက်ာ္လြန္ေရာက္ရွိႏိုင္ပါတယ္။2022 August လမွာ တာပိန္ျမစ္ ေ႐ႊလီျမစ္ ေရႀကီးႏိုင္ပါတယ္ လိုင္ဇာမိုးႀကီးေရလွ်ံႏိုင္ပါတယ္ဆိုၿပီး မိုးေလဝသပညာရွင္ေလးစုစုစံမွ သတိေပးႏႈိးေဆာ္ထားပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *