စက်သုံးဆီစျေးနှုန်းများသတ်မှတ်နှုန်းတိုင်းမရောင်းချပါကတိုင်းကြားနိုင်ရန်နှင့်စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများထုတ်ပြန်

စက်သုံးဆီစျေးနှုန်းများသတ်မှတ်နှုန်းတိုင်းမရောင်းချပါကတိုင်းကြားနိုင်ရန်နှင့်စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများထုတ်ပြန်

ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့တော်တွေအတွက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းသတ်မှတ်ချက်တွေကိုစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခြေခံရည်ညွှန်းဈေးနှုန်းတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိတဲ့မြို့အလိုက်မတူညီတဲ့ ရည်ညွှန်းဈေးနှုန်းတွေထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။မေလ ၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့အဲ့ဒီရည်ညွှန်းဈေးနှုန်းတွေကတော့

ရန်ကုန်မှာ၉၂ တစ်လီတာကို၁,၉၆၅ ကျပ်ဖြစ်ကာမန္တလေးမြို့မှာတော့ ၂,၀၁၀ ကျပ်ရှိမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က သီလဝါ ဆီသိုလှောင်စခန်းတွေမှာ စက်သုံးဆီ ပြတ်လပ်နေပြီလို့ကောလဟလသတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့စက်သုံးဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေစက်သုံးဆီဖြည့်ဖို့တန်းစီရတဲ့အခြေအနေတွေဖြစ်လာခဲ့ပြီးစက်သုံးဆီ ပြတ်လပ်မှာကိုစိုးရိမ်တာမျိုးတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့

မော်တော်ယာဉ်တွေတန်းစီကာစက်သုံးဆီဖြည့်တင်းဖို့ စောင့်ဆိုင်းရတဲ့ အခြေအနေတွေဖြစ်ပေါ်လာခဲ့ပါသေးတယ်။“အခုကြေညာထားတာကဘယ်လိုလဲတော့မသိဘူးပေါ့နော်။ဒီဈေးနှုန်းအတိုင်းအတက်အကျမရှိဘဲထိန်းမယ့်သဘောဖြစ်နိုင်တာပေါ့။

ဆိုင်တွေမှာတော့ဈေးကတောက်လျှောက်တက်နေတာပဲ။ကျရင်တော့ကျဈေးလိုချင်တာပေါ့” လို့ ရန်ကုန်မြို့နေပြည်သူတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့ရန်ကုန်တိုင်းဒေသကြီးမှာစက်သုံးဆီ ၉၂ တစ်လီတာကိုကျပ် ၂,၀၀၀ နီးပါး ဖြစ်နေပြီး ဒီဇယ် တစ်လီတာက ကျပ် ၂,၃၀၀ ကျော်ကို ရောက်ရှိနေတယ်လို့ စက်သုံးဆီဆိုင်တွေဆီကနေသိရှိရပါတယ်။

သုံးစွဲသူပြည်သူများအနေဖြင့်စက်သုံးဆီများဝယ်ယူရာတွင် ကျေနပ်မှုမရှိပါကတိုင်ကြားနိုင်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *