ပြင်ဦးလွင်မြို့မှမြေလွတ်တွေကိုအကွက်ရိုက်ပြီး လိုင်းပေါ်ကနေ ကြေညာရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ကြေညာ

ပြင်ဦးလွင်မြို့မှမြေလွတ်တွေကိုအကွက်ရိုက်ပြီး လိုင်းပေါ်ကနေ ကြေညာရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ကြေညာ

ပြင်ဦးလွင်မြို့နယ်နိမိတ်အတွင်းရှိမြေကွက်များနှင့်ပတ်သက်၍ယခုနောက်ပိုင်းကာလတွင်မြေယာလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် ကွက်စိပ်ရိုက်ခြင်းကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများဆောင်ရွက်နေမှုများအပေါ်

မြေအမျိုးအစားအလိုက်နိုင်ငံတော်မှခွင့်ပြုပေးထားသည့်စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်နှင့်လိုက်နာခြင်းမရှိပါကသက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းနှင့်ပြင်ဦးလွင်မြို့မှာရှိတဲ့မြေလွတ်၊မြေလပ်၊မြေရိုင်းတွေကိုကွက်စိတ်ရိုက်ပြီး

လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်ရောင်းချနေတာတွေကိုအရေးယူဆောင်ရွက်သွားမယ်လို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီက မေလ၄ရက်နေ့ယနေ့မှာနိုင်ငံပိုင်သတင်းစာမှ အသိပေးကြေညာထားသည်ကိုတွေ့ရသည်။

အိမ်ခြံမြေအကျိုးတော်ဆောင်တွေ၊ပွဲစားတွေကအဲ့ဒီမြေလွတ်မြေရိုင်းတွေကိုအစိုးရက ခွင့်ပြုပေးထားတဲ့အတိုင်း မဆောင်ရွက်ဘဲ အကွက်စိတ်တွေရိုက်ကာဈေးနှုန်းသက်သာစွာနဲ့ လူမှုကွန်ရက်တွေကနေတဆင့် ရောင်းချနေတာတွေက တရားမဝင်ဘူးလို့လည်း အဲ့ဒီကြေညာချက်မှာပြောထားပါတယ်။

ပုံစံ (၇) ရရှိထားပေမယ့် ပုံစံ (၇) ပါ စည်းကမ်းချက်တွေနဲ့မလုပ်ဘဲကျော်လွန်လုပ်ဆောင်နေတာ၊ လယ်ယာမြေကိုအခြားသုံးခွင့်လျှောက်ထားပြီး အကွက်ရိုက်ကာပြန်ရောင်းချနေတာ၊မြို့မြေတွေပေါ်က အငှားဂရမ်နဲ့မြေတွေကိုလည်းကွက်စိတ်ရိုက်ရောင်းချနေတာတွေ စိစစ်တွေ့ရှိရတယ်လို့ဆိုပါတယ်။

မြို့မြေတွေမှာလည်း မြေငှားဂရန်အငှားချထားခြင်းခံရသူတွေကမြေငှားဂရန်စာချုပ်ပါစည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ခြင်းမရှိဘဲကွက်စိပ်များရိုက်၍ရောင်းချနေကြပါတယ်။ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်ဟာစည်ပင်သာယာရေးနယ်နိမိတ်အတွင်းပါဝင်တယ်ဆိုပြီးရပ်ကွက်ကြီးတွေရဲ့

စိုက်ပျိုးမြေတွေ၊ လယ်ယာမြေတွေမှာ နေအိမ်တွေတရားဝင်ဆောက်လုပ်ခွင့်ရှိတယ်ဆိုပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာကြော်ငြာပြီးမြေကွက်တွေရောင်းချနေတာတွေကိုအိမ်ခြံမြေအကျိုးဆောင်တွေနဲ့ပွဲစားတွေကလုပ်ကိုင်ဆောင်ရွက်နေတာကိုတွေ့ရှိရပါတယ်။

နိုင်ငံတော်အစိုးရသည်မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့သည်တောင်ပေါ်အပန်းဖြေမြို့၊ခရီးသွားမြို့ဖြစ်သည်နှင့်အညီပြင်ဦးလွင်မြို့ကို (Green City)၊ (Clean City)၊ (Smart City)ဖြစ်အောင်ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များပျက်စီးမှုမရှိအောင်စီမံဆောင်ရွက်လျက်ရှိပြီး

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေကွက်များအားကွက်စိပ်ရိုက်ခြင်းကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုး ကာရံခြင်း၊အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများဆောင်ရွက်နေမှုများအပေါ်မြေအမျိုးအစားနှင့်သက်ဆိုင်သည့်ဌာနဆိုင်ရာများမှဥပဒေ၊နည်းဥပဒေများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့်အဲဒီလိုမျိုးမြေကွက်တွေကိုမက်လုံးပေးရောင်းချတာကို ယုံကြည်ပြီး ဝယ်ယူမိရင်နောင်တစ်ချိန်မှာ နစ်နာဆုံးရှုံးမှုရှိနိုင်တဲ့အတွက် အထူးသတိပြုစေလိုပြီးမြေယာစည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *