ထူးဆန်းသောအသည်းရောင်အသားဝါရောဂါပိုး အမေရိကန်နိုင်ငံမှကလေးငယ် ၉ ဦးတွင်စစ်ဆေးတွေ့ရှိ

ထူးဆန်းသောအသည်းရောင်အသားဝါရောဂါပိုး အမေရိကန်နိုင်ငံမှကလေးငယ် ၉ ဦးတွင်စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှကလေးငယ် ၉ ဦးတွင် ထူးဆန်းသောအသည်းရောင်အသားဝါရောဂါဖြစ်ပွားသဖြင့်စစ်ဆေးမှုပြုရာ Adenovirus 41 ဟုယေဘုယျအားဖြင့် သတ်မှတ်ထားသည့် ဗိုင်းရပ်စ်ပေါ့စတစ်ဖြစ်နေသည်ဟု

အမေရိကန် ရောဂါဘယကာကွယ်ထိန်းချုပ်ရေးဌာန(US CDC)က သတင်းထုတ်ပြန်သည်။ဧပြီ ၂၁ရက်အထိ သိရသော အချက်အလက်များအရ နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ မူလက ကျန်းမာသန်စွမ်းသောအသက် ၁ နှစ်မှ၆ နှစ်အရွယ်ကြားကလေးငယ်ပေါင်း ၁၇၀ တို့တွင်ယင်းဗိုင်းရပ်စ်ကူးစက်မှုကို စစ်ဆေးတွေ့ရှိကြောင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကဆိုထားသည်။ အမေရိကန် ဝစ္စကွန်ဆင်ပြည်နယ်တွင် ကလေးငယ်တစ်ဦးသေဆုံးမှုအားလည်း စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။ US CDC သည် အလာဘားမားတွင်ယင်းဗိုင်းရပ်စ်အစုအပြုံလိုက်ကူးစက်မှုကိုတွေ့ရှိခဲ့ပြီးနောက်

နိုင်ငံတစ်ဝန်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျှက်ရှိသည်။”ယခုအချိန်တွင် ယင်းကလေးငယ်များဝယ်ရောဂါဖြစ်ပွားရခြင်းသည် Adenovirus ကြောင့်ဟုကျွန်ုပ်တို့ ယုံကြည်သော်လည်း အခြားဖြစ်နိုင်ဖွယ်ရာအလားအလာရှိသောပတ်ဝန်းကျင်နှင့်

အခြေအနေဆိုင်ရာအချက်များအား စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်”ဟု US CDC မှ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

Ref: U.S. CDC: Virus might be behind mystery child hepatitis cases

ထူးဆန္းေသာအသည္းေရာင္အသားဝါေရာဂါပိုး အလာဘားမားမွကေလးငယ္ ၉ ဦးတြင္စစ္ေဆးေတြ႕ရွိ(Zawgyi)

အေမရိကန္ႏိုင္ငံ အလာဘားမားျပည္နယ္မွကေလးငယ္ ၉ ဦးတြင္ ထူးဆန္းေသာအသည္းေရာင္အသားဝါေရာဂါျဖစ္ပြားသျဖင့္စစ္ေဆးမႈျပဳရာ Adenovirus 41 ဟုေယဘုယ်အားျဖင့္ သတ္မွတ္ထားသည့္ ဗိုင္းရပ္စ္ေပါ့စတစ္ျဖစ္ေနသည္ဟု

အေမရိကန္ ေရာဂါဘယကာကြယ္ထိန္းခ်ဳပ္ေရးဌာန(US CDC)က သတင္းထုတ္ျပန္သည္။ဧၿပီ ၂၁ရက္အထိ သိရေသာ အခ်က္အလက္မ်ားအရ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံရွိ မူလက က်န္းမာသန္စြမ္းေသာအသက္ ၁ ႏွစ္မွ၆ ႏွစ္အ႐ြယ္ၾကားကေလးငယ္ေပါင္း ၁၇၀ တို႔တြင္ယင္းဗိုင္းရပ္စ္ကူးစက္မႈကို စစ္ေဆးေတြ႕ရွိေၾကာင္း

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး(WHO)ကဆိုထားသည္။ အေမရိကန္ ဝစၥကြန္ဆင္ျပည္နယ္တြင္ ကေလးငယ္တစ္ဦးေသဆုံးမႈအားလည္း စုံစမ္းစစ္ေဆးလွ်က္ရွိေၾကာင္းသိရသည္။ US CDC သည္ အလာဘားမားတြင္ယင္းဗိုင္းရပ္စ္အစုအၿပဳံလိုက္ကူးစက္မႈကိုေတြ႕ရွိခဲ့ၿပီးေနာက္

ႏိုင္ငံတစ္ဝန္း စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနလွ်က္ရွိသည္။”ယခုအခ်ိန္တြင္ ယင္းကေလးငယ္မ်ားဝယ္ေရာဂါျဖစ္ပြားရျခင္းသည္ Adenovirus ေၾကာင့္ဟုကြၽႏ္ုပ္တို႔ ယုံၾကည္ေသာ္လည္း အျခားျဖစ္ႏိုင္ဖြယ္ရာအလားအလာရွိေသာပတ္ဝန္းက်င္ႏွင့္

အေျခအေနဆိုင္ရာအခ်က္မ်ားအား စုံစမ္းစစ္ေဆးေနဆဲျဖစ္သည္”ဟု US CDC မွ အစီရင္ခံစာတြင္ ထည့္သြင္းေဖာ္ျပထားသည္။

Ref: U.S. CDC: Virus might be behind mystery child hepatitis cases
Source DVB

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *