သွားများဝါနေလို့စိတ်ညစ်နေတဲ့သူများအတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲအိမ်တွင်းသွားဖြူဆေးလုပ်နည်း

သွားများကို ဖြူဖွေးတောက်ပစေမည့်အိမ်တွင်း သွားဖြူဆေးလေးကိုမျှဝေပေးလိုက်ပါတယ်နော်..အပြုံးဆိုတာ လူတစ်ယောက်အတွက်အရေးကြီးဆုံးအရာဖြစ်ပါတယ်။ပြုံးလိုက်တဲ့အခါ သွားလေးတွေကဖြူနေရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းပိုတိုးလာစေပါတယ်။




ပင်ကိုသွားဝါတဲ့သူတွေပဲဖြစ်ဖြစ်၊ကော်ဖီလက်ဖက်ရည်အရောင်စွဲနေလို့ပဲ ဖြစ်ဖြစ်ဝါနေတဲ့သွားတွေကို ဖြူဖွေးလာစေမယ့်နည်းလမ်းလေးရှိပါတယ်။နည်းလမ်းလေးကတော့မခက်ပါဘူးနော် ..မိမိအိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့အလွယ်တကူလုပ်လို့ရတဲ့နည်းလမ်းလေးပါ။




လုပ်နည်းလေးလေးကိုအောက်မှာဆက်ကြည့်ရအောင်နော် ချစ်မိတ်ဆွေတို့
လိုအပ်သောပစ္စည်းများ
(၁)နနွင်း
(၂)အုန်းဆီ
(၃)မုန့်ဖုတ်ဆိုဒါ




ပြုလုပ်ပုံအဆင့်ဆင့်
အုန်းဆီ၂ ဇွန်းကို ပန်းကန်လုံးလေးထဲမှာထည့်လိုက်ပါ။မုန့်ဖုတ်ဆိုဒါ ၂ ဇွန်းရောလိုက်ပါ။နနွင်းမှုန့်တစ်ဇွန်းရောလိုက်ပါ။ပါဝင်ပစ္စည်းအားလုံးကိုသေသေချာချာနှံ့စပ်အောင်ရောမွှေပေးရပါမယ်။
အသုံးပြုနည်း




ရလာတဲ့အနှစ်ကိုသွားပွတ်တံအပေါ်တင်ပေးလိုက်ပါ။ပြီးရင်သွားကိုသေသေချာချာလေးတိုက်လိုက်ပါ။ဘာအမြှုပ်မှထွက်မှာမဟုတ်ပါဘူးနော်။ပလုတ်ကျင်းတဲ့အခါ ရေနွေးနဲ့ကျင်းပေးပါ။
သွားပွတ်တံကိုလည်း ရေနွေးနဲ့ပဲ ဆေးကြောပေးပါ။ဖြူစင်တောက်ပတဲ့သွားလေးတွေရရှိမှာပါနော်။မူရင်းရေးသားခဲ့သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။
သြားမ်ားဝါေနလို႔စိတ္ညစ္ေနတဲ့သူမ်ားအတြက္ ေဘးထြက္ဆိုးက်ိဳးမရွိဘဲအိမ္တြင္းသြားျဖဴေဆးလုပ္နည္း(Zawgyi)

သြားမ်ားကို ျဖဴေဖြးေတာက္ပေစမည့္အိမ္တြင္း သြားျဖဴေဆးေလးကိုမွ်ေဝေပးလိုက္ပါတယ္ေနာ္..အၿပဳံးဆိုတာ လူတစ္ေယာက္အတြက္အေရးႀကီးဆုံးအရာျဖစ္ပါတယ္။ၿပဳံးလိုက္တဲ့အခါ သြားေလးေတြကျဖဴေနရင္ကိုယ့္ကိုယ္ကိုယုံၾကည္မႈလည္းပိုတိုးလာေစပါတယ္။
ပင္ကိုသြားဝါတဲ့သူေတြပဲျဖစ္ျဖစ္၊ေကာ္ဖီလက္ဖက္ရည္အေရာင္စြဲေနလို႔ပဲ ျဖစ္ျဖစ္ဝါေနတဲ့သြားေတြကို ျဖဴေဖြးလာေစမယ့္နည္းလမ္းေလးရွိပါတယ္။နည္းလမ္းေလးကေတာ့မခက္ပါဘူးေနာ္ ..မိမိအိမ္မွာရွိတဲ့ ပစၥည္းေလးေတြနဲ႔အလြယ္တကူလုပ္လို႔ရတဲ့နည္းလမ္းေလးပါ။
လုပ္နည္းေလးေလးကိုေအာက္မွာဆက္ၾကည့္ရေအာင္ေနာ္ ခ်စ္မိတ္ေဆြတို႔
လိုအပ္ေသာပစၥည္းမ်ား
(၁)နႏြင္း
(၂)အုန္းဆီ
(၃)မုန႔္ဖုတ္ဆိုဒါ
ျပဳလုပ္ပုံအဆင့္ဆင့္
အုန္းဆီ၂ ဇြန္းကို ပန္းကန္လုံးေလးထဲမွာထည့္လိုက္ပါ။မုန႔္ဖုတ္ဆိုဒါ ၂ ဇြန္းေရာလိုက္ပါ။နႏြင္းမႈန႔္တစ္ဇြန္းေရာလိုက္ပါ။ပါဝင္ပစၥည္းအားလုံးကိုေသေသခ်ာခ်ာႏွံ႔စပ္ေအာင္ေရာေမႊေပးရပါမယ္။
အသုံးျပဳနည္း
ရလာတဲ့အႏွစ္ကိုသြားပြတ္တံအေပၚတင္ေပးလိုက္ပါ။ၿပီးရင္သြားကိုေသေသခ်ာခ်ာေလးတိုက္လိုက္ပါ။ဘာအျမႇဳပ္မွထြက္မွာမဟုတ္ပါဘူးေနာ္။ပလုတ္က်င္းတဲ့အခါ ေရေႏြးနဲ႔က်င္းေပးပါ။
သြားပြတ္တံကိုလည္း ေရေႏြးနဲ႔ပဲ ေဆးေၾကာေပးပါ။ျဖဴစင္ေတာက္ပတဲ့သြားေလးေတြရရွိမွာပါေနာ္။မူရင္းေရးသားခဲ့သူအားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္။