သဘာဝပစ္စည်းများနဲ့ လွယ်ကူစွာဆံကေသာထိန်းသိမ်းကြမယ်
ဆံကေသာဟာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်တယ်လို့ပြောတာကြားဖူးကြမယ်ထင်ပါတယ်။ ဆံကေသာထိန်းသိမ်းမှုဟာလည်းမိမိမျက်နှာအသားအရည်ကိုSkincareသလို အရမ်းအရေးကြီးပါတယ်နော်။

ဆံကေသာကို မပျက်စီးအောင် ထိန်းသိမ်းနည်းလေးတွေနဲ့ သဘာဝပေါင်းတင်နည်းလေးကိုပြောပြပေးသွားပါမယ်။
ပြုလုပ်နည်း(၁)
ကြက်ဥကိုသုံးပြီးပြုလုပ်တဲ့ သဘာဝ Conditioner နည်းလမ်း

အကယ်၍မိမိဆံပင်သားကခြောက်သွေ့ပြီးကျိုးကျေလွယ်နေတယ်ဆိုရင်တော့ ဆံကေသာကို ခေါင်းလျှော်ပြီးတဲ့နောက် ကြက်ဥသုံးပြီးသဘာဝနည်းလမ်းလေးနဲ့ပျော့အောင်ကြည့်ကြစို့။

ကြက်ဥအကာတစ်လုံး လိုအပ်ပါမယ်။ကြက်ဥကိုမွေပြီးမိမိရဲ့ဆံကေသာအနှံ့သုတ်လိမ်းပါ။ မိနစ်၂၀လောက်ပေါင်းထားပြီးရင်တော့ရေအေးနဲ့လောင်းချဆေးကြောပေးပါ။(ဆံပင်အရှည်ပေါ်မူတည်ပြီး ကြက်ဥအကာသုံးပေးပါနော်)။ဒီနည်းလမ်းလေးဟာအရမ်းကိုလွယ်ကူပြီးဆံကေသာကိုအထူးအထောက်အကူဖြစ်စေပါတယ်။

အထူးသတိပြုရာမှာကကြက်ဥဟာအနံ့ညှီတဲ့အတွက်ရေအေးနဲ့သေချာပြောင်စင်အောင် ဆေးကြောဖို့မမေ့ပါနဲ့နော်။ဆံကေသာကို သန့်ရှင်းအောင်ထားခြင်းကလည်းအရမ်းအရေးကြီးပါတယ်။
ဦးရေပြားမှာဖောက်ထခြင်း၊ယားယံခြင်းတွေဟာဆံပင်အမြောက်အများကျွတ်ခြင်းမှလည်းသက်သာစေပါတယ်။

အဲ့တော့ကျန်းမာပြီးသန့်ရှင်းနေတဲ့ဆံကေသာဖြစ်အောင်ဂရုစိုက်ဖို့မမေ့ပါနဲ့နော်။ရေနွေးသုံးပြီး ဆံကေသာဆေးကြောခြင်းကို ရှောင်ပါ။
ရေနွေးဟာဆံကေသာမှာရှိတဲ့ အဆီဓာတ်ကို ဖယ်ရှားပစ်တဲ့အတွက်ဆံသားကိုကျိုးကြေလွယ်ပြီးခြောက်သွေ့စေပါတယ်။ရေနွေးနဲ့ခေါင်းလျှော်တတ်တဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်အပူချိန်ထက်အနည်းငယ်သာနွေးတဲ့ရေနွေးကိုအသုံးပြုလို့ရပါတယ်။
ဘူးသီးသုံးပြီး ဆံကေသာထိန်းသိမ်းနည်း
ပြုလုပ်နည်း(၂) ဘူးသီးစိတ်ကိုအသုံးပြုပြီးဆံသားထိန်းသိမ်းနည်း

မိမိဆံကေသာအရှည်ကိုချိန်ဆ၍ဘူးသီးစိတ်များကို Blender နဲ့ကျိတ်ပါ။ရလာတဲ့ဘူးသီးရည်ကိုဆံကေသာမှာသုတ်လိမ်းပေးပါ။နာရီဝက်လောက်ပေါင်းတင်ပြီးတဲ့အခါ ရေအေးနဲ့ဆေးချပါ။ဒီနည်းလမ်းကလည်းဆံကေသာကို သဘာဝနည်းနဲ့ပြုပြင်ထိန်းသိမ်းရာမှာ ထိရောက်တဲ့နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။
ပြုလုပ်နည်း(၃)မိမိအသုံးပြုနေသော Conditioner နဲ့ပျားရည်အသုံးပြုနည်း

ဒီနည်းကတော့အဆီများပြီး ပျော့ပျောင်းတဲ့ဆံသားရှိသူများအတွက် ဆံသားထိန်းသိမ်းနည်းလေးပါ။

မိမိအသုံးပြုနေတဲ့ Conditioner ကိုခွက်ထဲထည့်ပြီး ပျားရည်၃ဇွန်းနဲ့ ရောမွေပါ။ ပြီးနောက်ဆံကေသာမှာလိမ်းပေးပါ။ မိနစ်၃၀ထားပြီးရင်ရေအေးနဲ့ဆေးချပါ။ဒီနည်းလမ်းလေးဟာဆံကေသာရဲ့ပထမအလွှာCuticleကိုအားဖြည့်ပေးပြီးဆံသားကိုတောက်ပစေပါတယ်။

ပြုလုပ်နည်း(၄) Baking Soda သုံး၍ ဆံကေသာ ထိန်းသိမ်းနည်း
Baking Soda စားပွဲတင်ဇွန်း၃ဇွန်းနဲ့ ရေကိုရောမွေပါ။ခေါင်းလျှော်ထားတဲ့ရေမစိုမခြောက်ဆံကေသာမှာလိမ်းပေးပါ။၅ မိနစ်ခန့်ထားပြီးရေနဲ့ဆေးချပေးပါ။

Baking Sodaဟာဆံကေသာထဲမှာရှိနေတဲ့ Hair Productတွေရဲ့ Chemical အညစ်အကြေးတွေကိုသန့်စင်စေပါတယ်။ပြောရမယ်ဆိုဆံကေသာအဆိတ်ထုတ်သလိုမျိုးပေါ့။

ပြုလုပ်နည်း(၅) Apple Cider နှင့် ရေနွေးကြက်သီးနွေး သုံး၍ထိန်းသိမ်းနည်း
ဒီနည်းလေးကတော့ဆံသားဖွာသူများအတွက် ဆံကေသာ ထိန်းသိမ်းစောင့်ရှောက်နည်းလေးဖြစ်ပါတယ်။

မိမိဆံကေသာရှည်လျားမှုကိုလိုက်၍ ရေနွေးတစ်စ Apple Cider တစ်စရောပြီး ၅မိနစ်ခန့်ဆံကေသာမှာ လိမ်းထားပြီးပေါင်းတင်ပေးပါ။ ပြီးနောက်ရေနဲ့ဆေးချပါ။ ဒီနည်းလမ်းကလည်း ဆံသားကိုအရမ်းအထောက်အကူဖြစ်စေပါတယ်နော်။

ဆံပင်ကိုနေ့တိုင်းနီးပါး လျှော်ခြင်းရှောင်ပါ။ဆံပင်ကို နှစ်ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါလျှော်ပေးသင့်ပါတယ်။ဆံသားကိုခဏခဏဆေးကြောခြင်းဟာဆံသားရဲ့သဘာဝအဆီထုတ်လုပ်မှုနဲ့ ဆံသားအရောင်တောက်ပမှုကို ဖျက်စီးစေပါတယ်။

သဘာဝ Conditioner နည်းလမ်းကိုသုံးပြီး ပေါင်းတင်ဖို့မမေ့ပါနဲ့။ကဲသဘာဝပစ္စည်းကိုသုံးပြီးပေါင်းတင်ကြပါစို့။
(၁)ဆံသားကိုအားတိုးစေတဲ့သဘာဝ Conditioner မှာလိုအပ်တဲ့ ပစ္စည်းတွေကဒိန်ချဉ်နဲ့ ကြက်ဥပါ။

မိမိဆံသားအရှည်ကိုလိုက်၍ဒိန်ချဉ်နဲ့ ကြက်ဥကိုရော၍မွေပါ။ပြီးနောက်ဆံသားနဲ့ ဦးရေမှာသုတ်လိမ်းပြီး၅မိနစ်ကနေ၁၀မိနစ်အတွင်းထားပါ။ ထို့နောက် ရေဖြင့်ပြောင်စင်အောင် ဆေးကြောပါ။ ဆံပင်အတွက်လိုအပ်တဲ့ Protein ဓာတ်တွေအများကြီးတိုးစေတာမို့မကြာခဏပေါင်းတင်ဖို့မမေ့ပါနဲ့နော်။

(၂)ကောင်းမွန်တဲ့ဆံကေသာဖြစ်အောင် ပေါင်းတင်နည်း Almond Oil ကိုအသုံးပြုပါမယ်။
မိမိဆံကေသာအရှည်ပေါ်မူတည်ပြီး Almond Oilကို ဖန်ခွက်ထဲမှာထည့်ပါ။ပြီးနောက်စက္ကန့်၄၀လောက်အပူပေးပါ။အပူပေးပြီးပါကမိမိဆံကေသာမှာမိနစ်၃၀နီးပါးသုတ်လိမ်းထားပါ။ထို့နောက်ခေါင်းလျှော်ပြီးဆံကေသာကိုမိမိအသုံးပြုနေသော Conditioner ကိုသုံးပြီးပေါင်းတင်ပေးပါ။ဒီနည်းလမ်းလေးဟာဆံကေသာကိုကောင်းမွန်အောင်အားဖြည့်ပေးပါတယ်။
ဖိုလ်တိုခရက်ဒစ်