တောင်သူတစ်ဦးချင်းချေးငွေပမာဏအားယခင်ထက်သိန်း၂၀၀ထပ်တိုးချေးပေးမည်ဟုသိရ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း(JICA, Two Step Loan)စီမံကိန်းအရတောင်သူတစ်ဦးချင်းအများဆုံးထုတ်ချေးနိုင်မည့်ငွေပမာဏအား




သိန်း ၅၀၀မှသိန်း၇၀၀သို့တိုးမြှင့်ထုတ်ချေးခွင့်ပြုထားကြောင်းသိရသည်။စီမံဘဏ္ဍာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကမြန်မာနိုင်ငံတစ်ဝန်းရှိတောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင်အဓိကအသုံးပြုသည့်လယ်ယာသုံးစက်ကိရိယာများနှင့်




လယ်ယာစီးပွားအခြေခံစက်ရုံ၊အလုပ်ရုံများတည်ဆောက်နိုင်ရန်အတိုးနှုန်းသက်သာသည့်ချေးငွေများကို တောင်သူတစ်ဦးချင်းကျပ်သိန်း ၇၀၀အထိနှစ်တိုသုံးနှစ်၊နှစ်ရှည်ငါးနှစ်အရစ်ကျပြန်ဆပ်စနစ်ဖြင့်ထုတ်ချေးပေးလျက်ရှိကြောင်းပြောသည်။
JICA, Two Step Loan ချေးငွေစီမံကိန်းကို၂၀၁၇ ခုနှစ်ဇူလိုင်လတွင်စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုးကျပ်ဘီလီယံ ၂၀၀ခန့်ရှိကာဆိုင်းငံ့ကာလ၁၀နှစ်၊ပြန်ဆပ်ကာလနှစ် ၃၀၊ပေါင်းနှစ်၄၀သက်တမ်းရှိသည်ဟုသိရသည်။




၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိနေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုရှိ မြို့နယ် ၁၈၇ မြို့နယ်တို့မှတောင်သူ ၅၅၇၆ ဦးကို ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံထုတ်ချေး ပေးထားပြီးဖြစ်သည်ဟုသိရသည်။
Unie code
ေတာင္သူတစ္ဦးခ်င္းေခ်းေငြပမာဏအားယခင္ထက္သိန္း၂၀၀ထပ္တိုးေခ်းေပးမည္ဟုသိရ

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ကအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာစိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးႏွစ္ဆင့္ေခ်းေငြစီမံကိန္း(JICA, Two Step Loan)စီမံကိန္းအရေတာင္သူတစ္ဦးခ်င္းအမ်ားဆုံးထုတ္ေခ်းႏိုင္မည့္ေငြပမာဏအား
သိန္း ၅၀၀မွသိန္း၇၀၀သို႔တိုးျမႇင့္ထုတ္ေခ်းခြင့္ျပဳထားေၾကာင္းသိရသည္။စီမံဘ႑ာဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကျမန္မာႏိုင္ငံတစ္ဝန္းရွိေတာင္သူလယ္သမားမ်ား၏ လယ္ယာကုန္ထုတ္ လုပ္ငန္းမ်ားတြင္အဓိကအသုံးျပဳသည့္လယ္ယာသုံးစက္ကိရိယာမ်ားႏွင့္
လယ္ယာစီးပြားအေျခခံစက္႐ုံ၊အလုပ္႐ုံမ်ားတည္ေဆာက္ႏိုင္ရန္အတိုးႏႈန္းသက္သာသည့္ေခ်းေငြမ်ားကို ေတာင္သူတစ္ဦးခ်င္းက်ပ္သိန္း ၇၀၀အထိႏွစ္တိုသုံးႏွစ္၊ႏွစ္ရွည္ငါးႏွစ္အရစ္က်ျပန္ဆပ္စနစ္ျဖင့္ထုတ္ေခ်းေပးလ်က္ရွိေၾကာင္းေျပာသည္။
JICA, Two Step Loan ေခ်းေငြစီမံကိန္းကို၂၀၁၇ ခုႏွစ္ဇူလိုင္လတြင္စတင္ခဲ့ၿပီး စီမံကိန္းတန္ဖိုးက်ပ္ဘီလီယံ ၂၀၀ခန႔္ရွိကာဆိုင္းငံ့ကာလ၁၀ႏွစ္၊ျပန္ဆပ္ကာလႏွစ္ ၃၀၊ေပါင္းႏွစ္၄၀သက္တမ္းရွိသည္ဟုသိရသည္။
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္ထိေနျပည္ေတာ္ေကာင္စီ၊တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၁၄)ခုရွိ ၿမိဳ႕နယ္ ၁၈၇ ၿမိဳ႕နယ္တို႔မွေတာင္သူ ၅၅၇၆ ဦးကို ေခ်းေငြက်ပ္ ၂၂၉ ဒသမ ၉၇၉ ဘီလီယံထုတ္ေခ်း ေပးထားၿပီးျဖစ္သည္ဟုသိရသည္။
Zawgyi code