Cyclone alert မုန်တိုင်းသတိ မေလ၂ရက်နေ့မှ၅ရက်နေ့ထိ နေ့အလိုက်မိုးရွားသွန်းမည့်ဒေသများ

Cyclone alert မုန်တိုင်းသတိ မေလ၂ရက်နေ့မှ၅ရက်နေ့ထိ နေ့အလိုက်မိုးရွားသွန်းမည့်ဒေသများ

မေလ ပထမပတ်အတွင်း မုန်းတိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီးကမ်းရိုးတန်းဒေသများ အထူးသတိပြုကြရန်နှင့် မြန်မာနိုင်ငံတဝှမ်းမိုးရွာသွန်းမည့်အခြေအနေများကို မိုးလေဝသဆရာမလေး စုစုစံမှ ကြိုတင်သတိပေးထုတ်ပြန်ပေးထားပါတယ်။

၂၀၂၂ မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အန်ဒမန်ကျွန်းစုမြောက်ဖက် ကိုကိုးကျွန်းအနောက်ဖက်အနီးမှာ ဆိုင်ကလုံးမုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီးအရှေ့ မြောက်ဖက်ကိုဦးတည်ရွှေလျှားနိုင်သဖြင့်

ပုသိမ်ခရိုင် ဧရာဝတီကမ်းရိုးတန်းဒေသများနှင့် ရခိုင်ကမ်းရိုးတန်းဒေသများ အထူးသတိထားကြိုတင် ပြင်ဆင်ထားသင့်ပါတယ်လို့ ကြိုတင်အသိပေးထုတ်ပြန်ပေးထားပါတယ်။အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံဒေသတော်တော်များများမှာ မေဦးမိုးတွေရွာသွန်းလာနိုင်ကာ

မိုးဦးလေဦး မုတ်သုန်ကြိုမိုးတွေဖြစ်တဲ့အတွက် လျှပ်စီးမိုးကြိုးနှင့် ရုတ်တရက်လေပြင်း ဆောင့်တိုက်လေ အန္တရာယ်ရှိပါတယ်။သတိထားကြပါလို့ ကြိုတင်အသိပေးထားတာဖြစ်ပါတယ်။နေ့အလိုက် မိုးရွာသွန်းနိုင်သည့်ဒေသတွေကတော့..

မေလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဧရာဝတီတိုင်း ပဲခူးတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ် ဒေသတွေမှာ မိုးများစွာရွာနိုင်ပြီးအပူလျော့ကျသွားစေနိုင်ပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမိုးကြီးနိုင်ပါတယ်။

မေလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးကြီးနိုင်ပါတယ်။မိုးနည်းရပ်ဝန်းမိုးအနေနဲ့ မေလ ၃ ရက်နေ့တွင် မိုးနည်းရပ်ဝန်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း မကွေးတိုင်းတွေမှာ မိုးရွာနိုင်ပြီးအပူလျော့သွားစေနိုင်ပါတယ်။

မေလ ၄ ရက်နေ့မှာ နေပြည်တော် ရေဆင်း ပျဥ်မနား တပ်ကုန်း ရမည်းသင်း ရွှေဒါး ညောင်လွန့် ပျော်ဘွယ် မိတ္ထီလာသာစည်ဝမ်းတွင်းမိုးများစွာရွာသွန်းနိုင်ပါတယ်။မေလ ၄ ရက်နေ့မှာ မုံရွာခရိုင် စစ်ကိုင်းခရိုင် ကန့်ဘလူခရိုင် ကလေးခရိုင်ဒေသတွေမှာ မိုးရွာနိုင်ပြီး

တမူး ဖောင်းပြင် ပင်လည်ဘူး ကောလင်း ထီးချိုင့် ချပ်သင်း ချပ်ကြီး ဘုံချောင်း နမ့်ခမ်း အင်းတော် မဲဇာ မန်လည် ကသာ ဗန်းမောက်ဒေသတွေမှာ မိုးပိုမိုရွာသွန်းနိုင်ပါတယ်။

မေလ ၅ ရက်နေ့မှာ ရခိုင်ပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ မေလ ပထမ ၁၀ ရက်ပတ်အတွင်း မိုးဦးစောစီးရွာစေမှာဖြစ်ပြီး စိမ်းလန်းစိုပြေသွားပါလိမ့်မယ်လို့ ပြည်သူ့အချစ်တော်လေး စုစုစံမှ ကြိုတင်ခန့်မှန်းထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။

Facebook Comments Box