ဘတ္ထရီအိုးတွေမှာ ရေးသားထားတဲ့အမှတ်အသားများနှင့် ကိန်းကဏန်းများအကြောင်း

ဘတ္ထရီအိုးတွေမှာ ရေးသားထားတဲ့အမှတ်အသားများနှင့် ကိန်းကဏန်းများအကြောင်း

Battery အိုးတွေပေါ်မှာ ရေးထားတဲ့ သိထားသင့်သောကိန်းဂဏန်းများဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်အခုနောက်ပိုင်းထွက်တဲ့ Battery အိုးတွေပေါ်မှာ CCA ဆိုတဲ့ စာလေးပါလာတာ မိတ်ဆွေတို့သတိထားမိကြ လားမသိ။ အဲဒီ CCA ဆိုတာဘာလဲ တချို့လည်းလာမေးကြပါတယ်။

CCA ဆိုတာဘာလဲ ?

CCA ဆိုတာ Cool Cranking Ampere ဆိုတဲ့ အဓိပ္ပါယ်ပါ။ -18°C (or) 0°F ဆိုတဲ့ အရမ်းအေးခဲနေတဲ့ ရာသီဥတုမှာ ကားကို စက်စနှိုးလိုက်တဲ့အချိန်ဒီဘထ္တရီအိုးက Ampere အပြည့်အ၀အချိန်ဘယ်လောက် ကြာကြာ တောင့်ခံနိုင်သလဲဆိုတာကိုရည်ရွယ်ပြီးရေးသားထားတဲ့သင်္ကေတဖြစ်ပါတယ်။နည်းနည်းထပ်ရှင်းပြပါ့မယ်။

ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ ကားတွေရဲ့ Engine ဟာ Internal Combustion Engine ဆိုတဲ့ အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရတဲ့ အင်ဂျင်ဖြစ်ပြီး အင်ဂျင်ဟာ အပူစွမ်းအင်သုံးအင်ဂျင်တွေပါ။ဒါကြောင့် ရာသီဥတုအရမ်းအေးတဲ့အချိန်မှာအင်ဂျင်ဟာနှိုးရခက်ခဲပါတယ်။နောက်တချက်က အင်ဂျင်စက်စစနှိုးလိုက်တဲ့အချိန်မှာအင်ဂျင်စတင်လည်ပတ်ဖို့ Starter Motor ကနေလှည့်ပေးရတာမို့ဘထ္တရီကနေ Load (Current) တအားဆွဲပါတယ်။

နောက် ကားစက်နှိုးဖို့ သော့ဖွင့်လိုက်တာနဲ့ ကားမှာပါတဲ့ Accessories တွေ ကလည်း စတင်အလုပ်လုပ်ပါတယ်။နောက် Alternator (Dynamo) ကလည်း Charging ထုတ်ပေးဖို့ အတွက်အတွင်းမှာရှိတဲ့ Rotary ကလည်း Electromagnetic (လျှပ်စစ်သံလိုက်)စတင်ဖြစ်တဲ့အတွက်ဘထ္တရီကနေပဲပါဝါကိုစတင်ယူပါတယ်။

ဒီလိုဖြစ်တဲ့အတွက် ဘထ္တရီအိုးသက်တမ်းကြာလို့ အားကျလာရင် ကားစက် စနှိုးတာနဲ့ စတင်ဆွဲတဲ့ Current (amps) ဒဏ်ကိုတောင့်မခံနိုင်တော့ဘဲ အီလာတာ၊ မနိုးချင် နိုးချင်နဲ့နိုးတာ၊လုံး၀နှိုးမရတာတွေဖြစ်လာတာပါ။ဒီ CCA ဆိုတဲ့ Cool Cranking Ampere ဆိုတာက -18°C (or) 0°F ဆိုတဲ့

အရမ်းအေးနေတဲ့ရာသီဥတုမှာကားစက်စစနှိုးလိုက်တဲ့အချိန်ကားပစ္စည်းအမျိုးမျိုးကနေဆွဲယူလိုက်မယ့်အမြင့်ဆုံး Current (Amps) ကို 30 Seconds အထိ တောင့်ခံပြီးထိန်းထားပေးပြီးဘထ္တရီရဲ့ ဗို့အား (Voltage) 12V ကနေ 7.2 Volts အောက်မကျ သွားအောင် တည်တည်ငြိမ်ငြိမ်ထိန်းထား နိုင်စွမ်းကိုဆိုလိုတာပါ။

ရိုးရိုးလေးပြောရရင်တော့CCA တန်ဖိုး(Amps) မြင့်လေလေပိုကောင်းလေဆိုတဲ့သဘောပါပဲ။အောက်ကပုံတွေမှာကြည့်လိုက်ရင်လည်း 320A(CCA) ၊ 370A(CCA) ၊ 490A(CCA) ဆိုပြီးဘထ္တရီအိုးရဲ့ဆိုက်အရွယ်အစားပေါ်လိုက်ပြီး CCA တန်ဖိုးအနည်းအများကွာခြားသွားတာပါ။

ဥပမာအားဖြင့် 320A(CCA) ဘထ္တရီအသစ်တလုံးက -18°C (or) 0°F အချိန်မှာ 320 Amperes အပြည့် ဆွဲလိုက်မယ်ဆိုရင်စက္ကန့် ၃၀ ကြာအောင် တောင့်ခံထားပေးနိုင်တယ်လို့ဆိုလိုတာပါ။ ဒါကြောင့် CCA တန်ဖိုးများလေလေ Current ဆွဲအားများများပိုဆွဲခံနိုင်လေပါပဲ။တချို့ကားတွေမှာတော့ Cold Cranking Ampere ကို CCA အစား EN လို့လည်းရေးတတ်ကြပါတယ်။

အဓိပ္ပါယ်ကတော့ European Normal (or) European Norm လို့ဆိုလိုတာဖြစ်ပြီးEuropean Car တွေအတွက် Standard တခုအဖြစ်သတ်မှတ်ထားတာပါ။ CCA နဲ့ ဆိုလိုရင်း အဓိပ္ပါယ်တူတူပဲဖြစ်ပါတယ်။

MCA (or) CA ဆိုတာဘာလဲ ?

MCA (Marine Cranking Amperes) or CA (Cranking Amps) ဆိုတာကတော့ CCA လိုပါပဲ။ ကားစက်စတင် နှိုးလိုက်တဲ့အချိန်မှာ Load (Current) ဆွဲအား ကိုဘယ်လောက်တောင့်ခံနိုင်လဲဆိုတာကို ရည်ညွှန်းတာပါ။CCA နဲ့ဘာကွာသလဲဆိုရင်တော့အပူချိန်ကွာခြားပါတယ်။ CCA ကို -18°C (or) 0°F မှာတိုင်းတာပြီး၊

CA တို့ MCA တို့ကို 0°C မှာတိုင်းတာလို့ပါပဲ။CA (or) MCA တန်ဖိုးဆိုတာကတော့ 0°C မှာ Load အမြင့်ဆုံးဆွဲယူလိုက်တဲ့အခြေနေကိုဘထ္တရီအိုးကနေ 7.2 Volts အောက်မကျအောင်ထိန်းထားပေးရင်းအချိန် 30 Seconds အထိတောင့်ခံထားနိုင်တယ်လို့ဆိုလိုပါတယ်။

ပတ်ဝန်းကျင်က အပူချိန်တန်ဖိုးတွေကလည်းဘထ္တရီအိုးရဲ့ Chemical Reaction တွေကို ပြောင်းလဲစေပြီး CCA တန်ဖိုးတွေကို 2 ဆလောက်ထိတိုးတာလျော့တာစတဲ့သက်ရောက်မှုတွေရှိပါတယ်။ဒါကြောင့် 730 CCA ရှိတဲ့ဘထ္တရီကို MCA တန်ဖိုးနဲ့ကြည့်မယ်ဆို 950 MCA တန်ဖိုးလောက်ရှိတာတွေ့ရမှာဖြစ်ပါတယ်။

HCA ဆိုတာဘာလဲ ?

ဘထ္တရီအိုးတွေမှာပါတတ်တဲ့ HCA ဆိုတာကတော့ (Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီးအပူချိန် 26.7°C မှာ အမြင့်ဆုံးထုတ်ပေးနိုင်တဲ့Current (Amps) ကို 7.2 Volts အထိ ထိန်းညှိရင်း 30 Seconds ထိကြာအောင် တောင့်ခံပေးထားတာကိုဆိုလိုတာပါပဲ။

PHCA ဆိုတာဘာလဲ ?

PHCA ဆိုတာကတော့ (Pulse Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီး Motor Racing လို့ခေါ်တဲ့ ပြိုင်ကားတွေမှာ အသုံးပြုတဲ့ အမျိုးအစားကိုဆိုလိုတာပါ။-18°C အခြေနေမှာရှိတဲ့ ဘထ္တရီအိုးရဲ့ အမြင့်ဆုံး Current ဆွဲအားကို 5 Seconds အတွင်းထိန်းထားနိုင်ခြင်းကိုဆိုလိုတာပါ။ပေါ့ပါးပြီး အရွယ်အစားသေးတဲ့ဘထ္တရီအိုးအမျိးအစားတွေဖြစ်ပြီး

စက္ကန့်ပိုင်းအနည်းငယ်လေးအတွင်း ကားအင်ဂျင်စက်နှိုးမှုကို အမြင့်ဆုံး ထောက်ပံ့ပေးဖို့ အသုံးပြုကြတာဖြစ်ပါတယ်။ကားအင်ဂျင်အမျိုးအစား၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ အစရှိတဲ့ လောင်စာသုံးစွဲမှု အမျိုးအစား၊ အင်ဂျင်အကြီးအသေး တွေပေါ်မူတည်ပြီး စက်စနှိုးချိန်မှာ Load ဆွဲယူသုံးစွဲမှု အနည်းအများကွာခြားမှာပါ ။

ဘထ္တရီအိုးတွေဟာ သုံးစွဲတာ သက်တမ်းကြာလာတာနဲ့အမျှ သူ့မှာပါဝင်တဲ့ CCA တန်ဖိုးတွေက ကျဆင်းသွားပါတယ်။တဖြည်းဖြည်း ဆိုးရွားလာပြီးစက်နှိုးတဲ့အချိန် အီလာတာကစလို့ နောက်ဆုံးစက်လုံး၀ နှိုးမရတဲ့အထိဖြစ်လာနိုင်ပါတယ်။ဒီလိုဆိုအသစ်လဲလှယ်ပေးဖို့လိုအပ်နေပါပြီ။

ဒါကြောင့် ဘထ္တရီအသစ် လဲလှယ်သည့် အခါတိုင်းကားထုတ်လုပ်တဲ့ကုမ္ပဏီကသတ်မှတ်ပေးလိုက်တဲ့ တန်ဖိုးနဲ့တူညီတဲ့ တန်ဖိုးရှိတဲ့ ဘထ္တရီများကို လဲလှယ် ပေးခြင်းဖြင့်ဘထ္ထရီအိုးသက်တမ်းကို ရာနှုန်းပြည့်အပြည့်အ၀ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။Credit To LYNN ZA NEE (P.T.U) ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *