တစ်ပတ်အတွင်းပြန်ကျလာတဲ့ ပြည်တွင်းရွှေစျေး

တစ်ပတ်အတွင်းပြန်ကျလာတဲ့ ပြည်တွင်းရွှေစျေး

ဗဟိုဘဏ်သတ်မှတ်ဒေါ်လာဈေးနဲ့ ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ဧပြီ ၈ရက်မှာYGEAအသင်းက ဆုံးဖြတ်ခဲ့ပေမဲ့ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ပြည်တွင်းရွှေဈေးကကျပ် ၂,၀၈၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဧပြီ ၂၈ ရက် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးက တကျပ်သားကို ကျပ် ၂,၀၁၈,၀၀၀ ဖြစ်ပြီးတပတ်အတွင်း ကျပ် ၇၀,၀၀၀ ဝန်းကျင်ဈေးပြန်ကျဆင်းခဲ့ပါတယ်။

အသင်းရဲ့ သတ်မှတ်အဖွင့်ဈေး အကျကြမ်းခဲ့ပေမဲ့ ရန်ကုန်မြို့ရွှေဆိုင်တွေရဲ့အဖွင့်ဈေးကတော့ ဈေးအကျနည်းခဲ့ပါတယ်။ရန်ကုန်တိုင်းအတွင်းကရွှေဆိုင်တချို့မှာ ဒီနေ့မနက်ပိုင်းက ကျပ် ၂,၀၃၀,၀၀၀ ကနေ ကျပ်၂,၀၅၀,၀၀၀ ကြား ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်နေကြပြီးတဆိုင်နဲ့တဆိုင် ဈေးကွာခြားမှုတွေ ရှိခဲ့ပါတယ်။

လတ်တလော ကမ္ဘာ့ရွှေဈေးကလည်း ကျဆင်းနေသလို ပြည်တွင်းဈေးကွက်မှာလည်း ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း သတ်မှတ်ပြီးနောက်ရွှေဈေး အတက်အကျများခဲ့ပြီးဈေးကွက်တည်ငြိမ်မှုမရှိခဲ့သလို ရွှေဆိုင်တွေအနေနဲ့လည်းဈေးကွက်အဖွင့်ဈေး သတ်မှတ်ဖို့ ခက်ခဲနေကြတာပါ။

ရန်ကုန်ရွှေအသင်းအနေနဲ့ လက်ငင်းစနစ်နဲ့သာအရောင်းအဝယ်ပြုလုပ်ကြဖို့ ရွှေလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးရွှေအရောင်းအဝယ် စာရင်းကိုလည်း တစုံတရာအငြင်းပွားမှုဖြစ်ပါကဖြေရှင်းနိုင်ဖို့ ကောက်ယူထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြည်တွင်းမီဒီယာတခုကို ပြောကြားထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိအောင်၊ ရွှေဈေးနှုန်း တည်ငြိမ်အောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ကိုလည်း စီစဉ်နေတယ်လို့ဆိုထားပါတယ်။

တစ္ပတ္အတြင္းျပန္က်လာတဲ့ ျပည္တြင္းေ႐ႊေစ်း(Zawgyi)

ဗဟိုဘဏ္သတ္မွတ္ေဒၚလာေဈးနဲ႔ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ဖို႔ ဧၿပီ ၈ရက္မွာYGEAအသင္းက ဆုံးျဖတ္ခဲ့ေပမဲ့ အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိဘဲ ျပည္တြင္းေ႐ႊေဈးကက်ပ္ ၂,၀၈၆,၀၀၀ အထိ ေဈးႏႈန္းျမင့္တက္ခဲ့ပါတယ္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ရဲ႕ ဧၿပီ ၂၈ ရက္ အကယ္ဒမီ မီးလင္းေ႐ႊ အဖြင့္ေဈးက တက်ပ္သားကို က်ပ္ ၂,၀၁၈,၀၀၀ ျဖစ္ၿပီးတပတ္အတြင္း က်ပ္ ၇၀,၀၀၀ ဝန္းက်င္ေဈးျပန္က်ဆင္းခဲ့ပါတယ္။

အသင္းရဲ႕ သတ္မွတ္အဖြင့္ေဈး အက်ၾကမ္းခဲ့ေပမဲ့ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြရဲ႕အဖြင့္ေဈးကေတာ့ ေဈးအက်နည္းခဲ့ပါတယ္။ရန္ကုန္တိုင္းအတြင္းကေ႐ႊဆိုင္တခ်ိဳ႕မွာ ဒီေန႔မနက္ပိုင္းက က်ပ္ ၂,၀၃၀,၀၀၀ ကေန က်ပ္၂,၀၅၀,၀၀၀ ၾကား ေဈးဖြင့္ အေရာင္းအဝယ္ ျပဳလုပ္ေနၾကၿပီးတဆိုင္နဲ႔တဆိုင္ ေဈးကြာျခားမႈေတြ ရွိခဲ့ပါတယ္။

လတ္တေလာ ကမာၻ႔ေ႐ႊေဈးကလည္း က်ဆင္းေနသလို ျပည္တြင္းေဈးကြက္မွာလည္း ဗဟိုဘဏ္က ေဒၚလာေငြလဲႏႈန္း သတ္မွတ္ၿပီးေနာက္ေ႐ႊေဈး အတက္အက်မ်ားခဲ့ၿပီးေဈးကြက္တည္ၿငိမ္မႈမရွိခဲ့သလို ေ႐ႊဆိုင္ေတြအေနနဲ႔လည္းေဈးကြက္အဖြင့္ေဈး သတ္မွတ္ဖို႔ ခက္ခဲေနၾကတာပါ။

ရန္ကုန္ေ႐ႊအသင္းအေနနဲ႔ လက္ငင္းစနစ္နဲ႔သာအေရာင္းအဝယ္ျပဳလုပ္ၾကဖို႔ ေ႐ႊလုပ္ငန္းရွင္ေတြကို ၫႊန္ၾကားထားၿပီးေ႐ႊအေရာင္းအဝယ္ စာရင္းကိုလည္း တစုံတရာအျငင္းပြားမႈျဖစ္ပါကေျဖရွင္းႏိုင္ဖို႔ ေကာက္ယူထားတယ္လို႔ အသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ျပည္တြင္းမီဒီယာတခုကို ေျပာၾကားထားပါတယ္။

ဒါ့အျပင္ ျပည္တြင္းမွာ ေ႐ႊကုန္ၾကမ္း ျပတ္လပ္မႈမရွိေအာင္၊ ေ႐ႊေဈးႏႈန္း တည္ၿငိမ္ေအာင္ ျပည္ပကေန ေ႐ႊတင္သြင္းဖို႔ကိုလည္း စီစဥ္ေနတယ္လို႔ဆိုထားပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *