ပြည်တွင်းဆန်နှင့်စပါးစျေးများဆက်လက်မြင့်တက်
ပြည်တွင်းဆန်နှင့်စပါးစျေးများဆက်လက်မြင့်တက်
စျေးကွက်အတွင်း ဆန်အ၀င်နည်းပြီး၀ယ်လိုအားများနေတာကြောင့် ပြည်တွင်းမှာဆန်နဲ့ဆန်ကွဲစျေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်စျေးကွက်ပေါက်စျေးတွေနဲ့ယှဥ်ရင်ပြည်ပပို့ဆန်ကြမ်းနဲ့ဆန်ကွဲအပါအ၀င်ပြည်တွင်း စားသုံးမှုများတဲ့ဆန်ချောစျေးတွေ
အမျိုးအစားအလိုက် ၁ အိတ်ကို ကျပ် ၅၀၀ ကနေ ၂၀၀၀ ၀န်းကျင်ထိ စျေးမြင့်တက်လာပါတယ်။ဧရာ၀တီတိုင်းစျေးကွက်မှာစပါးစျေးကသင်္ကြန်မတိုင်ခင်စျေးထက်တင်း ၁၀၀ ကို အမျိုးအစား အလိုက်ကျပ် ၁၀၀၀၀ ကနေ ၅၀၀၀၀ အထိစျေးမြင့်တက်လာပါတယ်။
ပုံမှန်အားဖြင့် စပါးအသစ်ပေါ်ချိန် စျေးကျဆင်းလေ့ရှိပေမဲ့ဒီနှစ်မှာတော့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဥ်အဆင့်ဆင့်မှာကုန်ကျစရိတ်တွေ ကြီးမြင့်နေတာ၊သယ်ယူစရိတ်တွေ မြင့်တက်လာတာနဲ့အထွက်နှုန်းလျော့ကျနိုင်တဲ့အခြေအနေတွေကြောင့် စပါးစျေးရော၊ဆန်စျေးကော ထပ်မံမြင့်တက်လာခဲ့ပါတယ်။
တဖက်မှာလည်း နိုင်ငံတကာဆန်စျေး မြင့်တက်နေချိန်ပြည်ပ၀ယ်လိုအားလည်းဆက်လက်အားကောင်းနေပါတယ်။ဆန်အရောင်းဆိုင်လုပ်ငန်းရှင်တဦး“စပါးစျေးတတ်တာကြောင့် ဆန်စျေးအနည်းငယ်တက်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် အခုနှစ် စပါးပေါ်ရာသီမှာစျေးအကျထက် အတက်ဘက်ကိုသာဦးတည်နိုင်တယ်လို့စျေးကွက်လေ့လာသူတွေကသုံးသပ်ထားကြတာပါ။လတ်တလောမှာလည်း ပြည်ပပို့ ဆန်နဲ့ဆန်ကွဲရန်ကုန် (FOB) စျေးနှုန်းတွေထပ်မံမြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ကပုံမှန်ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းမှာတွေ့ရပါတယ်။
“အခုအချိန်က ကုန်ကြမ်းအ၀င်နည်းပြီး ဝယ်လိုအားများနေတော့ Export ဆန်ကြမ်းနဲ့ဆန်ကွဲစျေးတက်နိုင်တယ်”လို့ ဆန်ကုန်သည်တဦးကမှတ်ချက်ပြုပါတယ်။မြန်မာ့ဆန်နဲ့ ဆန်ကွဲကိုတရုတ်၊အိုင်ဗရီကို့စ်၊ နယ်သာလန်နဲ့ ဖိလစ်ပိုင်တို့ကိုအဓိကအများဆုံးတင်ပို့နေပြီး၊
ပြီးခဲ့တဲ့ မီနီဘတ်ဂျတ်ကာလအတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် တင်ပို့နိုင်ခဲ့ကာ ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။
Zawgyi
ပြည်တွင်ဆန်နှင့်စပါးဈေးများဆက်လက်မြင့်တက်
ဈေးကွက်အတွင်း ဆန်အ၀င်နည်းပြီးဝယ်လိုအားများနေတာကြောင့် ပြည်တွင်းမှာဆန်နဲ့ဆန်ကွဲဈေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်ဈေးကွက်ပေါက်ဈေးတွေနဲ့ယှဉ်ရင်ပြည်ပပို့ဆန်ကြမ်းနဲ့ဆန်ကွဲအပါအ၀င်ပြည်တွင်း စားသုံးမှုများတဲ့ဆန်ချောဈေးတွေ
အမျိုးအစားအလိုက် ၁ အိတ်ကို ကျပ် ၅၀၀ ကနေ ၂၀၀၀ ၀န်းကျင်ထိ ဈေးမြင့်တက်လာပါတယ်။ဧရာဝတီတိုင်းဈေးကွက်မှာစပါးဈေးကသင်္ကြန်မတိုင်ခင်ဈေးထက်တင်း ၁၀၀ ကို အမျိုးအစား အလိုက်ကျပ် ၁၀၀၀၀ ကနေ ၅၀၀၀၀ အထိဈေးမြင့်တက်လာပါတယ်။
ပုံမှန်အားဖြင့် စပါးအသစ်ပေါ်ချိန် ဈေးကျဆင်းလေ့ရှိပေမဲ့ဒီနှစ်မှာတော့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်မှာကုန်ကျစရိတ်တွေ ကြီးမြင့်နေတာ၊သယ်ယူစရိတ်တွေ မြင့်တက်လာတာနဲ့အထွက်နှုန်းလျော့ကျနိုင်တဲ့အခြေအနေတွေကြောင့် စပါးဈေးရော၊ဆန်ဈေးကော ထပ်မံမြင့်တက်လာခဲ့ပါတယ်။
တဖက်မှာလည်း နိုင်ငံတကာဆန်ဈေး မြင့်တက်နေချိန်ပြည်ပ၀ယ်လိုအားလည်းဆက်လက်အားကောင်းနေပါတယ်။ဆန်အရောင်းဆိုင်လုပ်ငန်းရှင်တဦး“စပါးဈေးတတ်တာကြောင့် ဆန်ဈေးအနည်းငယ်တက်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် အခုနှစ် စပါးပေါ်ရာသီမှာဈေးအကျထက် အတက်ဘက်ကိုသာဦးတည်နိုင်တယ်လို့ဈေးကွက်လေ့လာသူတွေကသုံးသပ်ထားကြတာပါ။လတ်တလောမှာလည်း ပြည်ပပို့ ဆန်နဲ့ဆန်ကွဲရန်ကုန် (FOB) ဈေးနှုန်းတွေထပ်မံမြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ကပုံမှန်ထုတ်ပြန်တဲ့ ဈေးနှုန်းစာရင်းမှာတွေ့ရပါတယ်။
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *