သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ထက်ပိုထည့်မိရင်ကြုံတွေ့ရမယ့်အချက်(၄)ချက်

သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ထက်ပိုထည့်မိရင်ကြုံတွေ့ရမယ့်အချက်(၄)ချက်

မော်တော်ကားအင်ဂျင်ရဲ့ချောဆီစနစ်မှာအသုံးပြုတဲ့အင်ဂျင်ဝိုင်ပမာဏကအင်ဂျင်အရွယ်အစား၊ အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီးပမာဏကွာခြားကြပါတယ်။အင်ဂျင်ဝိုင်ပမာဏတွေမှာ 3 လီတာ၊ 3.5 လီတာ၊ 4 လီတာ၊ 4.5 လီတာ၊ 5 လီတာ၊ 6 လီတာ၊ 7 လီတာစသည်ဖြင့်အသီးသီးကွာခြားကြပါတယ်။

ဒါကြောင့် အင်ဂျင်အမျိုးအစားနှင့်အရွယ်အစားပေါ်မူတည်ပြီးသတ်မှတ်ချက်ပမာဏအတိုင်းထည့်ပေးရတာဖြစ်ပါတယ်။အင်ဂျင်ဝိုင်ပမာဏကိုတိုင်းတာစစ်ဆေးဖို့ အတွက်အင်ဂျင်ဝိုင်ဂိတ်တံ (Engine Oil Dipstick) မှာLOW (L) နှင့် FULL (F) ဆိုတဲ့အမှတ်ပါရှိပြီး

FULL (F) ဆိုတဲ့အမှတ်ထိအင်ဂျင်ဝိုင်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။F ဆိုတဲ့ အမှတ်ထက်ကျော်အောင်မဖြည့်သင့်သလို L ဆိုတဲ့အမှတ်အောက်ရောက်အောင်လည်းမလျော့နည်းရပါဘူး။L ဆိုတဲ့ အမှတ်အောက်ကျသွားတဲ့အခါအင်ဂျင်ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သလို

F (FULL) ဆိုတဲ့အမှတ်ထက်ကျော်လွန်ပြီးဖြည့်ပါကလည်းအင်ဂျင်ပျက်စီးစေနိုင်တာကြောင့်အင်ဂျင်ဝိုင်ပိုထည့်မိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

၁။ ကျောက်ဆန်ကာပိတ်ခြင်း

အိတ်ဇောလိုင်းမှာတပ်ဆင်ထားတဲ့ကျောက်ဆန်ကာဆိုတာအိတ်ဇောငွေ့ထဲက အန္တရာယ်ရှိစေနိုင်တဲ့ဓါတ်ငွေ့များကို ပြောင်းလဲပေးတာဖြစ်ပါတယ်။အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါ အင်ဂျင်မီးလောင်ခန်းကိုလည်း အင်ဂျင်ဝိုင်ရောက်စေတဲ့အတွက် အိတ်ဇောငွေ့ထဲမှာအင်ဂျင်ဝိုင်များပါဝင်လာကာကျောက်ဇကာကိုပိတ်စေနိုင်ပါတယ်။

ကျောက်ဆန်ကာပိတ်တဲ့အခါ ကျောက်ဆန်ကာအပူလွန်ကဲပြီး ကားမီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

၂။ ဆီးလ်နဲ့ ဂတ်စကက်များ ပျက်စီးခြင်း

အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါ ကရိုင်းရှပ်လည်ပတ်မှုကြောင့် အင်ဂျင်ဝိုင်လိုင်း လေခိုမှုအပြင် အင်ဂျင်ဝိုင်ဖိအားလည်း တိုးလာစေပါတယ်။အင်ဂျင်မှာ အသုံးပြုထားတဲ့ အင်ဂျင်ဝိုင် ဆီးလ်များ၊ ဂတ်စကက်များကအင်ဂျင်ဝိုင်ရဲ့ဖိအား သတ်မှတ်ချက်ထက် ကျော်လွန်လာတဲ့အခါယိုစိမ့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် အင်ဂျင်ပူလီဝိုင်ဆီးလ် (Pulley Oil Seal) နဲ့ အင်ဂျင်နောက် မိန်းဝိုင်ဆီးလ် (Main Oil Seal) တို့ ဆီယိုစိမ့်ကာ ပျက်စီးစေနိုင်ပါတယ်။

၃။အင်ဂျင်ပျက်စီးစေခြင်း

အင်ဂျင်ဝိုင်ပမာဏနည်းရင် ချောဆီပေးအစိတ်အပိုင်းတွေ ပျက်စီးစေနိုင်တယ်ဆိုတာကို အားလုံးနားလည်ထားကြပေမယ့်အင်ဂျင်ဝိုင်ပမာဏ များရင် ပျက်စီးနိူင်တယ်လို့ ဆိုတဲ့အခါ အားလုံးအံ့သြသွားကြပါလိမ့်မယ်။

အင်ဂျင်ဝိုင်ပမာဏကသတ်မှတ်ချက်ထက်များနေတဲ့အခါကရိုင်းရှပ် (Crankshaft) က အင်ဂျင်ဝိုင်ထဲ မြုပ်နေပါလိမ့်မယ်။အင်ဂျင်နှိုးလို့ ကရိုင်းရှပ် လည်ပတ်တဲ့အခါအင်ဂျင်ဝိုင်တွေကို လှုပ်ခါမွှေနှောက်နေတဲ့အတွက် အမြုပ်တွေထကာအင်ဂျင်ဝိုင်လိုင်းလေခိုစေပြီးချောဆီကောင်းစွာမရောက်ရှိခြင်းကြောင့် အစိတ်အပိုင်းတွေ ပျက်စီးစေနိူင်ပါတယ်။

၄။ပလပ်များ အင်ဂျင်ဝိုင်စိုခြင်း

အင်ဂျင်ဝိုင်ပမာဏ များသွားတဲ့အခါအင်ဂျင်မီးလောင်ခန်းအတွင်း မီးပေးနေတဲ့ ပလပ် (Spark Plug) တွေကို အင်ဂျင်ဝိုင်စိုသွားကာမီးကူးအား ကျသွားတဲ့အခါ အင်ဂျင်စလိုးမငြိမ်ခြင်း၊ အင်ဂျင်မစ်ဖိုင်းယားဖြစ်ခြင်းနှင့် အင်ဂျင်နှိုးမရတဲ့ အဆင့်ထိဖြစ်စေနိုင်ပါတယ်။

အင်ဂျင်ဝိုင်လဲတဲ့အခါ မိမိကားအင်ဂျင်နှင့်ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ပမာဏအတိကျကို ထည့်ပေးသင့်ပါတယ်။အင်ဂျင်ဝိုင်ပမာဏအတိကျကိုကားပိုင်ရှင်လက်စွဲ (Owner Manual) မှာထည့်သွင်းရေးမှတ်ထားသလိုကျွမ်းကျင်စက်ပြင်ဆရာကိုလည်း မေးမြန်းနိုင်ပါတယ်။

အင်ဂျင်ဝိုင်လဲတဲ့အခါ သတ်မှတ်ပမာဏကို လဲပေးခြင်းဖြင့် မလိုလားအပ်တဲ့ ပြစ်ချက်များကို ရှောင်ရှားနိုင်စေရန် ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။မူရင်းရေးသားသူအား credit ပေးပါတယ်ရှင့် လေးစားလျက်ပါ…

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *