မေလ ပထမပတ်အတွင်း ဝင်ရောက်လာနိုင်တဲ့မုန်တိုင်းနဲ့အတူမိုးဦးလေဦးသတိပြုရန်နှင့် အပူလျော့မိုးတွေလာတော့မည့်ဒေသများ
မေလ ပထမပတ်အတွင်းမုန်တိုင်တစ်လုံးဝင်ရောက်လာနိုင်ပြီး မိုးဦး လေဦးသတိပြုဖို့အတွက် မိုးလေဝသဆရာမလေး စုစုစံမှ ကြိုတင်သတိပေးထုတ်ပြန်ပေးလိုက်ပါတယ်။ထုတ်ပြန်ချက်အရ
၂၀၂၂ မေလ ၆ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခုစတင်စုဖွဲ့နိုင်ပါတယ်။အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံဒေသတော်တော်များများမှာ မိုးတွေရွာဖို့အလားအလားအားကောင်းနေသလို
ပုံမှန်မဟုတ်တဲ့လေစီးတွေဖြစ်ပေါ်နေမှုကြောင့် မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်ကာမိုးဦးလေဦး သတိပြု ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။၂၀၂၂ မေလ ပထမပတ်အတွင်း ရန်ကုန်တိုင်းကြီးမှာ မိုးတွေရွာနိုင်ပြီး အပူလျော့ကျသွားကာရန်ကုန်မြို့ရဲ့မိုးရာသီကိုရောက်ရှိသွားမှာဖြစ်ပါတယ်။
အပူလျော့မိုးတွေလာတော့မည်။ ၂၀၂၂ မေလ ၂ ရက်နေ့ ၃ ရက်နေ့ ရက်တွေမှာ ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း ကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာမေဦးမိုးစတင်ရွာသွန်းလာနိုင်ပြီး
တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက်၂ ဆပိုမိုရွာသွန်းနိုင်ပါတယ်။မေလ ၄ ရက်နေ့ ၅ ရက်နေ့ ၆ ရက်နေ့ ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်တွေ လေဖိအားနည်းလေဝဲရဲ့အထက်လေစီးကြောင်းမှမိုးတွေရွာလာနိုင်ပါတယ်။
ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေလုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ တောင်သူလယ်သမားများစိုက်ပျိုးရေးသမားများကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ ပြည်သူ့အချစ်တော်လေး မစုစုစံမှ ကြိုတင်ခန့်မှန်းပေးထားတာဖြစ်ပါတယ်။
Source:Su Su San
Source:Su Su San