တစ်နိုင်ငံလုံးနေ့အပူချိန် သိသာစွာမြင့်တက်နေပြီးဧပြီလပျမ်းမျှအပူချိန်ထက်အပူချိန်ပိုသောဒေသကြီးများ

တစ်နိုင်ငံလုံးမှာ နေ့အပူချိန်များသိသာစွာမြင့်တက်နေပြီး ဧပြီလပျမ်းမျှအပူချိန်ထက်စစ်ကိုင်းတွင် ၅ ဒီဂရီအထိတိုးလာကာကျန်ဒေသတွေမှာ၃ ဒီဂရီကနေ၄ ဒီဂရီစင်တီဂရိတ်အထိအပူချိန်တွေတိုးလာတယ်လို့ မိုး/ဇလ ကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။




ယနေ့ ဧပြီ ၂၆ ရက်နေ့ မိုး/ဇလရဲ့ နေ့လယ်၂ နာရီထုတ်ပြန်ချက်အရစစ်ကိုင်းတိုင်းတွင်ဧပြီလ၏ပျမ်းမျှအပူချိန်ထက်(၅)ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့သလိုစစ်ကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းနှင့်ကယားတို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ




နေပြည် တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့တယ်လို့ဆိုပါတယ်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီနှင့်ကလေးဝမြို့၊ မုံရွာမြို့၊ ကြေးမုံမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီအထိ အပူချိန် တိုးလာတယ်လို့ဆိုပါတယ်။ကချင်ပြည်နယ်တွင် ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ဆိုပါတယ်။




Zawgyi
