အင်ဒိုနီးရှားနိုင်ငံ၏စားအုံးဆီတင်ပို့မှုရပ်နားလိုက်တဲ့သတင်းများကြောင့် စားအုံးဆီ စျေးမြှင့်ရောင်းချခြင်းနှင့်စျေးကစားရန်သိုလှောင်မှုများမပြုလုပ်ရန်သတိပေး

အင်ဒိုနီးရှားနိုင်ငံ၏စားအုန်းဆီ တင်ပို့မှု မူဝါဒဆိုင်ရာသတင်းများကိုချဲ့ကား၍ ကောလာဟလ သတင်းများ ထုတ်လွှင့်နေမှုအပေါ်စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုအပ်ကြောင်းစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးပြောကြားသည်။




ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌ ယနေ့တွင် စားအုန်းဆီ လက်ကျန် (31,090 ဒသမ 98) တန်၊ ပိဿာချိန် (19,039,805) ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်သို့နေ့စဉ် ပုံမှန်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး
ပြည်ပမှစားအုန်းဆီသင်္ဘောများလည်းပုံမှန်ဝင်ရောက်လျက်ရှိသည်ဟုစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားသည်။ပြည်တွင်း၌ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်းစားအုန်းဆီဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ပြည်သူများ ဝယ်ယူရရှိစေရေးတို့အတွက်




စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း




စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။ပြည်ပမှ တင်သွင်းလာသည့်စားအုန်းဆီများဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက်ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်မှုကိုအခြေခံ၍
တွက်ချက်ရရှိသည့် ရည်ညွှန်း လက်ကားဈေးနှုန်းကိုအပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ယနေ့မှ မေ – ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး တစ်ပိဿာ လက်ကား ရည်ညွှန်းဈေးနှုန်းကို ငွေကျပ် ၅၆၂၀ ဖြစ်သည်ဟုသိရသည်။




Zawgyi
အင္ဒိုနီးရွားႏိုင္ငံ၏စားအုံးဆီတင္ပို႔မႈရပ္နားလိုက္တဲ့သတင္းမ်ားေၾကာင့္ စားအုံးဆီ ေစ်းျမႇင့္ေရာင္းခ်ျခင္းႏွင့္ေစ်းကစားရန္သိုေလွာင္မႈမ်ားမျပဳလုပ္ရန္သတိေပး

အင္ဒိုနီးရွားႏိုင္ငံ၏စားအုန္းဆီ တင္ပို႔မႈ မူဝါဒဆိုင္ရာသတင္းမ်ားကိုခ်ဲ႕ကား၍ ေကာလာဟလ သတင္းမ်ား ထုတ္လႊင့္ေနမႈအေပၚစားသုံးသူျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္စရာမလိုအပ္ေၾကာင္းစီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကအသိေပးေျပာၾကားသည္။
ျပည္တြင္း စားအုန္းဆီ သိုေလွာင္ကန္မ်ား၌ ယေန႔တြင္ စားအုန္းဆီ လက္က်န္ (31,090 ဒသမ 98) တန္၊ ပိႆာခ်ိန္ (19,039,805) က်န္ရွိရာ ျပည္တြင္းစားသုံးရန္ လုံေလာက္မႈရွိေၾကာင္းႏွင့္ အနယ္နယ္အရပ္ရပ္သို႔ေန႔စဥ္ ပုံမွန္ျဖန႔္ျဖဴး ေရာင္းခ်ေပးလ်က္ရွိၿပီး
ျပည္ပမွစားအုန္းဆီသေဘၤာမ်ားလည္းပုံမွန္ဝင္ေရာက္လ်က္ရွိသည္ဟုစီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကေျပာၾကားသည္။ျပည္တြင္း၌ စားသုံးဆီ ျပတ္လပ္မႈမရွိေစေရး၊ ျပည္တြင္းစားအုန္းဆီေဈးကြက္တည္ၿငိမ္ေစေရးႏွင့္ ျဖစ္သင့္ျဖစ္ထိုက္သည့္ေဈးႏႈန္းမ်ားျဖင့္ျပည္သူမ်ား ဝယ္ယူရရွိေစေရးတို႔အတြက္
စဥ္ဆက္မျပတ္ ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိၿပီး ျပည္တြင္းေဈးကြက္ အတြင္းေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္မႈမ်ား ျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း
စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကအသိေပး ထုတ္ျပန္ထားေၾကာင္း သိရသည္။ျပည္ပမွ တင္သြင္းလာသည့္စားအုန္းဆီမ်ားေဈးကြက္အတြင္းသို႔ျဖန႔္ျဖဴးေရာင္းခ်ရာတြင္ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈးႏႈန္းမ်ားျဖစ္ေပၚေစေရးအတြက္ကမာၻ႔စားအုန္းဆီေဈးႏႈန္းမ်ားျဖစ္ေပၚမႈကိုအေျခခံ၍
တြက္ခ်က္ရရွိသည့္ ရည္ၫႊန္း လက္ကားေဈးႏႈန္းကိုအပတ္စဥ္ထုတ္ျပန္ေၾကညာေပးလ်က္ရွိရာ ယေန႔မွ ေမ – ၁ ရက္အထိ စားအုန္းဆီ ရန္ကုန္အထိုင္ေဈး တစ္ပိႆာ လက္ကား ရည္ၫႊန္းေဈးႏႈန္းကို ေငြက်ပ္ ၅၆၂၀ ျဖစ္သည္ဟုသိရသည္။