၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး ​​နေကြတ်ခြင်း နှင့်လကြတ်ခြင်းဖြစ်ပေါ်မည်

၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး ​​နေကြတ်ခြင်း နှင့်လကြတ်ခြင်းဖြစ်ပေါ်မည်

၂၀၂၂ ခုနှစ်အတွက် ပထမဆုံးနေကြတ်ခြင်းဖြစ်စဥ်ဟာဧပြီလ ၃၀ ရက်​နေ့မှာဖြစ်​ပေါ်မှာပါ။နေကြတ်ခြင်းဆိုတာနေနဲ့ ကမ္ဘာအကြားကိုလ​ရောက်ရှိပြီး လရဲ့အရိပ်ဟာကမ္ဘာ​ပေါ်သို့ကျ​ရောက်ခြင်းဖြစ်ပါတယ်။

လအရိပ်ကျ​ရောက်တဲ့ ဒေသများမှာ​တော့နေကိုလမှဖုံးကွယ်သွားတာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။နေကြတ်ခြင်းဟာလကွယ်​​နေ့မှာသာဖြစ်တတ်ပြီးလကြတ်ခြင်းက​တော့လပြည့်​နေ့မှာသာဖြစ်​လေ့ရှိပါတယ်။

ဧပြီ ၃၀ ရက်​နေ့မှာလအရိပ်ကျ​ရောက်မည့်(တနည်း)နေကြတ်ခြင်းကိုမြင်ရမည့်ဒေသများက​တော့​တောင်အ​မေရိကတိုက်နဲ့အန္တာတိကတိုက်အကြားဒေသများဖြစ်ပါတယ်။မြန်မာစံ​တော်ချိန်အ​နေနဲ့က​တော့​မေလ(၁) ရက်​နေ့ နံနက် ၁ နာရီ ၁၇ မိနစ် မှ ၅ နာရီ ၇ မိနစ်အတွင်းမှာနေကြတ်မှာဖြစ်လို့ မြင်​တွေ့ရနိုင်မည်မဟုတ်ပါ။

လကြတ်ခြင်းဖြစ်မည့်နေ့က​တော့ ကဆုန်လပြည့်(အမှန်)ဖြစ်တဲ့ ​မေလ ၁၅ ရက်​နေ့မှာဖြစ်ပါတယ်။ လကြတ်ခြင်းဆိုတာလ နဲ့ ​နေအကြားကိုကမ္ဘာ​ရောက်ရှိပြီးကမ္ဘာရဲ့အရိပ်ဟာလ​ပေါ်သို့ကျ​ရောက်ခြင်း ဖြစ်ပါတယ်။

လဟာ ကမ္ဘာအရိပ်စစ်ကျ​ရောက်တဲ့​နေရာကိုဖြတ်သန်းစဥ်မှာကမ္ဘာ့​လေထုကိုဖြတ်သန်းလာတဲ့ ​နေ​ရောင်(အနီ​ရောင်)အလင်းကျ​ရောက်မှု​ကြောင့် လပြည့်လကြီးဟာရုတ်တရက်နီရဲသွားခြင်းဖြစ်ပါတယ်။ (ပုံ)

လကြတ်ခြင်းဖြစ်မည့်အချိန်ဟာမြန်မာစံ​တော်ချိန်အရမေလ ၁၆ ရက် နံနက် ၈ နာရီ ၅၈ မိနစ် မှ ၁၂ နာရီ ၂၅ မိနစ်အတွင်းဖြစ်တဲ့အတွက်မြင်​တွေ့ရမည်မဟုတ်ပါ။လကြတ်ခြင်းဖြစ်စဥ်ကိုမြင်​တွေ့ရမည့် ​ဒေသများက​တော့

အ​မေရိကတိုက်(​တောင်+​မြောက်)၊ အာဖရိကနဲ့ ဥ​ရောပတိုက်အ​နောက်ပိုင်း​ဒေသများပဲဖြစ်ပါ​တယ်။မြန်မာနိုင်ငံမှ မြင်ရမည့် လအပြည့်ကြတ်ခြင်းက​တော့ ၂၀၂၂ ခု နိုဝင်ဘာလ ၈ ရက်​နေ့မှဖြစ်ပါတယ်။

သန့်ဦး (အာကာသနှင့် စကြဝဠာသင်​ထောက်ကူ)

၂၀၂၂ ခုႏွစ္ရဲ႕ ပထမဆုံး ​​ေနၾကတ္ျခင္း ႏွင့္လၾကတ္ျခင္းျဖစ္ေပၚမည္

၂၀၂၂ ခုႏွစ္အတြက္ ပထမဆုံးေနၾကတ္ျခင္းျဖစ္စဥ္ဟာဧၿပီလ ၃၀ ရက္​ေန႔မွာျဖစ္​ေပၚမွာပါ။ေနၾကတ္ျခင္းဆိုတာေနနဲ႔ ကမာၻအၾကားကိုလ​ေရာက္ရွိၿပီး လရဲ႕အရိပ္ဟာကမာၻ​ေပၚသို႔က်​ေရာက္ျခင္းျဖစ္ပါတယ္။

လအရိပ္က်​ေရာက္တဲ့ ေဒသမ်ားမွာ​ေတာ့ေနကိုလမွဖုံးကြယ္သြားတာကို ျမင္​ေတြ႕ရမွာျဖစ္ပါတယ္။ေနၾကတ္ျခင္းဟာလကြယ္​​ေန႔မွာသာျဖစ္တတ္ၿပီးလၾကတ္ျခင္းက​ေတာ့လျပည့္​ေန႔မွာသာျဖစ္​ေလ့ရွိပါတယ္။

ဧၿပီ ၃၀ ရက္​ေန႔မွာလအရိပ္က်​ေရာက္မည့္(တနည္း)ေနၾကတ္ျခင္းကိုျမင္ရမည့္ေဒသမ်ားက​ေတာ့​ေတာင္အ​ေမရိကတိုက္နဲ႔အႏၲာတိကတိုက္အၾကားေဒသမ်ားျဖစ္ပါတယ္။ျမန္မာစံ​ေတာ္ခ်ိန္အ​ေနနဲ႔က​ေတာ့​ေမလ(၁) ရက္​ေန႔ နံနက္ ၁ နာရီ ၁၇ မိနစ္ မွ ၅ နာရီ ၇ မိနစ္အတြင္းမွာေနၾကတ္မွာျဖစ္လို႔ ျမင္​ေတြ႕ရႏိုင္မည္မဟုတ္ပါ။

လၾကတ္ျခင္းျဖစ္မည့္ေန႔က​ေတာ့ ကဆုန္လျပည့္(အမွန္)ျဖစ္တဲ့ ​ေမလ ၁၅ ရက္​ေန႔မွာျဖစ္ပါတယ္။ လၾကတ္ျခင္းဆိုတာလ နဲ႔ ​ေနအၾကားကိုကမာၻ​ေရာက္ရွိၿပီးကမာၻရဲ႕အရိပ္ဟာလ​ေပၚသို႔က်​ေရာက္ျခင္း ျဖစ္ပါတယ္။

လဟာ ကမာၻအရိပ္စစ္က်​ေရာက္တဲ့​ေနရာကိုျဖတ္သန္းစဥ္မွာကမာၻ႔​ေလထုကိုျဖတ္သန္းလာတဲ့ ​ေန​ေရာင္(အနီ​ေရာင္)အလင္းက်​ေရာက္မႈ​ေၾကာင့္ လျပည့္လႀကီးဟာ႐ုတ္တရက္နီရဲသြားျခင္းျဖစ္ပါတယ္။ (ပုံ)

လၾကတ္ျခင္းျဖစ္မည့္အခ်ိန္ဟာျမန္မာစံ​ေတာ္ခ်ိန္အရေမလ ၁၆ ရက္ နံနက္ ၈ နာရီ ၅၈ မိနစ္ မွ ၁၂ နာရီ ၂၅ မိနစ္အတြင္းျဖစ္တဲ့အတြက္ျမင္​ေတြ႕ရမည္မဟုတ္ပါ။လၾကတ္ျခင္းျဖစ္စဥ္ကိုျမင္​ေတြ႕ရမည့္ ​ေဒသမ်ားက​ေတာ့

အ​ေမရိကတိုက္(​ေတာင္+​ေျမာက္)၊ အာဖရိကနဲ႔ ဥ​ေရာပတိုက္အ​ေနာက္ပိုင္း​ေဒသမ်ားပဲျဖစ္ပါ​တယ္။ျမန္မာႏိုင္ငံမွ ျမင္ရမည့္ လအျပည့္ၾကတ္ျခင္းက​ေတာ့ ၂၀၂၂ ခု ႏိုဝင္ဘာလ ၈ ရက္​ေန႔မွျဖစ္ပါတယ္။

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာသင္​ေထာက္ကူ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *