အဆိပ်ရှိလားမရှိဘူးလား မြွေမြင်တာနဲ့အလွယ်တကူသိနိုင်တဲ့အချက်(၇)ချက်

အဆိပ်ရှိလားမရှိဘူးလား မြွေမြင်တာနဲ့အလွယ်တကူသိနိုင်တဲ့အချက်(၇)ချက်

ကမ္ဘာပေါ်မှာမြွေမျိုးစိတ်ပေါင်းရာချီရှိပြီးအဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေလည်းရှိပါတယ်။ဘယ်သူမဆိုမြွေဆိုတဲ့ သတ္တဝါကို မြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲ သတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာအဆိပ်ရှိမရှိကိုမြင်တာနဲ့သိနိုင်တယ်ဆိုရင်ပိုမကောင်းဘူးလား။

အခုလည်းမြွေကိုကြည့်ရုံဖြင့်အဆိပ်ရှိမရှိသိနိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ။

၁။ မျက်လုံးဟာအဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတယ်။ အဆိပ်ရှိတဲ့မြွေတွေကတော့ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်။ဒါပေမယ့် အာဖရိကမှမြွေဟောက်နက်၊မြွေပွေးမျိုးစိတ်တွေနဲ့တာပန်မြွေတွေကတော့အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်း သူငယ်အိမ်ရှိပါတယ်။

၂။ အပူအာရုံခံပေါက်သည် များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့ နှာခေါင်းကြားအလည်တည့်တည့်မှာသားကောင်တွေကိုအာရုံခံနိုင်မယ့်အပူအာရုံခံပေါက်ပါရှိပါတယ်။

၃။ ပါးပျဉ်းသည်အဆိပ်ရှိတဲ့မြွေအများစုဟာလည်ပင်းသေးငယ်ပြီးတော့ပါးပြင်းခွက်လေ့ရှိပါတယ် ။ အဆိပ်မရှိတဲ့မြွေတွေကတော့ခေါင်းခပ်လုံးလုံးပုံသဏ္ဍာန်ရှိပါတယ်။

၄။ အမြှီး – အဆိပ်မရှိတဲ့မြွေတွေရဲ့အမြှီးဟာအကြေးခွံနှစ်ထပ်ဖြစ်နေလေ့ရှိပြီးအဆိပ်ရှိတဲ့မြွေတွေရဲ့အမြှီးကတော့အရစ်အရစ်ပုံစံမျိုးပေါ်နေလေ့ရှိပါတယ်။

၅။ အရောင် – အဆိပ်ရှိတဲ့မြွေအများစုဟာအလွန်ထင်ရှားတဲ့အရောင်ရှိပြီးတော့ မြင်တာနဲ့သိနိုင်လောက်အောင်တောက်ပတဲ့အရောင်မျိုးတွေရှိပါတယ်။မြွေဟောက်နဲ့ မြက်လျောမြွေတွေကတော့ အရောင်ခပ်မှိုင်းမှိုင်းရှိတတ်ပြီးမြက်လျောမြွေဟာလည်ပင်းမှာအဝါရစ်လေးပါတတ်ပါတယ်။

၆။ အကြေးခွံပုံစံ – မြွေရဲ့အကြေးခွံပုံစံဟာတြိဂံပုံစံမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ဒီမြွေဟာအဆိပ်ရှိတာသေချာနေပါပြီ။

၇။ ရေကူးခြင်း – အဆိပ်ရှိတဲ့ မြွေတွေဟာခေါင်းဖော်ပြီးရေကူးလေ့ ရှိပြီးတော့ အဆိပ်မရှိတဲ့မြွေတွေကတော့ရေအောက်ကိုငုပ်လျိုးပြီးကူးခတ်သွားလာလေ့ ရှိကြပါတယ်။

Credit – Min Thu ( XYZ News )

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *