အခေါက်ရွှေဝယ်ယူစုဆောင်းသူများခြင်းကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ လက်ရှိရွှေစျေးကွက်

ပြည်တွင်း ရွှေစျေးမတည်မငြိမ်ဖြစ်နေခြင်းမှာရန်ကုန်ရွှေဈေးကွက်တွင်အခေါက်ရွှေဝယ်ယူစုဆောင်းသူများနေ၍ဖြစ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်နေကြတယ်လိုဆိုပါတယ်။ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာငွေလဲနှုန်းကိုတစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဟုသတ်မှတ်ထားခဲ့သော်လည်း




ရွှေဈေးကွက်တွင်ယင်းသတ်မှတ်ဈေးဖြင့်ရောင်းချခြင်းမျိုးမပြုလုပ်ဘဲ ရွှေဝယ်သူများကလက်ရှိအပြင်ဒေါ်လာပေါက်ဈေးဖြင့်သာတွက်ချက်၍ဈေးပေးဝယ်ယူနေကြတယ်လို့ သိရှိရပါတယ်။သင်္ကြန်ပြီးနောက်ပိုင်းရန်ကုန်ရွှေဈေးကိုအခေါရွှေတစ်ကျပ်သားလျှင်သိန်း ၂၀ ကျော် ၇ သောင်းဖြင့်ဈေးဖွင့်ခဲ့ခြင်းဖြစ်ပြီး




ဧပြီလ ၂၁ ရက်တွင်တစ်ကျပ်သားလျှင်သိန်း ၂၀၊ ၈ သောင်း ၆ ထောင်ဖြစ်လာကာဧပြီလ ၂၃ ရက်တွင် သိန်း ၂၀ ကျော်၇ သောင်းကျော်ထိဆက်လက်မြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။သင်္ကြန်မတိုင်ခင်မီက အခေါက်ရွှေတစ်ကျပ်သားကိုငွေကျပ်သိန်း ၂၀၄၈၀၀၀ ဖြင့်ရောင်းချခဲ့ပြီး




ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် သင်္ကြန်အပြီး ဧပြီလ ၁၈ ရက်တွင် ရွှေဈေး မဖွင့်နိုင်ခဲ့ဘဲ ဧပြီလ ၂၀ ရက်ကျမှသာ ဖွင့်သည့်ဈေးကို တရားဝင်ထုတ်ပြန်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Zawgyi
အေခါက္ေ႐ႊဝယ္ယူစုေဆာင္းသူမ်ားျခင္းေၾကာင့္ မတည္မၿငိမ္ျဖစ္ေနတဲ့ လက္ရွိေ႐ႊေစ်းကြက္

ျပည္တြင္း ေ႐ႊေစ်းမတည္မၿငိမ္ျဖစ္ေနျခင္းမွာရန္ကုန္ေ႐ႊေဈးကြက္တြင္အေခါက္ေ႐ႊဝယ္ယူစုေဆာင္းသူမ်ားေန၍ျဖစ္ႏိုင္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားက သုံးသပ္ေနၾကတယ္လိုဆိုပါတယ္။ဗဟိုဘဏ္ကအေမရိကန္ေဒၚလာေငြလဲႏႈန္းကိုတစ္ေဒၚလာလွ်င္ ၁၈၅၀ က်ပ္ဟုသတ္မွတ္ထားခဲ့ေသာ္လည္း
ေ႐ႊေဈးကြက္တြင္ယင္းသတ္မွတ္ေဈးျဖင့္ေရာင္းခ်ျခင္းမ်ိဳးမျပဳလုပ္ဘဲ ေ႐ႊဝယ္သူမ်ားကလက္ရွိအျပင္ေဒၚလာေပါက္ေဈးျဖင့္သာတြက္ခ်က္၍ေဈးေပးဝယ္ယူေနၾကတယ္လို႔ သိရွိရပါတယ္။သၾကၤန္ၿပီးေနာက္ပိုင္းရန္ကုန္ေ႐ႊေဈးကိုအေခါေ႐ႊတစ္က်ပ္သားလွ်င္သိန္း ၂၀ ေက်ာ္ ၇ ေသာင္းျဖင့္ေဈးဖြင့္ခဲ့ျခင္းျဖစ္ၿပီး
ဧၿပီလ ၂၁ ရက္တြင္တစ္က်ပ္သားလွ်င္သိန္း ၂၀၊ ၈ ေသာင္း ၆ ေထာင္ျဖစ္လာကာဧၿပီလ ၂၃ ရက္တြင္ သိန္း ၂၀ ေက်ာ္၇ ေသာင္းေက်ာ္ထိဆက္လက္ျမင့္တက္လာေနခဲ့တာျဖစ္ပါတယ္။သၾကၤန္မတိုင္ခင္မီက အေခါက္ေ႐ႊတစ္က်ပ္သားကိုေငြက်ပ္သိန္း ၂၀၄၈၀၀၀ ျဖင့္ေရာင္းခ်ခဲ့ၿပီး
ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္အသင္းအေနျဖင့္ သၾကၤန္အၿပီး ဧၿပီလ ၁၈ ရက္တြင္ ေ႐ႊေဈး မဖြင့္ႏိုင္ခဲ့ဘဲ ဧၿပီလ ၂၀ ရက္က်မွသာ ဖြင့္သည့္ေဈးကို တရားဝင္ထုတ္ျပန္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။