စက်သုံးဆီစျေးနှုန်းများပုံမှန်အတိုင်းပြန်ဖြစ်အောင်ထိန်းချုပ်နေတယ်လို့ကြောညာပြီး၅ရက်အကြာပထမဆုံးအကြိမ်အဖြစ်ဈေးနှုန်းတွေကျဆင်း တိုင်းဒေသကြီးအလိုက်စက်သုံးဆီစျေးနှုန်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီန.စ.က အနေနဲ့ စက်သုံးဆီဈေးနှုန်းကို ပုံမှန်အတိုင်းဖြစ်အောင်ထိန်းချုပ်နေတယ်လို့ ကြေညာပြီး ၅ ရက်အကြာဒီကနေ့ ဧပြီ ၂၃ ရက်မှာပထမဆုံးအကြိမ်အဖြစ်ဆီဈေးနှုန်းတွေကျဆင်းလာပါတယ်။
ဒီကနေ့ ဧပြီ ၂၃ ရက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ဦးစီးဌာနနဲ့ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းပြီးစက်သုံးဆီရောင်းချရမယ့်ရည်ညွှန်းဈေးကိုထုတ်ပြန်လာပါတယ်။




စက်သုံးဆီဆိုင်တွေအနေနဲ့ 92 တစ်လီတာကို ၁၈၃၀ ဒသမ ၄၂ မှ ၁၉၂၆ ဒသမ ၅၀ ကျပ်အတွင်း၊ 95 တစ်လီတာကို ၁၈၈၉ ဒသမ ၇၆ မှ ၁၉၈၇ ဒသမ ၆၄ ကျပ်အတွင်း၊ HSD (500 PPM) တစ်လီတာကို ၂၁၁၀ ဒသမ ၉၈ မှ ၂၂၁၅ ဒသမ ၅၃ ကျပ်အတွင်း၊
HSD (50 PPM) တစ်လီတာကို ၂၁၃၈ ဒသမ ၅၀ ကျပ်မှ ၂၂၄၃ ဒသမ ၈၈ ကျပ်အတွင်း နဲ့ HSD (10 PPM) တစ်လီတာကို ၂၁၃၈ ဒသမ ၅၀ ကျပ်မှ ၂၂၄၃ ဒသမ ၈၈ ကျပ်အတွင်း ရောင်းချရမယ်လို့ ဆိုပါတယ်။




သတ်မှတ်ရည်ညွှန်းဈေးအတိုင်းမရောင်းချဘဲ ဈေးနှုန်းတိုးမြှင့်ရောင်းချတဲ့ စက်သုံးဆီဆိုင်တွေကို တိုင်ကြားနိုင်ပြီး အရေးယူဆောင်ရွက်မယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကစတင်ပြီး သီလဝါမှာ စက်သုံးဆီပြတ်လပ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး
ဧပြီ ၁၉ ရက်နေ့ကစကာဆီဆိုင်တွေမှာတန်းစီသူတွေများပြားကာဆီကိုအချိုးကျနဲ့သာ ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်




ဧပြီလ၂၃ရက်နေ့ယနေ့ တိုင်းဒေသကြီးအလိုက်စက်သုံးဆီအရောင်းစျေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်။
ရန်ကုန်
ဓာတ်ဆီ (92) တစ်လီတာ 1925 ကျပ်၊ (95) တစ်လီတာ 1985 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2215 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2245 ကျပ်
မန္တလေး
ဓာတ်ဆီ (92) တစ်လီတာ 1980 ကျပ်၊ (95) တစ်လီတာ 2110 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2265 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2305 ကျပ်




နေပြည်တော်
ဓာတ်ဆီ (92) တစ်လီတာ 1965 ကျပ်၊ (95) တစ်လီတာ 2080 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2260 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2300 ကျပ်
စစ်ကိုင်း
ဓာတ်ဆီ (92) တစ်လီတာ 2000 ကျပ်၊ (95) တစ်လီတာ 2130 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2285 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2325 ကျပ်
တမူးမြို့
ဓာတ်ဆီ (92) တစ်လီတာ 2095 ကျပ်၊ (95) တစ်လီတာ 2210 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2360 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2400 ကျပ်




ညောင်ဦးမြို့
ဓာတ်ဆီ (92) တစ်လီတာ2025ကျပ်၊ (95) တစ်လီတာ 2155 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2325 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2375 ကျပ်
မကွေးမြို့
ဓာတ်ဆီ (92) တစ်လီတာ 2000 ကျပ်၊ (95) တစ်လီတာ 2130 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2310 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2360 ကျပ်




တောင်ကြီးမြို့
ဓာတ်ဆီ (92) တစ်လီတာ 2030 ကျပ်၊ (95) တစ်လီတာ 2165 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2395 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2435ကျပ်
မွန်ပြည်နယ် မော်လမြိုင်မြို့
ဓာတ်ဆီ (92) တစ်လီတာ 1985 ကျပ်၊ (95) တစ်လီတာ 2095ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2280 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2315ကျပ်
ဧရာဝတီတိုင်း ပုသိမ်မြို့
ဓာတ်ဆီ (92) တစ်လီတာ 1955 ကျပ်၊ (95) တစ်လီတာ 2085 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2250 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2280 ကျပ်




ကချင်ပြည်နယ် ဗန်းမော်မြို့
ဓာတ်ဆီ (92) တစ်လီတာ 2095 ကျပ်၊ (95) တစ်လီတာ 2225 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 2390 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 2435 ကျပ်
ဧပြီ 23 ရက်နေ့ စျေးနှုန်းများဖြစ်ပြီး အချိန်နဲ့အမျှအပြောင်းအလဲရှိနိုင်ပါသည်။