မြန်မာတစ်နိုင်ငံလုံး မေလထဲမှာမိုးဦးစွာရရှိပြီးရွာသွန်းမြဲထက် ၂ဆ၃ဆ မိုးပိုပိုရွာသွန်းနိုင်သောဒေသကြီးများ

လာမယ့် မေလမှာ မြန်မာတစ်နိုင်ငံလုံး မိုးဦးစောစွာရရှိပြီး ရွာသွန်းမြဲထက်၂ ဆ၊၃ ဆ ပိုမိုရွာသွန်းနိုင်သောဒေသများအတွက်မိုးလေဝသဆရာမလေး စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။ခန့်မှန်းချက်အရ ၂၀၂၂ မေလ မှာ မြန်မာတစ်နိုင်ငံလုံးမှာမိုးဦးစောစွာရရှိနိုင်ပြီး




မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းဒေသတွေမှာရွာသွန်းမြဲထက် ၂ ဆပိုမိုရွာသွန်းနိုင်ပြီး
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမပေါ်တွင်လည်း ရွာသွန်းမြဲထက် ၂ ဆ ပိုမိုရွာသွန်းနိုင်သဖြင့်




မုန်းဆည် ကြီးအုံကြီးဝဆည် မန်းဆည် စလင်းဆည် အိုင်းမဆည် တွေလည်း စီးဝင်ရေအားကောင်းနိုင်ပါတယ်လို့ဆိုပါတယ်။
ဧရာဝတီမြစ်ဖျားပိုင်း ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်သဖြင့် ဧရာဝတီမြစ်ရေ အထူးသတိပြုရမည့်လဖြစ်တယ်လို့ မိုးလေဝသဆရာမလေး စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားတာဖြစ်ပါတယ်။




လာမယ့် မေလမှာ မြစ်ချောင်းအနီးနေထိုင်သူများ၊ အနိမ့်ပိုင်းရေဝင်ရောက်နိုင်သည့်နေရာများတွင် ကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ ကြိုတင်သတိပေးနှိုးဆော်အပ်ပါသည်။
Source: စုစုစံ (မိုးလေဝသ)




မြန်မာတစ်နိုင်ငံလုံး မေလထဲမှာမိုးဦးစွာရရှိပြီးရွာသွန်းမြဲထက် ၂ဆ၃ဆ မိုးပိုပိုရွာသွန်းနိုင်သောဒေသကြီးများ(Zawgyi)