လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့နယ်တွင်းရှိ (၁၀)မြို့နယ်လျှပ်စစ်မီး ယာယီပြတ်တောက်မည်

လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့နယ်တွင်းရှိ (၁၀)မြို့နယ်လျှပ်စစ်မီး ယာယီပြတ်တောက်မည်

လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်အပါအဝင် ရန်ကုန်မြို့နယ်အချို့ လျှပ်စစ်မီး ယာယီပြတ်တောက်မည့်မြို့နယ်များကို YESC မှ ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဉီးစီးဌာန၊ လှော်ကားပင်မဓာတ်အားခွဲရုံတွင်အသစ်တည်ဆောက်လျှက်ရှိသော 230/33/11kV, 150MVA TR Bank.5 အားဓာတ်အားချိတ်ဆက်အသုံးပြုနိုင်ရန်အတွက်

လှော်ကားပင်မဓာတ်အားခွဲရုံတွင် 230/33/11kV, 150MVA TR Bank.5 အား 33kV Bus-A, Bus-B Dropper များချိတ်ဆက်တပ်ဆင်ခြင်း၊ လှော်ကားပင်မဓာတ်အားခွဲရုံတွင် 230/33/11kV, 150MVA TR Bank.1 နှင့် Bank.2 တို့အတွက် 33kV Main D/S အသစ်တပ်ဆင်နိုင်ရန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို

(၂၄.၄.၂၀၂၂)ရက်နေ့(၁၀:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုသို့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂၃၀ ကေဗွီ၊ လှော်ကားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေး ထားသည့်

အင်းစိန်မြို့နယ်၊

မင်္ဂလာဒုံမြို့နယ်၊

ထောက်ကြန့်မြို့နယ်၊

လှည်းကူးမြို့နယ်၊

အင်းတိုင်မြို့နယ်၊

ဒါးပိန်မြို့နယ်၊

ဖောင်ကြီးမြို့နယ်တစ်မြို့နယ်လုံး၊

ရွှေပြည်သာမြို့နယ်၊

ရွှေလင်ပန်းမြို့နယ်နှင့်

မှော်ဘီမြို့နယ် တို့ရှိနေရာအချို့တွင်ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့်အရေးကြီးနေရာများ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်” တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *