ဆံပင်ကျွတ်ခြင်းကင်းပြီးနတ်မှောင်သောဆံကေသာကိုပိုင်ဆိုင်ဖို့ဒီနည်းလေးသုံးကြည့်ကြစို့

ဆံပင်ကျွတ်ခြင်းကင်းပြီးနတ်မှောင်သောဆံကေသာကိုပိုင်ဆိုင်ဖို့ဒီနည်းလေးသုံးကြည့်ကြစို့

ဆံပင်မကျွတ်တော့ပဲ နက်မှောင်ဆံကေသာပိုင်စေရာဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်း မြန်မာဟန် ဆံကေသာအတွက် နည်းလမ်းလေး မျှဝေလိုက်တာပါ။

(၁) မြင်ခွာရွက်ညှစ်ရည်လက်ဖက်ရည်ကြမ်းပန်းကန်(၁)လုံးခန့်

(၂) ငှက်ပျောပင်မှအရည်လက်ဖက်ရည်အကြမ်းပန်းကန် (၁)လုံးခန့်

(၃)ကွမ်းရွက်လက်ဖက်ရည်အကြမ်းပန်းကန်(၁)လုံးကြိတ်မှန်ရွက်ပါထည့်နိုင်ကပိုပြီးကောင်းပါသည် ။

ထိုအရွက်(၃)ပါး ရရှိသောညှစ်ရည်ကိုပုလင်းလေးထဲထည့်ပြီး ဦးရေပြားအတွင်းသို့ စိမ့်ဝင်အောင် လိမ်းကျံပေးခြင်းဖြစ်ပါသည်။နေ့တိုင်း ဇွဲရှိရှိ လိမ်းကျံ ကြည့် ပါ။

ဆံပင်ကျွတ်၍စိတ်ညစ်ရသူများ၊ဆံပင် နီကြန်ကြန် ဖြစ်သူများ၊ဆံပင်ပင်မသန်သူများ၊ထိပ်ပြောင်သူတို့ အတွက်အလွန်ထိရောက်သောနည်းလမ်းလေးဖြစ်ပါသည်။ဆံပင်အတွက်စိတ်ညစ်နေသူများ လက်တွေ့လုပ်ဆောင်ကြည့်ပါ။

ငှက်ပျောပင်မှငှက်ပျောရည်ကိုဟင်းခပ်ဇွန်းမြီးလေးဖြင့်ပင်ခြေကိုထိုပြီးခွက်လေးဖြင့်ခံလျှင်ငှက်ပျောရည်ကိုရရှိပါသည်။ထိုသို့ မဟုတ်ပါကငှက်ပျောလက်ကိုဓါးဖြင့်ဖြတ်လျိုကျပါအရည်များကျလာပါလိမ့် မယ်။

ခေတ်မီဆေးဝါး များနှင့် ဆံပင် သန်ဆေး၊ဆံပင်နက် ဆေးများ ဝယျယူ သုံးစွဲ နိုင်ရန် အခက်တွေ့သူများအတွက်ပဲ ဖြစ်ပါသည်။လုပ်တွေ့လုပ်ကြည့်ပါကဆံပင်အတွက်အလှခက်နေသူများပင်ကိုယ်အလှပြန်၍ ရပါလိမ့်မည်။

နက်မှောင်သေချာဆံကေသာတို့ ပြန်လည် ပိုင်ဆိုင် ကြပါစေ။မှုရင်းတင်သူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

ဆံပင်ကျွတ်ခြင်းကင်းပြီးနတ်မှောင်သောဆံကေသာကိုပိုင်ဆိုင်ဖို့ဒီနည်းလေးသုံးကြည့်ကြစို့(Zawgyi)










Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *